အဲဒီညက ငါမူးတယ်...
ငါထက်ဦးသူ ရည်ရွယ်သူက
ရှိနေနှင့် တော့ ချစ်မိရလဒ်
" သုည " ကြွင်းပေါ့
နောက် တခွက်နဲ့  ပိုမူးတယ်...
လေးလေးနက် ချစ်ခဲ့မိတော့
ရင်ဘတ်အနာ တခြမ်းပဲ့နဲ့ 
မလွမ်းဖြစ်အောင် ကြိုးစားရင်းပေါ့
လက်ကျန်နေ့ ရက် ရှေ့ထက်ဆက်လို့ 
ညအမှောင် ကမ္ဘာတိုင်းလည်း
ငါ မူးတယ်.......
နင်!! သိလေမလား ချစ်မိသူ~~~
တနယ်စီဝေး ရေမြေခြားလည်း
မတွေ့  တွေ့ အောင် ရောက်အောင်လာခဲ့
နင် !! ရှိတဲ့ အရပ် နင့် မျက်နှာကို
ကဗျာလို ဖတ် အမြုပ်ထတဲ့ Beer တခွက်နဲ့ 
နင် အမြဲဖွင့်တဲ့ ဂျစ်ပစီ မိုးတိမ် သီချင်းထဲမှာ
လွင့်မျောရင်းပေါ့ စကားဖောင်ဖွဲ့  ညကုန်ဆုံးတော့
ပြန်ခဲ့ ရတဲ့ မနက်တိုင်းလည်း
ငါလွမ်းတယ် ........
လေးလေးနက်နက် ပေးခဲ့ မိတဲ့ 
ငါ့ ...လက်ဆောင်မွန် နာရီလေးလည်း
ဖျောက်ဖျက်ပစ်တဲ့ နင် ....
နာပြီးရင်း ရယ်ခဲ့ ရတော့
ပြန်တွေးမိတိုင်း ငါ မူးတယ် . . . .
လေပြေတိုက်ခတ် ကန်ဘောင်ဘေးက
အရက်ဆိုင်လေးထဲ ညစဉ်တိုင်းပေါ့
နင့် ...အကြောင်းတွေးတိုင်း
ငါ...မူးတယ်....
No comments:
Post a Comment