Sunday, September 1, 2013

နာလည်းပေးတက်တဲ့ ချစ်သူ

တစ်ချို့အချစ်တွေက ချစ်တာကို
ပဲသိကြပြီး နားလည်မှုဆိုတာမရှိ
တတ်ကြဘူး...

တစ်ချို့အချစ်တွေက တစ်ဘဝ
လုံးစာအတွက်ရည်ရွယ်ထားပါ
တယ်တဲ့ မျက်ရည်ကျအောင်

ခဏခဏလုပ်တတ်ကြတယ်...
တစ်ချို့အချစ်တွေက အရာ
အားလုံးထက်တန်ဖိုးထားပါတယ်
တဲ့ စိတ်ဆိုးကြတဲ့အခါတိုင်း
ဥပေက္ခာပြုထားတတ်ကြတယ်...

တစ်ချို့အချစ်တွေက ချစ်လွန်းလို့
တန်ဖိုးထားပေးတာကို ငါလုပ်
ချင်ရာလုပ်လို့ရတယ်လို့ထင်
တတ်ကြတယ်...

တစ်ချို့အချစ်တွေက "ချစ်သ
ကောင်း"ဆိုတဲ့စကားတစ်ခွန်းရဲ့
နောက်ကွယ်မှာ သူစိတ်ချမ်းသာ
ဖို့အတွက်လိုက်ရောညီထွေနေ
ပေးတတ်ကြပါတယ်...

No comments:

Post a Comment