Tuesday, October 15, 2013

အသဲကွဲကဗျာ....

ငါ့ချစ်ခြင်းကို
မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမည်....။

ခြောက်ကပ်ကပ်လည်ချောင်းထဲကနေ
ဆို့ နင့်နင့်သံစဉ်တစ်ချို့ 
ရုန်းကန်ရင်းထွက်လာဖို့ အတွက်
ကြိတ်မှိတ်ပြီးဆိုရအုံးမည်....။

ည နဲ့ နေ့ ပြောင်း
အိပ်မက်တွေဟောင်းသွားလဲ
မေ့ပစ်လို့ မရနိုင်တဲ့
ရူးလောက်စေတဲ့မင်းရဲ့ အပြုံး
ငါမြင်ရောင်နေတုံးပဲ.....။

“နင့်ကိုလုံးဝမချစ်နိုင်တော့ဘူး”တဲ့
အခက်ထန်ဆုံး မင်းရဲ့ စကား
ငါ့နားထဲပေါက်ကွဲသွားခဲ့
မင်းပြောရက်တယ်နော်.....

ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
လည်ချောင်းကအသံသိပ်လို့ 
မျက်နှာ၏လုံးအစုံကို မှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲမှာနေတစ်စင်းအရည်ပျော်သွားတယ်........



                                                       စိုင်းနော်စိုး

No comments:

Post a Comment