Monday, July 17, 2017

ငါ မငိုတော့ပါဘူး ကောင်မလေး

မငို​တော့ဘူး...ချစ်​သူ
........................
~~နင်​​နောက်​တစ်​​ယောက်​တွဲ​နေတာ မြင်​မိတဲ့အချိန်​က​ပေါ့
ငါ​လေ အံ့သြ ဝမ်းနည်းလွန်းလို့ ငိုခဲ့ရတယ်​။
နင့်​ကို ​မေးပြန်​​တော့လည်း နင်​က မငြင်းဘဲဝန်​ခံခဲ့တယ်​။
နင့်​ရဲ့အ​ကြောင်းပြချက်​က"သူ့ ကို သနား​နေလို့"တဲ့လား ချစ်​သူရယ်​။
ငါ ဝမ်းနည်းလွန်းလို့ ငိုခဲ့ရပြန်​တယ်​။
"လမ်းခွဲရ​အောင်​ "လို့ ငါ ​ပြောပြန်​​တော့
နင်​ ကဆိုတယ်​"ငါ့ကို တကယ်​ချစ်​တာပါ"တဲ့
အဲ့စကား​ကြောင့်​ ငါ ငိုရပြန်​တယ်​ ချစ်​သူရယ်​။
အဲ့​နောက်​ပိုင်း တို့နှစ်​​ယောက်​ စကား​ကောင်း​ကောင်း ​ပြောလို့မရ​တော့ဘူး။
ငါ့နှုတ်​ထွက်​စကားတိုင်း လမ်းခွဲဖို့ချည်း ဖြစ်​​နေတတ်​သလို
နင်​ ​ပြောတဲ့စကားတိုင်း မဖြစ်​နိုင်​တဲ့ စိတ်​ကူးယဉ်​ပုံပြင်​ချည်း
ဖြစ်​​နေတတ်​တယ်​။
ချစ်​သူ နှစ်​​ယောက်​ကြား ဗျာများ​နေရတဲ့ နင့်​ကိုကြည့်​ပြီး ငါ စိတ်​မ​ကောင်းလို့ ငိုရပြန်​တယ်​။
ငါလည်း ​နေ့တိုင်း စိတ်​ဆင်းရဲ လို့ ငိုရတယ်​။
ကြာ​တော့ ငါ့မျက်​လုံး​လေး​တွေကို ငါအားနာလာတယ်​ ချစ်​သူ။
နောက်​ဆုံး တို့နှစ်​​ယောက်​ ပြဿ     နာ တက်​ပြီး
စကားများကြ​သေးတယ်​​နော်​။
အဲ့​နောက်​ပိုင်း နင့်​ကို ငါ မဆက်​သွယ်​ဘဲ ​နေလိုက်​​တော့တယ်​။
ကိုယ်​အရမ်းချစ်​ရတဲ့ ချစ်​သူ ကို ​မေ့နိုင်​​အောင်​ ကြိုးစားရတာ ဘယ်​​လောက်​ခက်​ခဲလဲ နင်​သိချင်​လား။
ညတိုင်း မျက်​ရည်​ ​တွေနဲ့ အိပ်​စက်​ရတယ်​။
နေ့တိုင်း အလွမ်း​တွေနဲ့ အ​ဖော်​ပြု ရတယ်​။
အမြဲတမ်း သတိရခြင်း​တွေရင်​ဘတ်​ထဲ ပြည့်​နှက်​​နေတာပဲ။
နင့်​ကို သတိရတိုင်း နင့်​ပုံ​လေးနဲ့ စကား​ပြောဖြစ်​တယ်​။စကား​ပြောရင်းနဲ့လည်း ငို မိတယ်​။
နင့်​ကို လွမ်းတိုင်း တို့နှစ်​​ယောက်​ စ ​နောက်​ ခဲ့တာ ပြန်​​တွေးရင်း
မျက်​ရည်​ကျမိတယ်​။
နင့်​ကို သတိရတိုင်း လည်း နင့်​အ​ကြောင်း​တွေ ​တွေးပြီး ငိုမိပြန်​တယ်​။
ငါ့ ရင်​ဘတ်​တစ်​ခုလုံး နာကျင်​ ​ကြေကွဲမှု​တွေ အပြည့်​​ပေါ့။
တစ်​ပါးသူ​တွေ အ​ရှေ့မှာ ဘာမှ မဖြစ်​သလို ဟန်​​ဆောင်​ရတာလည်း လွယ်​တယ်​ ထင်​လား။
ပျော်​ရွှင်​​ယောင်​​ဆောင်​နေရင်း ရယ်​ရတဲ့ ရယ်​သံ​တွေရဲ့ နာကျင်​ ​ခြောက်​ကပ်​မှု​တွေကို ကိုယ်​တိုင်​ခံစားမိ​နေတယ်​။
တွေ​ဝေမှိုင်​​တွေ​နေတဲ့ စိတ်​​တွေကို ထိန်းချုပ်​ ရတာကလည်း
ခက်​ခဲလွန်းတယ်​။
အဲ့အချိန်​တုန်းက အရူးမီးဝိုင်း အရူးတစ်​ပိုင်း​ပေါ့ချစ်​သူရယ်​။
ကြာလာ​တော့လည်း ကိုယ့်​စိတ်​ကို ပြန်​ဆုံးမရင်​ ​နေနိုင်​​အောင်​ကြိုးစားလာခဲ့ရတယ်​။
နင့်​အ​ကြောင်း​တွေ ဝင်​လာရင်​ ငါ့အတွက်​ ဗဟုသုတရ​စေမဲ့
စာအုပ်​​တွေ ဖတ်​လိုက်​တယ်​။
စာအုပ်​​တွေက ငါ့စိတ်​ကို အများကြီး​ပြောင်းလဲ​ပေးသလို
ငါ့ကိုယ်​ငါ လည်း ယုံကြည်​မှု ရှိ​စေခဲ့တယ်​။
ခု ငါ နင့်​​ကြောင့်​ မျက်​ရည်​ မကျ​တော့ဘူး
ချစ်​သူ....

Sunday, July 9, 2017

ကိုယ့်ကျင့် သိက္ခာ

မနေ့ကကျနော် ဆေးလိပ်သွားဝယ်တယ်ဗျ
ဆေးလိပ်တဗူး 4၀၀၀ ကျပါတယ် ကျနော်ပိုက်ဆံ ပေးလိုက်တာက 50000တန်ပါ အဖိုးကြီး
ပြန်ပေးလာတာက 47000 ပါ...

ကျနော်လည်း ပိုက်ဆံအပိုရတာနဲ့ ဆိုင်ကနေ အမြန်လစ်ထွက်ခဲ့ပါတယ် ခြေလေးငါးလှမ်းမျှ
လှမ်းရုံနဲ့ ဆိုင်ရှင်အဖိုးကြီးက "ဟေ့ ကောင်လေး ခဏလာခဲ့ဦးတဲ့" ကျနော်အသဲထိတ်သွားတယ်

ကျနော်ပြန်လှည့်ကြည့်တော့ "ဒီမှာ မင်းဆေးလိပ်ဗူး
မေ့နေလို့ကွ" ကျနော်လည်း ကိုယ့်အပေါ်ကောင်းသူ
တယောက်ကို မလေးစားပဲ မနေနိုင်တာနဲ့ 
"ဦးလေးရော့ဒီမှာ ခဏက ဦးပေးတဲ့ ပိုက်ဆံ ၁၀၀၀ ပိုသွားလို့ပါဗျ"ပိုခဲ့တဲ့ပိုက်ဆံ ပြန်ပေးလိုက်ပါတယ်....

အဖိုးကြီးလည်း ကျနော်စေတနာကို လေးစားသွားပုံ
ရပါတယ် "ကောင်လေး "မင်းလက်ထဲက ဆေးလိပ်ဗူး
ငါ့ကိုပြန်ပေးပါ " သူတောင်းတာနဲ့ ကျနော်လည်းပြန်ပေး
လိုက်တယ် "အဲဒီဆေးလိပ်က အတုကြီးကွ ရော့ဒီမှာ
အစစ်"

ကျနော်လည်း သူ့စေတနာကိုကြည့်ပြီး မျက်ရည်
ပါဝဲမိတယ် "ဦးလေး ကျနော်ပိုက်ဆံ ကျနော့်ကို
ပြန်ပေးပါဗျာ" သူကနားမလည်သလိုလိုနဲ့ ပိုက်ဆံကို
ပြန်ကမ်းပေးခဲ့တယ်  "ဆောရီးပါဦးရာ ဒီ 5၀၀၀၀ တန်က
အတုကြီးဗျ ရော့ဒီမှာ အစစ်ကိုယူလိုက်ပါ"

ဒီလိုနဲ့ ကျနော်လည်း ပြန်ဖို့ ခြေလှမ်းပြင်တုန်း "ကောင်လေးခဏကွာ" မျက်ရည်တွေ ဝဲနေတဲ့
အဖိုးကြီးက..
"နောက်ဆို ပိုက်ဆံအိတ်ကို ကောင်းကောင်း
သိမ်းပါကွာ ခုခေတ်လူတွေက ယုံလို့မရဘူးကွ" သူ့လက်ထဲက ကျနော်ပိုက်ဆံအိတ်ကို ပြန်ပြီး
လှမ်းပေးနေတာကို မြင်ရတယ်...

ကျွန်တော်လည်း သူ့လို လူကောင်းနဲ့တွေ့မှ
ဘာပြောလို့ ပြောရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်
နောက်ဆုံးတော့ "အဲဒီ ဦးလေးက တကယ့်လူကောင်း
တယောက်ပါ ကျနော်တကယ် လေးစားမိတယ်..

ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့ လူတယောက်ကို
ကိုယ်က မကောင်းခဲ့ရင် နောင်ဘဝအတွက် မတွေး
ရက်စရာဆိုပြီး တွေးမိတာနဲ့
"နောက်ဆို ဦးလေးလည်း သတိထားပါ
ခုခေတ်လူတွေက ခြေမြန်လက်မြန်တယ် ဦးလေးလို့
ပြောပြီး အင်္ကျီကြားက သူ့ရဲ့ရွှေလက်ပတ်လေးထုတ်ကာ
"ရော့ဒီမှာ ဦးလေးရဲ့ ရွှေလက်ပတ်"

ဒီလိုနဲ့ သူနဲ့ကျနော် တယောက်ကိုတယောက်
ချီးမွမ်းစကားတွေ အပြန်လှန်ပြောဖြစ်ခဲ့ကြတယ်....

ခုခေတ် လူတွေက ယုံရတာ မဟုတ်ဘူးဗျ
မလစ်နဲ့ လစ်ရင် လစ်သလို လုပ်စားတတ်ကြတယ်...

တော်သေးတာပေါ့ ကျနော်တို့ နှစ်ယောက်လုံးက
လူကောင်းတွေ ဖြစ်နေကြလို့ ဒီနေရာမှာ
တခြားလူတွေသာဆို မတွေးရက်စရာပါဗျာ...

Face Book

သေဆုံးသူအကောင့်ကို tagတွဲပြီး
ကောင်းရာသုဂတိ ဆုတောင်းပေးတယ်
ဘုရားပုံပရိုဖိုင်ချိန်းတဲ့အကျိုး သေဆုံးသူအား အမျှဝေ
တရားပို့စ်တွေ Shareတဲ့ကုသိုလ် သေဆုံးသူ ရပါစေ…

Googleမှာ အမိန့်ပြန်တမ်းထုတ်လိုက်တယ်
  " ယနေ့မှစ၍ Internetနဲ့သင် မသက်ဆိုင်တော့ပေ
    သင်သွားလိုရာသွား၍ သုံးလိုရာသုံးပါလေ "

ဝိဥာည်ဟာ သူ့အကောင့်လေးကို ၇ရက်တိတိ နှုတ်ဆက်တယ်
တမလွန်မှာ Wifiမရလို့ ဝိဥာည်စိတ်ညစ်နေရှာ…

--

facebookဖြင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒေသနာတော် တည်ဆောက်အံ့
ဆရာတော်ဘုရား အကောင့်မှာ ဒါယိကာ followerသိန်းကျော်နဲ့
ဥပုဉ်နေ့တိုင်း Liveလွှင့်ပြီး သီလပေးတယ်
ဒါယိကာ ဒါယိကာမ followerအပေါင်း သူတော်ကောင်းတို့
ဟမ်းဆက်လေး ရှေ့ချပြီး
ခြေလက် နဖူး တံတောင်ဒူး ထိခြင်းငါးဖြာ
သီလLiveအဆုံးမှာ Commentနဲ့ သာဓုသုံးကြိမ်…
ကုသိုလ်အဖို့ငှာ အသည်းပုံlikeများ ဆပ်ကပ်ပါ၏
နတ်လူသာဓု Shareစေသော်ဝ်…

ဘုရားစင်ပေါ်မှာ
သစ်သီးစိမ်းနဲ့ ထီလက်မှတ်အပြင် ဟမ်းဆက်ပါ တိုးလာတယ်
ဖုန်း ကာဗာဟာ ၂၄ပစ္စည်း စတေကာနဲ့…

---

" အခါတော်ပေးတာက နတ်ရေးတဲ့ ရွှေဖူးစာ "
ဟိုကောင်လေးနဲ့ ဟိုအကောင့်က ကောင်မလေး မင်္ဂလာဆောင်ပဲ
လော်စပီကာ မသုံးဘူး
ခန်းမ မငှားဘူး
facebookပေါ် မင်္ဂလာသီချင်း Videoဖိုင်တွေ တင်တယ်
facebookပေါ် ရေခဲမုန့်နဲ့ကိတ်မုန့်ပုံ ဧည့်ခံတယ်
မင်္ဂလာဘိသိတ် liveလွှင့်သလို
ကောင်းချီးသြဘာ Commentတွေ ပလူပျံခဲ့…

likeအရေတွက်ဟာ မင်္ဂလာဆောင်ရဲ့ စည်ကားမှုပဲ
ဘယ်မင်္ဂလာLiveက likeဘယ်လောက်စည်ကားကြောင်း အပြိုင်အဆိုင်…

---

သမ္မတကြီးPageက ပို့စ်သိပ်မတင်ဘူး
သမ္မတကတော် ဆယ်လ်ဖီ မိုက်တယ်…
နည်းပညာတိုးတက်လာတဲ့ခေတ်မှာ
လွှတ်တော်အဆောက်အုံကြီး ဟိုတယ်ဖြစ်သွားပြီ
လွှတ်တော်ဥက္ကဌအကောင့်မှာ ပုံမှန်အစည်းဝေး ပို့စ်ရှိတယ်
အမတ်မင်းများကလွဲ အခြားအကောင့်များ Commentပိတ်တယ်
ပို့စ်နဲ့အဆိုတင်သွင်းသလို ပို့စ်နဲ့ကန့်ကွက်ကြ
လိုအပ်ရင် အမတ်များCommentနဲ့ မဲခွဲဆုံးဖြတ်တယ်…
ဟမ်းဆက်ကုမ္မဏီတွေဟာ အမတ်မင်းတွေကို စပွန်ဆာပေးတယ်
ဆင်းကဒ်ကုမ္မဏီတွေဟာ လွှတ်တော်ရဲ့မိန်းစပွန်ဆာ
နိုင်ငံတော်အနာဂတ်ဟာ ဖိုင်ဘာဆက်ကြောင်းပဲ…

____

အေးဘုံနဲ့ ညီအမများကွမ်းဆိုင်ဟာ
အောင်မြင်တဲ့ Online Shop ကွမ်းဆိုင်…
မြန်ဆန်တယ် ထုပ်ပိုးမှုသပ်ရပ်တယ်
စားသုံးသူစိတ်ကြိုက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအပြည့်…
အုပ်ချုပ်ရေးမှူးရုံးမှာ ရွာသားတွေအကောင့် အကုန်စာရင်းရှိတယ်
facebook IDတင်ဖို့ ရပ်ကွက်ထောက်ခံစာလုပ်ရမယ်…
တရားခံရဲ့ ပုန်းအောင်းရာကိုသိဖို့
စခန်းမှူးဟာ တရားခံအကောင့်ကို See firstလုပ်လိုက်တယ်…
တရားခံက လူလည်ပဲ
GPSပိတ်ပြီး စခန်းမှူးကို Blockတယ် …
စခန်းမှူးခမျာ Pinky Babie Cute Lay အကောင့်တုနဲ့Addမှ
တရားခံသဲလွန်စ ရရှာ…
မှုခင်းကျဆင်းရေး သတိပေးလှုံ့ဆော်ဖို့
ဆယ်လီအကောင့်တွေမှာ ဆောင်းပါးတွေ တင်ပေးကြ…
လိုအပ်ရင်
facebookကို အညိုရောင်နယ်မြေကြေငြာပြီး
ညမသုံးရ မာရှယ်လောအမိန့် ထုတ်ပြန်ရမယ်…

__

facebookဖြင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်အံ့

ဟုတ်တယ်…
ဇူကာဘတ်ရဲ့ ကျေးဇူးတော်ပဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ဖို့
တစ်ထောင်တန်ဘေကဒ်လေး ခဲခြစ်လိုက်တယ်
ဘေကုန်သွားလည်း ဘာအရေးလဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ဖို့
*500#ကို ထပ်နှိပ်လိုက်တယ် ။ ။

__________________________________________