ပန်းဆက်ခံ သတို့သမီးရဲ့ ဒိုင်ယာရီမှာ
ငါ့ရဲ့ အိမ်မက်တွေ တစ်ခန်းရပ်သွားခဲ့တယ် ။
ခမ်းနားခဲ့ဖူးပါတယ်
ရာဇ၀င်တွေ တိုးတိတ် လွမ်းလျှ
မိုးစက် တစ်ပေါက် နှစ်ပေါက်ကြားမှာ
မျက်ရည် စီးသံ ခပ်ဆွေးဆွေးနဲ့
( ဒီ ) ရင်ဘတ်ကြီး ကြိုး ပြတ် ခဲ့ ဖူး တယ် ။
နမ်မီးဆစ် လေးရယ်
သိပ်ချစ်လို့ ထိုးကြွေးခဲ့တာမဟုတ်ဘူး
လက်စားချေမှန်းသိရက်နဲ့
ဘ၀တခုလုံး ပွင့်ထွတ်သွားအောင် ခင်းကျင်း
အပြုံး တစ်ပွင့်အတွက်
ငါ့ အိမ်မက်တွေ လဲလှယ်ပေးခဲ့တာ . . ။
ကျကွဲခဲ့တဲ့ ဒဏ်ရာတွေကို ကောက်ယူရင်း
ကွဲကျခဲ့တဲ့ ဒဏ်ရာတွေက ပြန်ပြန်ရှလို့ . . .
နောက်နေ့ ဆိုတာများရှိခဲ့ရင်
မင်းလက်လေး ငါကိုင်ခွင့်ရချင်ခဲ့တယ် . . . . .
ငါဟာ . . .
. . . . . . . . . . . . . . . .
မလင်းခင်တည်းက မှောင်ခဲ့တဲ့ကောင်မို့
ကောင်းကင်ကြီးကတောင် မိုးမပေးချင်တော့ဘူးတဲ့လေ . . . . .
ဖန်းခါးမြေ စိုင်းနော်စိုး
No comments:
Post a Comment