Wednesday, August 28, 2013

သ၀န်တိုမှု

ယောင်္ကျင်္ားလေး...
————————
ချိန်းထားတဲ့အချိန်နောက်ကျနေ
လို့စိတ်တိုချင်စိတ်တိုနေမယ်...
ချစ်သူအသံလေးကြားရင်
ပျောက်သွားတတ်ပါတယ်...

ချစ်သူကိုစိတ်ဆိုးချင်စိတ်ဆိုး
မယ်...ကောင်မလေးဆီကချွဲသံ
လေးနဲ့ချော့ကြည်စိတ်ပြေသွား
ကြတာများပါတယ်...

မချစ်သေးခင်မှာဂရုအရမ်းစိုက်
တတ်ပေမဲ့ ချစ်သူတွေဖြစ်သွား
ကြတဲ့အခါ မသိမသာလေးပေါ့
နေတတ်ပါတယ်...

သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ
ကိုယ့်ချစ်သူကိုမေ့နေတတ်ပြီး
ချစ်သူအနားရောက်တဲ့အခါ
အရမ်းချစ်ပြတတ်ပါတယ်

မိန်းကလေး...
——————
ချိန်းထားတဲ့အချိန်နောက်ကျနေ
တဲ့အခါ တစ်ခုခုများဖြစ်နေ
မလားလို့စိတ်ပူတတ်ပြီးရောက်
လာတဲ့အခါစိတ်ကောက်နေ
တတ်ပါတယ်...

အဖြေမပေးရခင်အထိဂရုမစိုက်
သလိုနေချင်နေမယ် အဖြေပေး
ပြီးတဲ့အချိန်ကစပြီးစိတ်ပူနေ
တတ်ပါတယ်...

အရာတိုင်းအချိန်တိုင်းမှာသူ့ကို
ပဲ ဂရုစိုက်မှုပဲပေးခိုင်းစေချင်
တယ်...

ချစ်မိသွားပြီဆိုအရာအားလုံး
ပေးဆပ်ဖို့ဝန်မလေးတတ်ပေမဲ့
မုန်းသွားတဲ့အချိန်ကြရင်လဲ
ဘယ်တော့မှလှည့်မကြည့်တတ်
တဲ့စိတ်တွေရှိတတ်ပါတယ်

တစ်ချို့တစ်ဝက်ခံစားပြီးရေးထားတာလေးပါ ကျန်တဲ့ဟာကိုယ့်
ဟာကိုယ်ဆက်ဖြည့်ကြပါ



No comments:

Post a Comment