ငါ နင့်ကို ချစ်တာ နင့်ရဲ့ဘေးမှာ ငါတစ်ယောက်တည်း ပေးဆပ်ရင်းနဲ့လေ….
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ ချစ်သူဖြစ်ခွင့်မရခဲ့သေးပါဘူး
ငါနင့်ကို ချစ်တာ ချစ်သူဖြစ်ခွင့်ရရက်နဲ့ နင့်ရက်စက်မှုကို ခံစားရင်းနဲ့ပါ…..
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့အချစ်ဆိုတာကို နင်မသိသေးလို့ပါ
ငါနင့်ကို ချစ်တာ နင့်အချစ်ဆိုတာကို သိနေရက်နဲ့ပါ….
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့ဘ၀အကြောင်းနားလည်မှုမပေးရသေးပါဘူး.....
ငါနင့်ကို ချစ်တာ နင့်ဘ၀အတွက် အားပေးရင်းနဲ့ပါ
နောက်ဆုံး…..မနှိုင်းစမ်းပါနဲ့
လူတစ်ယောက်ကို ချစ်နေရက်နဲ့ တခြားသူကို လက်တွဲထားတဲ့သူနင့်အချစ်ဆိုတာနဲ့
ကိုယ့်ချစ်သူရဲ့ရင်ထဲမှာ တခြားသူရှိနေရက် လက်တွဲမဖြုတ်ချင်တဲ့ ငါ့အချစ်ကိုတောနင်...........

No comments:
Post a Comment