Saturday, January 4, 2014

အတိတ် ရဲ့ အရိပ်

အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။

ဒီလိုပါပဲ ဒီလိုပါပဲ နဲ့
အားတင်းပြီး အားပျက်ခဲ့တာတွေလည်းများပေါ့
ဒါပေမယ့် ဒီလိုပါပဲနဲ့ ဒီလိုပဲ ပြီးဆုံးမေ့ပျောက်ရတုန်း ။

သူတို့ဟာ ကိုယ်မဟုတ်မှန်းသိလိုက်ချိန်ဟာ
သိပ်နောက်ကျသွားတဲ့အခါ အတ္တ မာနတွေ က ခရီးတော်တော်ရောက်နှင့်ပြီ ။

ကျေးဇူးတရားတွေ အထပ်ထပ် အတင်ခံလာရတဲ့အခါ
လောကဟင်းလင်းပြင်မှာ သားကောင်ဖြစ်မှန်းမသိ ဖြစ်လို့
တကယ်တော့လည်း ကိုယ်ဟာ အဆိပ်မရှိတဲ့ သတ္တ၀ါလေးတစ်ကောင်ပဲဖြစ်ချင်တာပါ
ဒါကို ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းလို့ ဆိုနိုင်ပါ့မလား
မပျော်ရွှင်တာကတော့ အဟုတ် ။


အချိန်တွေ ကုန်ခဲလိုက်တာ
အချိန်တွေ ကုန်မြန်လိုက်တာ
ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ
ကျနော်လည်း ဥသြမဆွဲတဲ့ ရထားတစ်စင်းလို
တစ်ဘူတာ ပြီးတော့ နောက်ထပ် တစ်ဘူတာ ဆိုက်ရောက်ဖို့
ခုတ်မောင်နေရင်း ....
အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။


                                     စိုင်းနော်စိုး

No comments:

Post a Comment