အရမ်းပဲ သတိရပြီး လွှမ်းဆွေးနေတယ်ဆိုတာ လူတိုင်း သိအောင် ငါ ဘယ်လို လုပ်ရမလဲ လူတိုင်းဆိုတာထက် ချစ်နေတဲ့ကောင်မလေးသိရင်ကျေနက်ပါတယ်
Friday, May 17, 2013
စိုးရိမ်ခြင်းနောက်ဆက်တွဲ
အချစ်တွေကို
ရိုးသားစွာ ဖွင့်ဟ ပြောဆိုပြီးကာမှ
တစ်ခဏလေးတောင် လွမ်းရမှာကို
ကြောက်တယ်
အလွမ်းတွေနဲ အတူထာဝစဉ်
ပျော်ရွင်ပြီးကာမှအတ္တတွေ
အရောင် စိမ်းစိမ်း ဖုံးလွမ်းသွားမှာကိုလည်း
ကြောက်တယ်………..
အဆွေးတွေကို ပေးဆက်ခံစားနေရင်
အပြစ်မဲ့စွာ ရက်စက်သွားမှာကိုလည်း
ကြောက်တယ်……………..
ပစ္စုန်ကို အလေးမထား
အနာဂတ်ကိုလည်းမေ့ပျောက်
ဝဋ်ကြွေး ကံကြမ္မာ အနိုင်ယူတာကြောင့်
သံသရာတကွေ့  မှာ ပြန်လည်ဆုံဆည်းရမှာကို
ကြောက်တယ်…………..
(ဖန်းခါမြေ) နှင်းအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment