ငါ့အပေါ်ပြုမှုခဲ့တာတွေ ပြန်တွေးတိုင်း
နင့်ကိုငါမုန်းတယ်
နင့်ရည်မှန်းချက်အတွက် စတေးခံရတဲ့လူဖြစ်ရတဲ့
ကိုယ့်ကကို အပြစ်ရှာတင်မိတယ်
ချိုသကာအလိမ်တွေ… ကစားကွက်လှတွေ
ယုံကြည်အောင်သရုပ်ဆောင်တတ်တာ ချီကျူးတယ်
အရာရာတိုင်း နင်ပြောတာမှန်တယ်တွေးလောက်အောင်
နင့်ကိုယုံကြည်မိတဲ့ ငါ့ကငါ မျက်နှာပူတယ်
နောက်ကျောမှာ ဓါးရှိမှန်းသိတာတောင်
နင်မဟုတ်ဘူးလို့ တွေးနေသေးတဲ့ ငါ့ကိုနင်ရက်စက်တယ်
နင့်ကိုချစ်နေရက်နဲ့ ငါ့ပါးစပ်က မုန်းတယ်လို့ ပြောခဲ့တာ
နင့်ရဲ့ နယ်ရုပ်အဖြစ်မခံနိုင်တော့လို့
နင်နဲ့ ပတ်သတ်တဲ့ အရာရာတိုင်းမုန်းတယ်လို့ပြောနေတိုင်း
နင့်ကိုအမြဲတွေးနေတုန်းဆိုတာ
နင်နည်းနည်းလေးမှ မသိတော့တာလား
နင်ကတိပေးခဲ့တဲ့
ယနေ့မှစ နှစ်တစ်ရာတိုင် လက်တွဲမယ်စကားကို
ငါပြင်ပေးလိုက်တယ်
ယနေ့မှစ နှစ်တစ်ရာတိုင် နင့်ကိုမေ့နိုင်အောင် ငါကြိုးစားမယ်…………
စိုင်းနော်စိုး
No comments:
Post a Comment