Wednesday, August 28, 2013

ဝမ်းနည်းမိတယ် ချစ်သူ

ချစ်သူ.……နင် ငါ့ကို ချစ်တဲ့အချစ်တွေက
လေးနက်သလို ငါကလဲ နင့်ကိုငါ့ဘဝတစ်ခုလုံး
အတွက်ရည်ရွှယ်ပီး ချစ်နေမိတာပါ……

ချစ်သူ…… နင် သတိရနေတတ်တဲ့အချိန်တွေ
တိုင်း ငါလဲ နင့်ကိုမေ့နေတာမဟုတ်သလို
နင် ရှိနေတယ်ဆိုတဲ့ အတွေးနဲ့အရာရာကို
ကျော်ဖြတ်နေရတာပါ…………

ချစ်သူ……နင် ငါ့အပေါ် အမြဲတမ်းစိတ်ပူနေ
တတ်သလို ငါကလဲ နင် ဘာတွေဖြစ်နေမလဲ
ဆိုတဲ့စိတ်နဲ့ အချိန်တိုင်းစိုးရိမ်နေမိတာပါ……

ငါတို့တွေစိတ်ဆိုး စိတ်ကောက်ကြတဲ့အချိန်
တိုင်း ငါက နင့်လောက်မှ မချစ်တာဆိုတဲ့
နင့်စကားကြားရတိုင်းငါအရမ်းဝမ်းနည်းမိတယ်
ချစ်သူရယ်……

No comments:

Post a Comment