Wednesday, August 28, 2013

သူငယ်ချင်းတို.
Hi Hello Scraps and Graphics
အရမ်းလွမ်းလိုက်တာ











































ချစ်သူ ရယ်........................Valentines Day Scrapsဖန်းခါးမြေ

သစ္စာမရှိဘူး

အချစ်ဆိုတာ...
အရမ်းချစ်ပြီး အရာရာကိုနားလည်ပေးတတ်တဲ့
လူနဲ့တွေ့တဲ့အခါ "ပေးဆပ်မှု"ပါ...

အချစ်ဆိုတာ...
တစ်ယောက်တည်းမဟုတ်ပဲ နှစ်ဦးနှစ်ဖက်က
အရမ်းချစ်ကြပြီး တစ်ဘ၀လုံးစာအတွက်
လက်တွဲသွားချင်ကြတယ်ဆိုရင် "ရယူလိုခြင်း"ပါ...

အချစ်ဆိုတာ...
ချစ်နေဖို့ပဲသိပြီး နားလည်မှုတွေ ယုံကြည်မှုတွေ
မရှိကြတဲ့အခါ အချစ်က "သစ္စာမရှိဘူး" ဖြစ်သွား
တာပါ...

Miss you Scraps and Graphics တကယ်တော့ အချစ်ရဲ့ဝေါဟာရကရိုးရှင်းပါတယ်
လူတွေကသာ အချစ်ဆိုတာကိုအရောင်ဆိုးနေကြ
တာပါ...
(အချစ်က အလကားပါ အချစ်က သစ္စာ
မရှိဘူးလို့)...

အရာအားလုံးဟာ ချစ်ကြတဲ့ချစ်သူနှစ်ယောက်
အပေါ်မှာပဲ မူတည်တာပါ...

ချစ်သူတွေတိုင်း နားလည်ခွင့်လွှတ်ခြင်းတွေနဲ့
ချစ်နိုင်ကြပါစေ...

ဖန်တီးလို.မ၇တဲ့ အချစ်

Funny Animation Scraps and Graphicsချစ်မိသွားတဲ့အခါသူ့အပေါ်တစ်
ဘဝလုံးပိုင်ဆိုင်နိုင်ဖို့ကြိုးစားပါ
သူမရှိတော့တဲ့အခါကိုယ့်ဘဝမှာ
အဓိပ္ပါယ်မရှိတော့သလိုခံစားရ
တတ်လို့ပါ...

လက်လွှတ်လိုက်ရဖို့အချိန်တန်
လာပြီဆို လွှတ်ချပေးလိုက်ပါ...
အားလုံးနာကျင်ရမှာထက်ကိုယ်
တစ်ယောက်တည်းပဲခံစားလိုက်
ရတာပိုအဆင်ပြေပါတယ်...

တကယ်တော့အချစ်ဆိုတာ
ဖန်တီးလုပ်ယူလို့ရတဲ့အရာ
မဟုတ်ပါဘူး...နှလုံးသားထဲက
သူ့အလိုလိုဖြစ်တည်လာတဲ့အရာ
မျိုးပါ..

ဥပဏ္ခပြု ချစ်သူ

ငါ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့နင်ကစိတ်ဆိုးကြတဲ့အချိန်တိုင်း
 မာနတွေပြိုင်ဖို့အတွက်လား ချစ်သူ...

ငါ့ကိုအရမ်းလွမ်းပါတယ် ဆိုတဲ့
နင်က စိတ်ကောက်ကြပြီဆိုရင် ဥပက္ခာပြုဖို့အတွက်လား ချစ်သူ

အရာအားလုံးထက်တန်ဖိုးထားပါတယ်ဆိုတဲ့နင်က ငါ့ကိုမျက်ရည်
ခဏခဏကျအောင်လုပ်ဖို့
အတွက်လား ချစ်သူ...

ငါ့တစ်ယောက်တည်းကိုပဲချစ်ပါ
တယ်ဆိုတဲ့နင်က ငါ့ထက်သာတဲ့
လူနဲ့တွေ့တဲ့အခါငါ့ကိုတစ်
ယောက်တည်းချန်ထားဖို့
အတွက်ပဲလား ချစ်သူ...

ဝမ်းနည်းမိတယ် ချစ်သူ

ချစ်သူ.……နင် ငါ့ကို ချစ်တဲ့အချစ်တွေက
လေးနက်သလို ငါကလဲ နင့်ကိုငါ့ဘဝတစ်ခုလုံး
အတွက်ရည်ရွှယ်ပီး ချစ်နေမိတာပါ……

ချစ်သူ…… နင် သတိရနေတတ်တဲ့အချိန်တွေ
တိုင်း ငါလဲ နင့်ကိုမေ့နေတာမဟုတ်သလို
နင် ရှိနေတယ်ဆိုတဲ့ အတွေးနဲ့အရာရာကို
ကျော်ဖြတ်နေရတာပါ…………

ချစ်သူ……နင် ငါ့အပေါ် အမြဲတမ်းစိတ်ပူနေ
တတ်သလို ငါကလဲ နင် ဘာတွေဖြစ်နေမလဲ
ဆိုတဲ့စိတ်နဲ့ အချိန်တိုင်းစိုးရိမ်နေမိတာပါ……

ငါတို့တွေစိတ်ဆိုး စိတ်ကောက်ကြတဲ့အချိန်
တိုင်း ငါက နင့်လောက်မှ မချစ်တာဆိုတဲ့
နင့်စကားကြားရတိုင်းငါအရမ်းဝမ်းနည်းမိတယ်
ချစ်သူရယ်……

သ၀န်တိုမှု

ယောင်္ကျင်္ားလေး...
————————
ချိန်းထားတဲ့အချိန်နောက်ကျနေ
လို့စိတ်တိုချင်စိတ်တိုနေမယ်...
ချစ်သူအသံလေးကြားရင်
ပျောက်သွားတတ်ပါတယ်...

ချစ်သူကိုစိတ်ဆိုးချင်စိတ်ဆိုး
မယ်...ကောင်မလေးဆီကချွဲသံ
လေးနဲ့ချော့ကြည်စိတ်ပြေသွား
ကြတာများပါတယ်...

မချစ်သေးခင်မှာဂရုအရမ်းစိုက်
တတ်ပေမဲ့ ချစ်သူတွေဖြစ်သွား
ကြတဲ့အခါ မသိမသာလေးပေါ့
နေတတ်ပါတယ်...

သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ
ကိုယ့်ချစ်သူကိုမေ့နေတတ်ပြီး
ချစ်သူအနားရောက်တဲ့အခါ
အရမ်းချစ်ပြတတ်ပါတယ်

မိန်းကလေး...
——————
ချိန်းထားတဲ့အချိန်နောက်ကျနေ
တဲ့အခါ တစ်ခုခုများဖြစ်နေ
မလားလို့စိတ်ပူတတ်ပြီးရောက်
လာတဲ့အခါစိတ်ကောက်နေ
တတ်ပါတယ်...

အဖြေမပေးရခင်အထိဂရုမစိုက်
သလိုနေချင်နေမယ် အဖြေပေး
ပြီးတဲ့အချိန်ကစပြီးစိတ်ပူနေ
တတ်ပါတယ်...

အရာတိုင်းအချိန်တိုင်းမှာသူ့ကို
ပဲ ဂရုစိုက်မှုပဲပေးခိုင်းစေချင်
တယ်...

ချစ်မိသွားပြီဆိုအရာအားလုံး
ပေးဆပ်ဖို့ဝန်မလေးတတ်ပေမဲ့
မုန်းသွားတဲ့အချိန်ကြရင်လဲ
ဘယ်တော့မှလှည့်မကြည့်တတ်
တဲ့စိတ်တွေရှိတတ်ပါတယ်

တစ်ချို့တစ်ဝက်ခံစားပြီးရေးထားတာလေးပါ ကျန်တဲ့ဟာကိုယ့်
ဟာကိုယ်ဆက်ဖြည့်ကြပါ



ရန်ဖြစ်လိုက်ပြန်ချစ်လိုက်

ချစ်သူနှစ်ယောက်ချစ်ကြတဲ့ အချိန်တွေကြာ
လာတဲ့အခါ ပြသနာတွေဆိုတာခဏခဏဖြစ်
နေတတ်ပါတယ်...

စိတ်ထဲမှာလဲသူငါ့ကိုအရင်တုန်းကထက်ပေါ့
နေတယ်တယ် အရင်တုန်းကလောက်မချစ်
တော့ပါဘူးဆိုတဲ့စိတ်လေးတွေ တွေးနေတတ်ပါတယ်...

တကယ်တော့ချစ်သူနှစ်ယောက်ဖြတ်သန်းနေကြတာ
ဟာပုံမှန်ပါပဲ အချိန်တွေကြာလာတာနဲ့အမျှအချစ်တွေ
တိုးလာခဲ့ကြတာပါ...

စိတ်ဆိုးကြတဲ့အခါ နာကျင်ရတာနှစ်ယောက်စလုံးပါ
ခံစားခဲ့ရတာဟာလဲ နှစ်ယောက်စလုံးပါပဲ...

ဒါပေမဲ့..."မာန"တွေတော့ပါမသွားပါစေနဲ့ ချစ်သူ
နှစ်ယောက်ရဲ့အကြားမှာ "မာန"တွေပါသွားခဲ့ရင်
လမ်းခွဲဖို့ဆိုတာ ခဏလေးပါ...


စိတ်ဆိုးကြပြီးတိုင်းပိုတိုးပြီးချစ်နိုင်ကြပါစေ...





                                                                  ချစ်သူ တိုင်းပေါ့ နော်.....................

ဆန္ဒတစ်ခု

ချစ်သူအတွက်ဆို မိုးရွာတဲ့အခါ
ထီးကလေးဖြစ်ချင်သလို...
နေပူတဲ့အခါ စီးဖို့ဖိနပ်ကလေး
ဖြစ်ချင်တယ်...

ချစ်သူအတွက်ဆို သွားလေရာ
အရိပ်ကလေးတစ်ခုဖြစ်ချင်သလို
သူလိုအပ်တဲ့အချိန်တိုင်းဖြည့်
ဆည်းပေးခွင့်ရတဲ့လူပဲဖြစ်ချင်
တယ်...

ချစ်သူအတွက်ဆိုညဘက်အိပ်
စက်တဲ့အခါအဆင်ပြေပြေလေးအိပ်စက်နိုင်ဖို့မွေ့ယာလေးတစ်ခု
ဖြစ်ချင်သလိုချစ်သူကိုအများကြီး
ချစ်တဲ့လူကငါပဲဖြစ်ချင်တယ်...

တကယ်လိုများသာ ချစ်သူက
လေထုတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
တောင်ငါက သစ်ပင်လေးတစ်

ပင်ပဲဖြစ်ချင်ပါတယ်...
လေတိုက်ရာဘက်ကိုယိမ်းနွဲ့
ချင်လို့ပါ...

Sunday, August 25, 2013

ရင်တွင်းစကားစုလေးများ......

၁။ မိုးစက်တွေတဖွဲဖွဲကျ
ကပိုကရိုလေးနဲ့ လှတဲ့ “ မ ”
အမူရာကတည်ငြိမ်အေးဆေး
လှပတဲ့အပြုံးလေး
သာယာလှတဲ့စကားသံ
နှလုံးသားမှာနေရာယူပြန်...
ဘယ်လိုကြည့်ကြည့်အရမ်းကိုလှ
ကျွန်တော်ချစ်ရသော “ မ ”..

၂။ပိန်းရွက်ရေစို သမာချို
ကမ္မာပြိုမှ မင်းကိုမေ့မယ်နော်........

၃။ရင်ထဲစွဲထင် သူ့ ရိပ်သွင်ကို
မေ့ဖို့ ကြိုးစား မထူးခြားတာမို့ 
ကိုယ်သာမောပန်းနေမိတယ်........

၎။ချစ်သူနှူတ်ခမ်း
လွမ်းလို့  နမ်းသော်

နမ်းရာမထင်
လွမ်းရာထင်၏
ရင်မှာတငြိငြိ ဒဏ္ဍာရီ...........

၅။အလင်းမရ နေမခလို့ 
ကြွေကြပြီး မြေခသွားလည်း
လိုတရအောင် ဖြည့်ဆည်းရင်းနဲ့ 
ငါကတော့မင်းကိုချစ်သွားမှာပါ......


၆။      khent      ဆိုတဲ့ကောင်ညတိုင်း
အလွမ်းရွက်လှေနဲ့ ရွက်လွှင့်လို့ 
ချစ်သူရှိရာဆီ
အိမ်မက်လှလှလေး

Love me or leav...

အမြဲဆက်သချင်ခဲ့တာပါ.....                 
           ဖန်းခါးမြေ
ရင်ခွင်ဆီမှ
တစ်ခုတည်းသော မြတ်နိုးမှုအတွက်
တိတ်တခိုး…………….
ရင်ခုန်မိတဲ့ နှလုံးသားတစ်စုံမှာ
နင်နဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
မြတ်နှိုးစွာ ထွေးပွေ့ရင်း
မျှော်လင့် နေခဲ့သူပါ………….

အကြင်နာတွေ ပြည်နှက်လို့
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
မင်းကို တွေ့ တိုင်း ကပ်ငြိတတ်တဲ့
နှလုံးသားကြောင့်………
ပြောစရာ စကားဟဖို့ 
သတိမရတတ်သူပါ……………

မင်း လက်ခံမယ့်နေ့ 
မျှော်လင့်ရင်း………..
တစ်နေ့ တော့
မင်းရှေ့ အရောက်လာမှာပါ
ချစ်သူ………………………………
                          first kiss

                       ဖန်းခါးမြေ 

“အလွမ်းသင့် ဒီဇင်ဘာ”


မြူမှုန်တွေ ၀ပ်ဆင်း နှင်းကြွင်းစေဖို့လား
မလင်းမချင်းခဲ့တဲ့ ဒီဆောင်း
အလွမ်းတွေ ထပ်လောင်းဖြည့်ရင်တောင်
အချမ်းက ကောင်းဆဲ ...။

အမြင်ရယ် ဝေဝါး မေ့ပျောက်စေဖို့လား
သံစဉ်ရှာမရခဲ့တဲ့ စာသား
ဆောင်းလေရယ် အဝှေ့မှာတင်
အချစ်တွေ ပျောက်ဆုံးသွားခဲ့ပြီ ...။

အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။

ခုတော့ ...
နှင်းလည်းပြယ်ပြီ ဒီဇင်ဘာ


ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။

ဒီလိုနဲ့ပဲ ...
မြူခိုးတွေနဲ့ ညနေခင်းက
တိတ်တဆိတ် နှုတ်ဆက်တယ်
သူတို့ ထွက်ခွာတော့မယ်လေ
ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း
တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး
နောက်ဆုံးတော့
ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ .........

“နှိုင်းယှဉ်ခြင်း ကဗျာ”

အိပ်မက်တခုလိုပါပဲ
ငါ့ဘဝက ပြသဒါးဆန်ခဲ့တယ်
ရက်ရာဇာမဲ့တဲ့ ပြက္ခဒိန်မျိုးရှိရင် ပြောကြပါ
နှိုင်းယှဉ်ချင်လွန်းလို့ပါ
(အခုတော့ကွာ) ...။

ငါဟာ ကျင်းတခု ဖြစ်ပါရဲ့
ဒါနဲ့တောင် ဝင်လာတဲ့ အရာတိုင်း
အလွယ်တကူ ပြန်ထွက်သွားနိုင်ခဲ့တယ်
ဒါဆို ငါ့ရဲ့ နက်ရှိုင်းမှု မလုံလောက်လို့ ဖြစ်မယ် ...။

ငါဟာ လေးတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် မြှားအစင်းစင်း နင်းကန်ထွက်ခွါဖို့အတွက်
ရင်အစုံကို အဟုန်လုပ်ပေးခဲ့ရတယ်
ဒါဆို ငါ့ရဲ့ ဦးညွတ်မှုများသွားလို့ ဖြစ်မယ် ...။

ငါဟာ တံခါးတစ်ချပ် ဖြစ်ပါရဲ့
ဒါနဲ့တောင် ၀င်ထွက်နေကြတဲ့ အရိပ်တွေကို
တားဆီးနိုင်ခွင့် မရှိခဲ့ဘူး
ဒါဆို ငါ့ရဲ့ လုံခြုံပေးနိုင်မှု နဲလို့ဖြစ်မယ် ...။

ငါဟာ ကောင်းကင်တစ်ခု ဖြစ်ပါရဲ့
ဒါနဲ့တောင် တိမ်မည်းတိမ်ညစ်တွေ စိုးမိုးမှုမှာ
နာကျင်စွာ ကျရှုံးခဲ့ရတယ်
ဒါဆို ငါရဲ့ အုပ်မိုးမှု ရပ်ဝန်း သေးသွားလို့ ဖြစ်မယ် ...။

ငါဟာ တံတားတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် ထမ်းပိုးခဲ့ရတဲ့ အချိန်တွေအတွက်
အိုမင်းရင့်ရော်မှုသာ ရခဲ့တယ်
ဒါဆို ငါရဲ့ ဆွေးမြေ့မှု မြန်သွားလို့ဖြစ်မယ် ...။

ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။
                                                                                  ဖန်းခါးမြေ

“အစွန့်ပစ်ခံ လရောင်နှင့်အတူ”

ညက တိတ်ဆိတ်စွာ မဲမှောင်လာပြီ
တစ်ယောက်သောသူက ရောက်မလာခဲ့ဘူး
အချိန်နာရီတွေသာ တိုက်စား
မျှော်လင့်ချက်တွေ ပါးပါးလာတယ် ...။

ဘာပြောနိုင်မှာလဲ
တမ်းတလွမ်းဆွတ်မှုဆိုတဲ့ ရနံ့ကိုမှ
ရှုရှိုက်မိသူ
အိပ်မက်တံခါးဝမှာ လရောင်ကို မျှော်ကြည့်ရုံပေါ့ ...။

ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။

ညမွှေးပန်းတို့ မွှေးပါဧ။်
လအဆင်းလည်း လင်းပါဧ။်
ဒါပေမယ့်
နှလုံးသားက သွေးချောင်းစီးတယ်
မျှော်လင့်တမ်းတ ဒီညက အဓိပ္ပါယ်မဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲ
ဥပေက္ခာတရားရဲ့ စီရင်ချက်အတိုင်းပေါ့
ငါ ကတော့ ...
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ်.................................
                                                                                             
                                                                                                               

ဖန်းခါးမြေ

Friday, August 9, 2013

ဘ၀ လက်တွဲ ဖော်

နှလုံးသားဝေဒနာလေးကို
ပုံမုန်လစာထောင်ငါး၇ာနဲ
ကုသပေးဖို
ဒေါက်တာတစ်ဥိးအလိုရှိသည်*****?
 
                           ပုသိမ်သူလေး=   Chit That