ပန်းကလေးတောင်မှ
နမ်းလို့မမွှေးရဘူးကွယ်
ခေါင်းအုံးမှာ ပါးကိုအပ်
မအိပ်တတ်ပါနဲ့ အချစ်ရယ်…
နေထိုးတဲ့အခါ နေပျောက်ကလေးတွေ
ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ
အသားကိုထိနေတာတောင်မှ
စိတ်ထဲမှာ ဘ၀င်မကျချင်ဘူး
လရောင်ကိုလည်း မနာလို
လေပြေကိုလည်း မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သ၀န်တိုတာ
အချစ်ကိုယ့်ကို နားလည်ပါကွယ်…
No comments:
Post a Comment