Friday, May 17, 2013

သင်းကွဲဝသာန်

လမိုက်ညရဲ.သန်းခေါင်ယံမှာ
သင်းကွဲ ငှက်ငယ် ပျံဝဲနေစဉ်
မိုးသားမှိုင်းညို
တိမ်
အငြိုးမဲ့ရွာချ မိုးစက်တွေက
သနားကြင်နာ ညှာတာကင်းမဲ့
ရက်စက်တက်သူ မိုးချစ်သူ
မင်းရဲ. အမုန်းဒဏ်ခတ်
သက်သေပြချက်တွေလား.......................?
မိန်းကလေးရယ်။
                              
                               (ဖန်းခါးမြေ)နှင်းအောင်

LOVE Frent

ငါတို.တစ်တွေ
အတိတ်ဘ၀ရေစက်ကြောင့်
ဒီဘ၀မှာ လာဆုံဆည်းရင်း
တစ်ယောက်နဲ. တစ်ယောက်
စလိုက်နောက်လိုက်
ရယ်မောလိုက်ရင်း
ပျော်ရွှင်မှုတွေ.နဲ.
အချိန်ကုန်စေခဲ့တယ်............
ခွဲခွါမှုဆိုတဲ့ နေ.တစ်နေ.ကိုရောက်လို.
ငါတို.တစ်တွေ
ခွဲခွါခြင်းဆိုတဲ့ အသိနဲ.
တစ်ယောက်ကိုတစ်ယောက်
ဖက်ကာပွေ.နမ်း   မလွတ်တမ်းပေါ့
တစ်ယောက်နဲ.တစ်ယောက်
နှစ်သိမ့်မှုတွေပေးပြီး
လက်ပြနှုတ်ဆက်ထွက်ခွါသွားတော့
သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ.
နောက်ဆုံးအကြည့်ဖြင့်ကြည့်ကာ
ငါ့ရင်ထဲ နက်ရှိုင်းစွာ တွေးရင်း
သြော်..................ဘ၀ ဆိုတာ
ဒီလိုပါလားလို.
ငါ့ကိုငါပြန်မေးမိတယ်
                  သူငယ်ချင်းများစွာ
                                     
                                                (ဖန်းခါးမြေ) နှင်းအောင်

မညီးညူတဲ့အချစ်


နွေအခါ  လေလာလို့ 
ကြွေလာတဲ့  ရွက်ဝါကို
မြင်လို့ ပဲဖြစ်ဖြစ် ။

မိုးအခါ  မိုးရွာလို့ 
ကျလာတဲ့ မိုးရေကို
မြင်လို့ ပဲဖြစ်ဖြစ်။

ဆောင်းအခါ မြောက်လေမှာ
ဝေ့လာတဲ့ မြူငွေ့ ကို
မြင်လိုပဲဖြစ်ဖြစ်။

နှစ်သစ် နဲ့ နှစ်ဟောင်း
ခညောင်းလို့  တိုက်ဆိုင် ခဲ့ရင်
အကြိမ်တစ်ရာ မဟုတ်တောင်
တစ်ကြိမ် တစ်ခါတော့
သတိရနေပါ...............ချစ်သူ။

               (ဖန်းခါးမြေ)  နှင်းအောင်

ဥယျာဉ်မှူး

ဘ၀ တစ်ခုလုံးကို အရင်းတည်
မျှော်လင့် ခြင်းတွေနဲ. တူးဆွ
ချစ်ခြင်းတွေကို မျိုးစေ့ချပြီး
အတ္တ နဲ. မာနတွေကို ရှင်းလင်း
အနစ်နာခံ ပေးဆပ်ခြင်းများစွာကို
မြေသြဇာ အဖြစ် ကြွေး(ကျွေး)ခဲ့တာတောင်
ဥပေဏ္ခအသီးတွေဘဲ သီးလာတာ
ငါ...........ရင်နာတယ်

       (ဖန်းခါးမြေ)  နှင်းအောင်

မျှော်လင့်ချက် မိုးတိမ်


ဘ၀တစ်ခုရဲ.
အစိတ်အပိုင်း
ဘ၀တစ်ခုမို.
ငါမျက်ရည်ကျခဲ့ဘူးတယ်
ရှေ.ဆက်မရတဲ့
ငါ့ဘ၀ အတွက်
နောက်ဆုတ်ဖို.လည်း
မဖြစ်နိုင်ဘူးလေ
စကားလုံးတောင် ကျယ်ကျယ်
မပြောရဲဘူး
မျှော်လင့်ချက်များနှင့်
ရှင်သန်နေသူကို
ရူးစေလောက်တဲ့
အရာတွေ
မထားရစ်ခဲ့ပါနဲ့ 
...................တောင်းပန်ပါတယ်
ချစ်သူ.......

                     (ဖန်းခါးမြေ)  နှင်းအောင်

စိုးရိမ်ခြင်းနောက်ဆက်တွဲ


အချစ်တွေကို
ရိုးသားစွာ ဖွင့်ဟ ပြောဆိုပြီးကာမှ
တစ်ခဏလေးတောင် လွမ်းရမှာကို
ကြောက်တယ်
အလွမ်းတွေနဲ အတူထာဝစဉ်
ပျော်ရွင်ပြီးကာမှအတ္တတွေ
အရောင် စိမ်းစိမ်း ဖုံးလွမ်းသွားမှာကိုလည်း
ကြောက်တယ်………..
အဆွေးတွေကို ပေးဆက်ခံစားနေရင်
အပြစ်မဲ့စွာ ရက်စက်သွားမှာကိုလည်း
ကြောက်တယ်……………..
ပစ္စုန်ကို အလေးမထား
အနာဂတ်ကိုလည်းမေ့ပျောက်
ဝဋ်ကြွေး ကံကြမ္မာ အနိုင်ယူတာကြောင့်
သံသရာတကွေ့  မှာ ပြန်လည်ဆုံဆည်းရမှာကို
ကြောက်တယ်…………..


                     (ဖန်းခါမြေ)   နှင်းအောင်

ဝန်ခံပြောဆိုချက်

ဓနမဲ့တဲ့ ချစ်ခြင်းဆိုပေမဲ့
ရိုးသားခြင်းနဲ့  အပြစ်ကင်းစွာ
အယူခံဝင်ခဲ့ ပြီးပြီ
အတ္တဖုံးလွမ်းနေတဲ့
အမှောင်လမ်းတွေမှာလည်း
ခြေညောင်းအောင်လျှောက်ခဲ့ပြီးပြီ
ဘ၀ အတွက် ရိုးသားစွာ
ဖြိုခွင်းခဲ့ ပြီးပြီ
ဘ၀တစ်ခု နွမ်းလျှလျှ နဲ.
လွမ်းနေရလည်း ချစ်သူ
မင်းမျက်နှာ ပြုံးနေတာကြောင့်
ပျော်ရွင်ခဲ့ ပြီးပြီ
အကြောင်းမဲ့စွာ စိမ်းကားရက်စက်
အနိုင်ယူခဲ့လို့ လည်း ၀မ်းနည်းခြင်းနဲ့  အတူ
ကြေကွဲခဲ့ပြီးပြီ
တလောကလုံး အားရအောင်
ချစ်သူရှေ.မှာ မျက်ရည်ကြမပြနိုင်တာကို
ခွင်လွတ်ပေးပါ ……………………ရယ်

                      (ဖန်းခါးမြေ)  နှင်းအောင်

အမေ့ကို တမ်းတခြင်း

အမေ့ဂုဏ်ကို
သတိရတိုင်း မျက်ရည်ဝိုင်း ခဲ့
အမေ့ရဲ့မျက်နှာ မမြင်ရှာပြီ
ရေကြည်လည်း ခန်း (ခမ်း) 
လ၀န်းလည်း ကွယ်
အားလည်း ငယ်မိ 
ကျန်ရှိသား ဆို
ကုသိုလ်ကောင်း မူ ပြုသည့် ခါတိုင်း
မာတာ အမေ ရောက်လေဘဝ
ဘုံဌာနမှ ကုသိုလ်အမျှ
ပေးဝေ (ငှ )သည်
ကောင်း ရာဘ၀ ရောက်စေသော်

           (ဖန်းခါးမြေ)  နှင်းအောင်

လေလွင့်ငှက်

လူတွေရဲ့စိတ်နဲ့ 
တွေဝေတဲ့အတိတ်
ဒဏ်ရာနိမိတ်တွေရှိခဲ့ဖူးတယ်...
လူတစ်ချို့အပြုံးကြောင့်
အရှုံးတွေလည်း ရခဲ့ဖူးတယ်...
လူတစ်ချို့အမုန်းနဲ့လည်း
ငါ...
အိမ်မက်တွေအရည်ပျော်ခဲ့ရဖူးတယ်...
ထားပါတော့...

အိမ်မက်တွေရှေ့ဆက်ခွင့်မရခင်
ငါ....ဒဏ်ရာပြင်းပြင်းရခဲ့တယ်
အတောင်ပဲ့တဲ့ လေလွင့်ငှက်လိုပေါ့.. .။
                                 (ဖန်းခါးမြေ)   နှင်းအောင်

ဆေးသောက်မှားသူ

တစ်ခဏတွေ.ဆုံမူတစ်ခုကို
အိမ်မက်ထဲမှာ ထည့်ပြီး
သတိရခြင်းနဲ. ရောစပ်လိုက်တာ
သံယောဇဉ် တစ်ခု ဖြစ်သွားတယ်
အဲဒီ သံယောဇဉ် ကို ဓာတ်ခွဲခန်းမှာ
အထပ်ထပ် စစ်ဆေး ကြည့်လိုက်တော့
စွမ်းအင်တွေ အပြည့်နဲ.
အချစ်ဆို တဲ့ အားဆေး ဖြစ်သွားတယ်
ထို အားဆေးကို တိတ်တဆိတ်မျိုချမိတဲ့ ကျွန်တော်
အခု ညည
အိပ်မရတော့ဘူးသိလား ……..honey,
                                         
                        (ဖန်းခါးမြေ)                                     နှင်းအောင်

ယုံကြည်ခြင်းရဲ့ အခြားတစ်ဖက်


ယုံကြည်ပါလို.
တိုင်တည်ပြီး ငါမပြောချင်ဘူး
ရင်ခုန်သံတွေ ထပ်တူမကျသရွေ.တော့
တို. ..........ဝေးနေရဦးမှာပဲ
မျှော်လင့်ချက်တွေ တပွေ.တစ်ပိုက်နဲ.
မက်လိုက်တဲ့ အိမ်မက်တိုင်း
နင်စိုးမိုးလွန်းတော့ ငါရူးရပြီ..........ချစ်သူ
အပြစ်မြင်တာမဟုတ်ဘူး
ချစ်ခြင်းကို ကဗျာ စပ်ပြခဲ့တာပါ
အနက်ရှိုင်းဆုံးစကားလုံး
အနှိုင်းမဲ့ သံစဉ်တွေနဲ.
ရင်ခွင်တံခါးမှာ တေးသီခွင်ပေးရင်
ကျေးဇူးဆိုတဲ့ စကား
နားများခါးသွားမလား...................ချစ်သူ

                     
                                                (ဖန်းခါးမြေ)နှင်းအောင်

ထွက်ခွာသူ


နှုက်မဆက်သွားသူတစ်ယောက်ကို
လိုက်ရှာပြီး ပြန်ဆုံဖို.ဆိုတာ
မဖြစ်သလို……………….
ကံမကောင်းချင်း(ခြင်း)တွေ အနန္တ
ပိုင်ဆိုင်ထားတဲ့ နင်
မုန်တိုင်းထန်တဲ့ နှလုံးသား
ကြွေလွင့်ခဲ့ရတာအကြိမ်ကြိမ်ပါပဲ……………
နင်………..ချစ်ခဲ့ရသူတိုင်း
အဝေးကို ထွက်သွားတက်လို.
ဒဏ်ရာတွေ ရင်မှာပြည့်ကျန်ခဲ့တာ
နေသားကျနေပြီလား………….ချစ်သူ
မတွေ.ချင်တော့လို.
ရှောင်ပုန်းပြေးသူကို
အကြင်နာတွေ ရင်မှာ အပြည့်နဲ.
ရင်မနာရက်သူတစ်ယောက်ကတော့
အကြင်နာတွေ ရှိနေသမျှ
ရင်မှာလေ ထာဝစဉ်
စောင့်မျှော်နေဦးမှာလား……………….?
                        (ဖန်းခါးမြေ)   နှင်းအောင်

လိပ်ပြာလေးရဲ့ ချစ်သက်သေ

ထီးကျန်စွာ တစ်ယောက်တည်း
လမ်းထွက်လာတဲ့ အခါ ......... ဘေးမှာ
လိပ်ပြာလေးလို. ပျံဝဲချင်တယ်
အိပ်မရလို. ပျင်းရိနေတဲ့ နေတိုင်း .......
ဘေးမှာ ငှက်က လေးတွေလို.
တေးဆိုပြချင်တယ်
ကိုယ့်နှလုံးဖျန်းပတ်ပြီး ပန်းခင်းကြီး
ဖန်ဆင်ပေးချင်တယ်
............ နဲ. တွေ.လို. ကိုယ် ရူးသွားတာလား
ကိုယ်က တော့ ရူးတယ်ဆိုလည်း
ရူးတာလေးကိုပဲ သိမ်းထားလိုက်မယ်
တကယ်ပါ အချစ်နဲ့ တွေ့ တဲ့လူတိုင်း
ဒီလိုပဲ ရင်ခုန်တက်ကြတာပဲလားလို.
မေးလိုက်ချင်တယ် .......................
ကိုယ့် ရင်ခုန်မိတာ အပြစ်လား
................ ဆိုတဲ့ မိန်းကလေး အတွေ.မှာ
.............. ဆို တဲ့ နှင်းအောင် ကရော
ဘာသားနဲ. ထုစစ်ထားလို.တုန်း
နှလုံးသွေးနဲ. တည်ဆောက်ထားတဲ့
လူးသားတစ်ယောက် ဒီတော့
လှပတဲ့ ..............
တစ်ယောက်ကို အွန်လိုင်းမှာ တွေ.ပြီး ရင်ခုန်မိတာ မဆန်းပါဘူး

                                                               (ဖန်းခါးမြေ)      နှင်းအောင်

December ရဲ့ Happening

ဆောင်းမှာ သဇင်ပွင့် လို့ 
နှင်းပွင့်တွေလည်း ကျနေပြီ
ဆောင်းရာသီနှောင်းလို့  နှင်းပွင့်တွေတောင်
နေရာပြောင်းခဲ့ ရပြီ ဟိုး.......
အဝေးဆီ (မ) ထွက်သွားခဲ့ 
နှစ်ရက်တွေလည်း မနည်း တော့ဘူး
ဆောင်း ကူးလို. (မ) ပြန်မလာ 
နှင်းပွင့် အလည်မှာ ထိုင်ရင်း 
အလွမ်း သီချင်း လေးတွေဆိုညည်း 
(မ) ပြန်လာ ချိန်ကို မျော်ခဲ့ 
အဖော်မဲ့ နေပြီ (မ) ရယ်....... 
အပျော်တွေလွန်လို့  ပြန်လာ ချိန်ကို မေ့ နေပြီလား.....
(မ) တစ်ကြိမ်တစ်ခါတော့ နှင်းပွင့် တွေကို မှာချင်တယ် 
လွမ်း ရတာပင်ပန်းလွန်းလို. 
နှင်း ဆို တဲ့ ကောင်လေ 
ရူးတော့မယ်.....
                                                       ( ဖန်းခါးမြေ) နှင်းအောင်