ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်မဟုတ်မှန်း
အစကတည်းက ငါတို့ သိခဲ့ကြတယ်လေ.........
နှလုံးသားတွေကတော့ ထုံကျဉ်နေခဲ့ပါပြီ..
တစ်ယောက်နဲ့ တစ်ယောက် တစ်ချိန်ချိန်မှာ ခွဲကြရမယ်ဆိုတာ
လူတိုင်းသိကြပေမယ့်
နင်နဲ့ ငါ့အတွက်တော့
စောလွန်းပါသေးတယ် “ချစ်လေး”ရယ်......
ထီးတစ်ချောင်းအတူဆောင်းပြီး
မိုးရေတွေကြားမှာ လျှောက်သွားဖို့ 
ဆူးလေစေတီရဲ့ လှေခါးထစ်တွေမှာထိုင်ဖို့ 
နင့်ရဲ့ ဆံပင်ပျော့ပျော့လေးတွေကိုရှူပ်ထွေးဖွပြစ်ပြီးကြည်စယ်ဖို့ 
အားငယ်နေတဲ့ ချစ်သူကိုအားပေးနှစ်သိမ့်ဖို့ 
အားလုံးပျောက်ဆုံးသွားခဲ့ပေမယ့်....
နင့်ရဲ့ ပါးပြင်က သနပ်ခါးရနံ့ လေးကတော့
ငါ့ရင်ကို အခုထိအေးမြစေတုန်းပဲ..............။
No comments:
Post a Comment