Wednesday, November 15, 2017

True Love လို့အမည်ပေးထားတယ်

True Love Is When A Boy Ask The Girl For A 'Kiss' And The Girl Simply Close Her Eyes And Allow The Boy For A 'Kiss' But The Boy 'Kisses' On 'Forehead'.

Monday, July 17, 2017

ငါ မငိုတော့ပါဘူး ကောင်မလေး

မငို​တော့ဘူး...ချစ်​သူ
........................
~~နင်​​နောက်​တစ်​​ယောက်​တွဲ​နေတာ မြင်​မိတဲ့အချိန်​က​ပေါ့
ငါ​လေ အံ့သြ ဝမ်းနည်းလွန်းလို့ ငိုခဲ့ရတယ်​။
နင့်​ကို ​မေးပြန်​​တော့လည်း နင်​က မငြင်းဘဲဝန်​ခံခဲ့တယ်​။
နင့်​ရဲ့အ​ကြောင်းပြချက်​က"သူ့ ကို သနား​နေလို့"တဲ့လား ချစ်​သူရယ်​။
ငါ ဝမ်းနည်းလွန်းလို့ ငိုခဲ့ရပြန်​တယ်​။
"လမ်းခွဲရ​အောင်​ "လို့ ငါ ​ပြောပြန်​​တော့
နင်​ ကဆိုတယ်​"ငါ့ကို တကယ်​ချစ်​တာပါ"တဲ့
အဲ့စကား​ကြောင့်​ ငါ ငိုရပြန်​တယ်​ ချစ်​သူရယ်​။
အဲ့​နောက်​ပိုင်း တို့နှစ်​​ယောက်​ စကား​ကောင်း​ကောင်း ​ပြောလို့မရ​တော့ဘူး။
ငါ့နှုတ်​ထွက်​စကားတိုင်း လမ်းခွဲဖို့ချည်း ဖြစ်​​နေတတ်​သလို
နင်​ ​ပြောတဲ့စကားတိုင်း မဖြစ်​နိုင်​တဲ့ စိတ်​ကူးယဉ်​ပုံပြင်​ချည်း
ဖြစ်​​နေတတ်​တယ်​။
ချစ်​သူ နှစ်​​ယောက်​ကြား ဗျာများ​နေရတဲ့ နင့်​ကိုကြည့်​ပြီး ငါ စိတ်​မ​ကောင်းလို့ ငိုရပြန်​တယ်​။
ငါလည်း ​နေ့တိုင်း စိတ်​ဆင်းရဲ လို့ ငိုရတယ်​။
ကြာ​တော့ ငါ့မျက်​လုံး​လေး​တွေကို ငါအားနာလာတယ်​ ချစ်​သူ။
နောက်​ဆုံး တို့နှစ်​​ယောက်​ ပြဿ     နာ တက်​ပြီး
စကားများကြ​သေးတယ်​​နော်​။
အဲ့​နောက်​ပိုင်း နင့်​ကို ငါ မဆက်​သွယ်​ဘဲ ​နေလိုက်​​တော့တယ်​။
ကိုယ်​အရမ်းချစ်​ရတဲ့ ချစ်​သူ ကို ​မေ့နိုင်​​အောင်​ ကြိုးစားရတာ ဘယ်​​လောက်​ခက်​ခဲလဲ နင်​သိချင်​လား။
ညတိုင်း မျက်​ရည်​ ​တွေနဲ့ အိပ်​စက်​ရတယ်​။
နေ့တိုင်း အလွမ်း​တွေနဲ့ အ​ဖော်​ပြု ရတယ်​။
အမြဲတမ်း သတိရခြင်း​တွေရင်​ဘတ်​ထဲ ပြည့်​နှက်​​နေတာပဲ။
နင့်​ကို သတိရတိုင်း နင့်​ပုံ​လေးနဲ့ စကား​ပြောဖြစ်​တယ်​။စကား​ပြောရင်းနဲ့လည်း ငို မိတယ်​။
နင့်​ကို လွမ်းတိုင်း တို့နှစ်​​ယောက်​ စ ​နောက်​ ခဲ့တာ ပြန်​​တွေးရင်း
မျက်​ရည်​ကျမိတယ်​။
နင့်​ကို သတိရတိုင်း လည်း နင့်​အ​ကြောင်း​တွေ ​တွေးပြီး ငိုမိပြန်​တယ်​။
ငါ့ ရင်​ဘတ်​တစ်​ခုလုံး နာကျင်​ ​ကြေကွဲမှု​တွေ အပြည့်​​ပေါ့။
တစ်​ပါးသူ​တွေ အ​ရှေ့မှာ ဘာမှ မဖြစ်​သလို ဟန်​​ဆောင်​ရတာလည်း လွယ်​တယ်​ ထင်​လား။
ပျော်​ရွှင်​​ယောင်​​ဆောင်​နေရင်း ရယ်​ရတဲ့ ရယ်​သံ​တွေရဲ့ နာကျင်​ ​ခြောက်​ကပ်​မှု​တွေကို ကိုယ်​တိုင်​ခံစားမိ​နေတယ်​။
တွေ​ဝေမှိုင်​​တွေ​နေတဲ့ စိတ်​​တွေကို ထိန်းချုပ်​ ရတာကလည်း
ခက်​ခဲလွန်းတယ်​။
အဲ့အချိန်​တုန်းက အရူးမီးဝိုင်း အရူးတစ်​ပိုင်း​ပေါ့ချစ်​သူရယ်​။
ကြာလာ​တော့လည်း ကိုယ့်​စိတ်​ကို ပြန်​ဆုံးမရင်​ ​နေနိုင်​​အောင်​ကြိုးစားလာခဲ့ရတယ်​။
နင့်​အ​ကြောင်း​တွေ ဝင်​လာရင်​ ငါ့အတွက်​ ဗဟုသုတရ​စေမဲ့
စာအုပ်​​တွေ ဖတ်​လိုက်​တယ်​။
စာအုပ်​​တွေက ငါ့စိတ်​ကို အများကြီး​ပြောင်းလဲ​ပေးသလို
ငါ့ကိုယ်​ငါ လည်း ယုံကြည်​မှု ရှိ​စေခဲ့တယ်​။
ခု ငါ နင့်​​ကြောင့်​ မျက်​ရည်​ မကျ​တော့ဘူး
ချစ်​သူ....

Sunday, July 9, 2017

ကိုယ့်ကျင့် သိက္ခာ

မနေ့ကကျနော် ဆေးလိပ်သွားဝယ်တယ်ဗျ
ဆေးလိပ်တဗူး 4၀၀၀ ကျပါတယ် ကျနော်ပိုက်ဆံ ပေးလိုက်တာက 50000တန်ပါ အဖိုးကြီး
ပြန်ပေးလာတာက 47000 ပါ...

ကျနော်လည်း ပိုက်ဆံအပိုရတာနဲ့ ဆိုင်ကနေ အမြန်လစ်ထွက်ခဲ့ပါတယ် ခြေလေးငါးလှမ်းမျှ
လှမ်းရုံနဲ့ ဆိုင်ရှင်အဖိုးကြီးက "ဟေ့ ကောင်လေး ခဏလာခဲ့ဦးတဲ့" ကျနော်အသဲထိတ်သွားတယ်

ကျနော်ပြန်လှည့်ကြည့်တော့ "ဒီမှာ မင်းဆေးလိပ်ဗူး
မေ့နေလို့ကွ" ကျနော်လည်း ကိုယ့်အပေါ်ကောင်းသူ
တယောက်ကို မလေးစားပဲ မနေနိုင်တာနဲ့ 
"ဦးလေးရော့ဒီမှာ ခဏက ဦးပေးတဲ့ ပိုက်ဆံ ၁၀၀၀ ပိုသွားလို့ပါဗျ"ပိုခဲ့တဲ့ပိုက်ဆံ ပြန်ပေးလိုက်ပါတယ်....

အဖိုးကြီးလည်း ကျနော်စေတနာကို လေးစားသွားပုံ
ရပါတယ် "ကောင်လေး "မင်းလက်ထဲက ဆေးလိပ်ဗူး
ငါ့ကိုပြန်ပေးပါ " သူတောင်းတာနဲ့ ကျနော်လည်းပြန်ပေး
လိုက်တယ် "အဲဒီဆေးလိပ်က အတုကြီးကွ ရော့ဒီမှာ
အစစ်"

ကျနော်လည်း သူ့စေတနာကိုကြည့်ပြီး မျက်ရည်
ပါဝဲမိတယ် "ဦးလေး ကျနော်ပိုက်ဆံ ကျနော့်ကို
ပြန်ပေးပါဗျာ" သူကနားမလည်သလိုလိုနဲ့ ပိုက်ဆံကို
ပြန်ကမ်းပေးခဲ့တယ်  "ဆောရီးပါဦးရာ ဒီ 5၀၀၀၀ တန်က
အတုကြီးဗျ ရော့ဒီမှာ အစစ်ကိုယူလိုက်ပါ"

ဒီလိုနဲ့ ကျနော်လည်း ပြန်ဖို့ ခြေလှမ်းပြင်တုန်း "ကောင်လေးခဏကွာ" မျက်ရည်တွေ ဝဲနေတဲ့
အဖိုးကြီးက..
"နောက်ဆို ပိုက်ဆံအိတ်ကို ကောင်းကောင်း
သိမ်းပါကွာ ခုခေတ်လူတွေက ယုံလို့မရဘူးကွ" သူ့လက်ထဲက ကျနော်ပိုက်ဆံအိတ်ကို ပြန်ပြီး
လှမ်းပေးနေတာကို မြင်ရတယ်...

ကျွန်တော်လည်း သူ့လို လူကောင်းနဲ့တွေ့မှ
ဘာပြောလို့ ပြောရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်
နောက်ဆုံးတော့ "အဲဒီ ဦးလေးက တကယ့်လူကောင်း
တယောက်ပါ ကျနော်တကယ် လေးစားမိတယ်..

ကိုယ့်အပေါ် ဒီလောက်ကောင်းတဲ့ လူတယောက်ကို
ကိုယ်က မကောင်းခဲ့ရင် နောင်ဘဝအတွက် မတွေး
ရက်စရာဆိုပြီး တွေးမိတာနဲ့
"နောက်ဆို ဦးလေးလည်း သတိထားပါ
ခုခေတ်လူတွေက ခြေမြန်လက်မြန်တယ် ဦးလေးလို့
ပြောပြီး အင်္ကျီကြားက သူ့ရဲ့ရွှေလက်ပတ်လေးထုတ်ကာ
"ရော့ဒီမှာ ဦးလေးရဲ့ ရွှေလက်ပတ်"

ဒီလိုနဲ့ သူနဲ့ကျနော် တယောက်ကိုတယောက်
ချီးမွမ်းစကားတွေ အပြန်လှန်ပြောဖြစ်ခဲ့ကြတယ်....

ခုခေတ် လူတွေက ယုံရတာ မဟုတ်ဘူးဗျ
မလစ်နဲ့ လစ်ရင် လစ်သလို လုပ်စားတတ်ကြတယ်...

တော်သေးတာပေါ့ ကျနော်တို့ နှစ်ယောက်လုံးက
လူကောင်းတွေ ဖြစ်နေကြလို့ ဒီနေရာမှာ
တခြားလူတွေသာဆို မတွေးရက်စရာပါဗျာ...

Face Book

သေဆုံးသူအကောင့်ကို tagတွဲပြီး
ကောင်းရာသုဂတိ ဆုတောင်းပေးတယ်
ဘုရားပုံပရိုဖိုင်ချိန်းတဲ့အကျိုး သေဆုံးသူအား အမျှဝေ
တရားပို့စ်တွေ Shareတဲ့ကုသိုလ် သေဆုံးသူ ရပါစေ…

Googleမှာ အမိန့်ပြန်တမ်းထုတ်လိုက်တယ်
  " ယနေ့မှစ၍ Internetနဲ့သင် မသက်ဆိုင်တော့ပေ
    သင်သွားလိုရာသွား၍ သုံးလိုရာသုံးပါလေ "

ဝိဥာည်ဟာ သူ့အကောင့်လေးကို ၇ရက်တိတိ နှုတ်ဆက်တယ်
တမလွန်မှာ Wifiမရလို့ ဝိဥာည်စိတ်ညစ်နေရှာ…

--

facebookဖြင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒေသနာတော် တည်ဆောက်အံ့
ဆရာတော်ဘုရား အကောင့်မှာ ဒါယိကာ followerသိန်းကျော်နဲ့
ဥပုဉ်နေ့တိုင်း Liveလွှင့်ပြီး သီလပေးတယ်
ဒါယိကာ ဒါယိကာမ followerအပေါင်း သူတော်ကောင်းတို့
ဟမ်းဆက်လေး ရှေ့ချပြီး
ခြေလက် နဖူး တံတောင်ဒူး ထိခြင်းငါးဖြာ
သီလLiveအဆုံးမှာ Commentနဲ့ သာဓုသုံးကြိမ်…
ကုသိုလ်အဖို့ငှာ အသည်းပုံlikeများ ဆပ်ကပ်ပါ၏
နတ်လူသာဓု Shareစေသော်ဝ်…

ဘုရားစင်ပေါ်မှာ
သစ်သီးစိမ်းနဲ့ ထီလက်မှတ်အပြင် ဟမ်းဆက်ပါ တိုးလာတယ်
ဖုန်း ကာဗာဟာ ၂၄ပစ္စည်း စတေကာနဲ့…

---

" အခါတော်ပေးတာက နတ်ရေးတဲ့ ရွှေဖူးစာ "
ဟိုကောင်လေးနဲ့ ဟိုအကောင့်က ကောင်မလေး မင်္ဂလာဆောင်ပဲ
လော်စပီကာ မသုံးဘူး
ခန်းမ မငှားဘူး
facebookပေါ် မင်္ဂလာသီချင်း Videoဖိုင်တွေ တင်တယ်
facebookပေါ် ရေခဲမုန့်နဲ့ကိတ်မုန့်ပုံ ဧည့်ခံတယ်
မင်္ဂလာဘိသိတ် liveလွှင့်သလို
ကောင်းချီးသြဘာ Commentတွေ ပလူပျံခဲ့…

likeအရေတွက်ဟာ မင်္ဂလာဆောင်ရဲ့ စည်ကားမှုပဲ
ဘယ်မင်္ဂလာLiveက likeဘယ်လောက်စည်ကားကြောင်း အပြိုင်အဆိုင်…

---

သမ္မတကြီးPageက ပို့စ်သိပ်မတင်ဘူး
သမ္မတကတော် ဆယ်လ်ဖီ မိုက်တယ်…
နည်းပညာတိုးတက်လာတဲ့ခေတ်မှာ
လွှတ်တော်အဆောက်အုံကြီး ဟိုတယ်ဖြစ်သွားပြီ
လွှတ်တော်ဥက္ကဌအကောင့်မှာ ပုံမှန်အစည်းဝေး ပို့စ်ရှိတယ်
အမတ်မင်းများကလွဲ အခြားအကောင့်များ Commentပိတ်တယ်
ပို့စ်နဲ့အဆိုတင်သွင်းသလို ပို့စ်နဲ့ကန့်ကွက်ကြ
လိုအပ်ရင် အမတ်များCommentနဲ့ မဲခွဲဆုံးဖြတ်တယ်…
ဟမ်းဆက်ကုမ္မဏီတွေဟာ အမတ်မင်းတွေကို စပွန်ဆာပေးတယ်
ဆင်းကဒ်ကုမ္မဏီတွေဟာ လွှတ်တော်ရဲ့မိန်းစပွန်ဆာ
နိုင်ငံတော်အနာဂတ်ဟာ ဖိုင်ဘာဆက်ကြောင်းပဲ…

____

အေးဘုံနဲ့ ညီအမများကွမ်းဆိုင်ဟာ
အောင်မြင်တဲ့ Online Shop ကွမ်းဆိုင်…
မြန်ဆန်တယ် ထုပ်ပိုးမှုသပ်ရပ်တယ်
စားသုံးသူစိတ်ကြိုက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုအပြည့်…
အုပ်ချုပ်ရေးမှူးရုံးမှာ ရွာသားတွေအကောင့် အကုန်စာရင်းရှိတယ်
facebook IDတင်ဖို့ ရပ်ကွက်ထောက်ခံစာလုပ်ရမယ်…
တရားခံရဲ့ ပုန်းအောင်းရာကိုသိဖို့
စခန်းမှူးဟာ တရားခံအကောင့်ကို See firstလုပ်လိုက်တယ်…
တရားခံက လူလည်ပဲ
GPSပိတ်ပြီး စခန်းမှူးကို Blockတယ် …
စခန်းမှူးခမျာ Pinky Babie Cute Lay အကောင့်တုနဲ့Addမှ
တရားခံသဲလွန်စ ရရှာ…
မှုခင်းကျဆင်းရေး သတိပေးလှုံ့ဆော်ဖို့
ဆယ်လီအကောင့်တွေမှာ ဆောင်းပါးတွေ တင်ပေးကြ…
လိုအပ်ရင်
facebookကို အညိုရောင်နယ်မြေကြေငြာပြီး
ညမသုံးရ မာရှယ်လောအမိန့် ထုတ်ပြန်ရမယ်…

__

facebookဖြင့်
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်အံ့

ဟုတ်တယ်…
ဇူကာဘတ်ရဲ့ ကျေးဇူးတော်ပဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ဖို့
တစ်ထောင်တန်ဘေကဒ်လေး ခဲခြစ်လိုက်တယ်
ဘေကုန်သွားလည်း ဘာအရေးလဲ
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ဖို့
*500#ကို ထပ်နှိပ်လိုက်တယ် ။ ။

__________________________________________

Saturday, September 27, 2014

💞💝စံ💔💓

ချစ်သူရယ်
မင်းနဲသာတွေရမယ်ဆိုရင်
မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ
ဆူးကြမ်းတဲ့
ခရောင်းလမ်းကိုနင်းချေပြီး
ဓားတောင်ကိုလည်းကျော်ရဲတယ်
အဲဒါအချစ်ရဲ့စွမ်းအားတွေလား???????

 ချစ်သူရယ်
ချစ်ချင်မေတာဆိုတာ
နှလုံးသားတစ်နေရာက
ပေါက်ဖွားလာတာပါ။
"ရွှေအကြောင်းဖယောင်သက်သေ"တဲ့
မင်းအပေါ်ချစ်တဲ့ကိုယ်ရဲ့အချစ်တွေကို
ဘယ်အရာနဲ့သက်သေပြပမလဲ????

ချစ်သူရယ်
မင်းသာဖတ်မယ်ဆိုရင်ပေါ့
ကိုယ့်နှလုံးသားကိုစာစီ
ကိုယ့်အလွမ်းတွေကို
ကာရံသီပြီး
မင်းဆီကိုကိုယ်အရောက်ပို့ပေးချင်တယ်

ချစ်သူရယ်
ခရေကြွေကျ
မြေမှာခလို့သွားခဲ့ရင်တောင်
ဖွဖွလေးကောက်လို့
မင်းရနံ့ပျောက်တဲ့ထိတိုင်အောင်
ကိုယ်ဆက်ပြီယုယနေဦးမှာပါ

သိပ် ရက်စက်တဲ့ .......... မိန်းကလေးကို ပြန်လဲ တမ်းတခြင်း.......

မိန်းကလေးရယ် ...နင့်ဟာ ဆိုင်သူရှိနေတဲ့.. ..သူပဲ  ....ငါ့ဟာငါ့နေနေတာကို... ဘာလို့ .....                          ကစားရတာလဲကွာ  .... ငါ့မှာခုတော့ အရူးတပိုင်နဲ့မီးဝိုင် သလို ခံစားနေရပြီး........ ခုခေတ်မှာ.....
   အချစ်ကို ...အပျော်သဘောကစားကြတဲ့သူတွေရှိသလို ...... တကယ်နှစ်နှစ်ကာကာနဲ့ ချစ်ကြတဲ့.....

   သူတွေလဲ ရှိပါတယ်ဟာ......... ခုဆို ငါ့မှာ ... ပတ်ဝန်းကျင်ရဲ့ အပြောတွေလဲ  ခံနေရပြီး........
   “ စေ့စပ် ထားတဲ့  မိန်းကလေး ကိုမှ ပတ်သက်လို့”တဲ့ ........ အော်....... လူတွေရယ်... ခက်ပါရဲ့ .........
    စပြီး ပတ်သက်ခဲ့တာနင်............. စပြီး   ph  တွေဆက်ခဲ့တာနင်  .......... အခွင့်ရေးတွေပေးပြီး .......... 
   ရုန်းမထွက်နိုင်အောင် ချည်နှောင်းခဲ့တာနင် ............ ဒါတွေကို  သူ့တို့မှ မသိကြတာ ............... 
   မာယာတွေအထပ်ထပ် ခင်း ......... အပြုံတုတွေနဲ့ ဖမ်းစား ........... စကားလုံးလှလှတွေနဲ့အချိုသတ်........
   မျက်ဝန်းနက်တွေနဲ့ညို့ယူပြီး .......... ရမ္မက်ပြင်းပြင်း အနမ်းတွေနဲ့ ......အတွေ့အထိတွေနဲ့ ............. 
   ငါ့ရဲ့  ......... အသဲကို ကစားချင်သလို ကစား  ပြီးမှ .................  ဒါတွေကို  “အိပ်မက် တစ်ခုလိုပဲ .........
   သဘောထားပြီး ........ ဖြစ်ခဲ့သမျှတွေကို  မေ့လိုက်ရအောင်”တဲ့..........  ရမလား ......????...... ......
   မိန်းကလေးရယ် ........ လာချင်သလိုလာ.....ပြီး .... ပြန်ချင်သလို ပြန်ရအောင်.....  ငါ့ကိုနင့်ရဲ့  ...........
   ခံစားချက်တွေ  ဖြေဖျောက်ရာ .... တည်ခိုခန်းများမှတ်နေလား  ............. မိန်းကလေးရယ် ............
    ခုတော့ ငါ့မှာ.......... ဆုတ်လဲစူး  စားလဲရူး ရမဲ့ .... အဖြစ်ပါလား ..........  ရှေ့တိုးရင်လဲ  လူကြမ်း .........
   နောက်ဆုတ်ရင်လဲ ...... နှလုံးသား ကွဲကြေ ရမဲ့ အဖြစ်ပါ ............ ....................  .............
   နင့် သိပ်ရက်စက်တာပဲ ............... နင့်ကို ငါ့ သိပ်ချစ်သွားတာပါ မိန်းကလေးရယ် .................
   ငါ့ခုချိန်ထိ ....နင့်ကို .......... တမ်းတနေတုန်းပါ   .........   .............  ............

Wednesday, September 10, 2014

မေမေ့ ကို သတိရတယ်

   မေမေ့ကိုသတိရတယ်

ကောင်းကင်ကြီးရဲ့ အရောင်ကြောင့်
ပင်လယ်ရဲ့အရောင်ဟာ ပြာရတယ်တဲ့
အရောင်ပြန်ဟပ် နိုင်ခဲ့လိုပေါ့
မေမေ့ရဲ့ မေတ္တာအရောင်ကြောင့်
လောကကြီးကို အကောင်းမြင်စိတ်နဲ့
ကြည့်တတ်လာခဲ့တယ်...........။
ညရဲ့ နက်မှောင်ကြောင့်
လနဲ့ကြယ်တွေအရောင် ပိုတောက်ခဲ့တယ်
မေမေ့ရဲ့ ဖြည့်ဆည်းပေးမှုကြောင့်
ဖေဖေ နဲ့ သားတို့ဘ၀ အရောင်တောက်ခဲ့တယ်။
နေမင်းရဲ့ အလင်းရောင်ဟာ ပူပြင်းပေမယ့်
သက်ရှိလောကအတွက် မရှိမဖြစ်လိုအပ်တယ်
မေမေ့ရဲ့ ဆုံးမဆူပူမှုတွေဟာ နာလိုခံခက်ပေမယ့်
သားတို့ဘ၀ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တယ်။
အဲ့ဒါကြောင့် မေမေဟာ
သားတို့ မိသားစု အတွက် ပဲ့ကိုင်ရှင်တယောက်ပါပဲ

                                                    စိုင်းနော်စိုး  ဖန်းခါးမြေ

ရက်စက်သူ

မင်းအကြောင်းကို တွေးတော....
ငေးမောလို့ စာရွက်ပေါ်ချရေးမိတဲ့အခါ...
ဒါဟာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ်သွားတယ်...။
အိပ်မက်မှာ လွင့်မျော.........
စိတ်တို့ကို အတွေးနယ်ချဲ့မိပြန်တော့.....
ညစဉ် ငါ့မှာ ရင်မောနေရတာ....
ဒါကို ဘယ်သူကရော သိနိုင်မှာလဲကွယ်...။
မလိုချင်ပါဘူး..........
အဆိပ်တက်နေတဲ့ နေ့တွေ........
ရင်မဆိုင်ချင်ဘူး.........
အိပ်ပျက်နေတဲ့ညတွေ............
တိတ်တဆိတ်  ငါ့ရင်ခွင်ထဲ
မင်းရောက်လာမဲ့နေ့.........
ရင်ခုန်စွာ မျှော်လင့်မိနေလဲ.........
စိမ်းရက်စက်နိုင်လွန်းတဲ့  မင်းနှလုံးသား...
တခါကလို အေးစက်စက်နိုင်တုန်းပါပဲကွယ်..။
 
 
စိုင်းနော်စိုး    ဖန်းခါးမြေ
ငါသူကိုချစ်မိသွားပြီး ~

~ မင်းကိုတွေ့လိုက်တဲ့အချိန် ~
~ ငါရပ်နေတဲ့ ကမ္ဘာမြေကြီး ~
~ တုန်ခါသွားသလိုခံစားလိုက်ရတယ် ~
~ မင်းရဲ့အကြည့် က ~
~ ငါရဲ့မျက်လုံးကိုဖေါက်ဝင်ပြီး ~
~ နှလုံးသားအိမ်ကို စူးရှစေခဲ့တယ် ~
~ မင်း ငါလက်ကို ကိုင်လိုက်တဲ့အချိန် ~
~ ချစ်အက္ခရာတွေ လက်ဖျားလေးက စီးဝင်သွားပြီး ~
~ ရင်ခုန်နှုန်းမြန် စေခဲ့တယ် ~
~ အာရုံတွေကို ဖမ်းစား ညို့ယူထားတယ် ~

~ အော်…ငါသူကိုချစ်မိသွားပြီး ~

                                              စိုင်းနော်စိုး ဖန်းခါးမြေ
ချစ်သူရယ်
မင်းနဲသာတွေရမယ်ဆိုရင်
မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ
ဆူးကြမ်းတဲ့
ခရောင်းလမ်းကိုနင်းချေပြီး
ဓားတောင်ကိုလည်းကျော်ရဲတယ်
အဲဒါအချစ်ရဲ့စွမ်းအားတွေလား???????

 ချစ်သူရယ်
ချစ်ချင်မေတာဆိုတာ
နှလုံးသားတစ်နေရာက
ပေါက်ဖွားလာတာပါ။
"ရွှေအကြောင်းဖယောင်သက်သေ"တဲ့
မင်းအပေါ်ချစ်တဲ့ကိုယ်ရဲ့အချစ်တွေကို
ဘယ်အရာနဲ့သက်သေပြပမလဲ????

ချစ်သူရယ်
မင်းသာဖတ်မယ်ဆိုရင်ပေါ့
ကိုယ့်နှလုံးသားကိုစာစီ
ကိုယ့်အလွမ်းတွေကို
ကာရံသီပြီး
မင်းဆီကိုကိုယ်အရောက်ပို့ပေးချင်တယ်

ချစ်သူရယ်
ခရေကြွေကျ
မြေမှာခလို့သွားခဲ့ရင်တောင်
ဖွဖွလေးကောက်လို့
မင်းရနံ့ပျောက်တဲ့ထိတိုင်အောင်
ကိုယ်ဆက်ပြီယုယနေဦးမှာပါ
စိုင်းနော်စိုး ဖန်းခါးမြေ

ကျွန်တော် ချစ်သူ ?

ကျွန်တော့ချစ်သူလေး

ငိုင်ငိုင်လေးငေးပြီး

ငေးငေးလေးငိုင်

ထိုင်နေတာလားမှိုင်နေလား

တမင်းမစားဟင်းမစား

သတင်းကြားနဲ့သ၀န်တို

သံသယပိုပိုရင်ကိုဖိ

မငို၏သို့ ငို၏သို့

မျက်ဝန်းထဲမှာမျက်ရည်စို့။

စိတ်မဆိုးပါနဲ့ ချစ်သူရယ်

သည်ကောင်ချော့ပါ့မယ်

ပြောပါ့မယ်အလုပ်များ

ဖုန်းတောင်မဆက်အား

မနက်တိုင်းပေးတဲ့အနမ်းတစ်ရာ

ချစ်သူမင်းအတွက်ပါ

နေခြည်လာတောင်သတိရသေး

ချစ်သူအပြုံးလေး

မမုန်းသေးပဲ စိတ်ကောက်သူ

နှုတ်ခမ်းကြီးကိုစူ

ဝက်လိုတူမှာမကြောက်လား

မြန်မြန်ပြုံးပါလား။

ချစ်သူသိစေ ကြယ်စင်တွေ ဖြန့်ကျဲ.........

အဆုံးအစမရှိတဲ့  ကောင်းကင်ရင်ဘတ်ထဲ.....

အပြာရောင်ဂြိုလ်တစ်ခု.........

တည်ဆောက်နေခဲ့တယ်........။

မင်းတစ်ယောက်  ခိုလှုံဖို့ပေါ့ကွယ်......။

အကြင်နာတွေ  စိုက်ပျိုး.......

ထာဝစဉ် မညှိုးလေမဲ့  အချစ်ပန်း......

ငါ့နှလုံးသား ဥယျာဉ်မှာ ပွင့်လန်းလို့နေပြီ...

မင်းတစ်ယောက်  ပန်ဆင်စေတော့ကွယ်....။

ရင်ခုန်သံတွေ  မြေမှာချနင်း.........

ငါ့နှလုံးသားကို  ကြည်ဖြူစွာ

လမ်းခင်းပေးလိုက်ချင်တယ်...........

(အပူအပင် ကင်းမဲ့စွာနဲ့) .........

မင်းတစ်ယောက် နင်းလျှောက်စေတော့ကွယ်...။

တခါတခါတော့လဲ.........

ကမ္ဘာကို တိုင်တည်ပြီး..............

စကြာဝဠာကြီးတစ်ခုလုံး မြည်ဟီးသွားတဲ့အထိ

မင်းသိအောင် အော်ပြောလိုက်ချင်တယ်......

ငါ့အသဲ ငါ့အသက်နဲ့ ထပ်တူ

မင်းကို ချစ်တယ်.........။

 

 

 

စိုင်းနော်စိုး    ဖန်းခါးမြေ

ပန်းကလေးတောင်မှ
နမ်းလို့မမွှေးရဘူးကွယ်
ခေါင်းအုံးမှာ ပါးကိုအပ်
မအိပ်တတ်ပါနဲ့ အချစ်ရယ်…
နေထိုးတဲ့အခါ နေပျောက်ကလေးတွေ
ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ
အသားကိုထိနေတာတောင်မှ
စိတ်ထဲမှာ ဘ၀င်မကျချင်ဘူး
လရောင်ကိုလည်း မနာလို
လေပြေကိုလည်း မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သ၀န်တိုတာ
အချစ်ကိုယ့်ကို နားလည်ပါကွယ်…

Tuesday, August 12, 2014

အရမ်းလွှမ်းတယ်

……….ချစ်သူရေ…
တနယ်စီဝေးနေပေမဲ့
သစ္စာသံတိုင်တွေနဲ့
မေတ္တာတံတားကို
မင်း..ခိုင်မာအောင်ဆောက်ထားပေး
ပါ.
မင်းလက်ကမ်းတဲ့အခါ
တစ်ဖက်ကမ်းက
ကိုယ်လျှောက်လာခဲ့မယ်..
……ချစ်သူရေ…
သစ္စာတရားဆိုတာ
သစ္စာထားတတ်တဲ့ကိုယ့်အတွက်တော့
အသက်ထက်တန်ဖိုးရှိပါတယ်…
….ချစ်သူရေ..
ကောင်းကင်မိုးသားတွေ
အမြဲပြောင်းလဲနေကြတယ်
မင်းအချစ်ပြောင်းလဲမလား
သံသယမထားချင်ဘူး
…ချစ်သူရေ…
မျှော်လင့်ခြင်းမနက်ဖြန်တွေကို
မင်းဆီမှာအပ်ထားတယ်
ပျော်ရွှင်ခြင်းများနှင့်အတူ
မင်းကိုယ့်ထံပြန်ယူခဲ့ပါနော်………..။

Saturday, January 4, 2014

စိန်ခေါ်သံ

ဘ၀ဟာနိမ့်ကျလို့ အားမငယ်ပါဘူး
ဖက်တွယ်စရာမရှိလဲ အပြစ်မတင်ဘူး
ဇာတ်ဆရာအလိုအတိုင်းလဲ မလိုက်နိုင်ဘူး
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လို့
အနာဂတ်လမ်းကို ကိုယ်ပဲပုံဖော်မယ်
ကိုယ့်လမ်းကိုယ်လျှောက် လမ်းကိုဖောက်လို့
ပန်းတိုင်ရောက်အောင် ငါရွက်လွှင့်မယ်
အတ္တကြီးတာမဟုတ်ပါဘူး
ဘ၀တိုက်ပွဲအနိုင်နွဲဖို့
ပြင်ဆင်မှုမှာ အမှီမရှိတစ်ကိုယ်တည်းမို့
လမင်းကကြီးလိုတော့ အအေးမြနိုင်ပါ
ကိုယ့်အားကိုယ်ကိုး ငါကြိုးစားလို့
အောင်မြင်ဖို့အရေး ငါတွေးတောကာ
ကြိုးစားရင်းက
မှီခိုမှုကင်းတဲ့ နေမင်းကြီးပဲဖြစ်ချင်တယ်

ချစ်မေမေ

ရင်မှဖြစ်ပွား ဒီသွေးသားကို
မြေတောင်မြှောက်ပေး
ထွန်းကားရေးအတွက်
လမ်းခင်းပေးတဲ့ ချစ်မေမေ..
တစ်မြို့တစ်ရွားခြားနေပေမယ့်
သားကိုစိတ်ထဲ အမြဲထားကာ
ကျန်းမာစေကြောင်း
ဆုမွန်တောင်းတဲ့ ချစ်မေမေ…
မေတ္တာပြည့်ဖြိုး အချစ်တိုးလို့
သားကို ချစ်စိတ်
ကြိတ်မှိတ်မြိုသိပ်လို့
ပူပန်မှုကြား အောင်ပန်းဆွတ်ခူး
ပညာဆုနှင့်
သားပြန်အလာ မျှော်နေမိတဲ့
ချစ်မေမေ…
ထိုသို့ကြီးမား မေတ္တာတရားကို
သားမောင်ခံစား
သိနားလည်ကာ အမေ့အတွက်
အမေမှန်းတဲ့ အောင်ပန်းသပြေ
ဘွဲ့ အထွေထွေကို ချစ်သား
ဒီမောင် ရအောင်ယူလာခဲ့ပါ့မယ်
ချစ်မေမေ…

ကောင်မလေးရယ်

သစ္စာနဲ့ မေတ္တာ ဘာကွာခြားသလဲ
ငါမသိချင်ဘူး ငါ့အချစ်မှာ
နှလုံးသားတစ်ခု အရင်တည်ပြုလို့
ငါအသက်မက ပုံအောချစ်ခဲ့တာ
အချစ်နဲ့ အမုန်း အစအဆုံးကို
ငါမသိချင်ဘူး ငါ့အချစ်မှာ
ငါ့မာနကိုကို စတေးလို့
ငါ့စာမျက်နှာတွေကို နင်ဖတ်နိုင်အောင်
နှလုံးသွေးနဲ့ စာစီထားတယ်…
အကြင်နာနဲ့ ယုယမှုတွေအတွက်
နင့် အချစ်တွေပြန်မရနိုင်ရင်တောင်
ငါ့သိက္ခာ ငါဆယ်လို့
ကွယ်ရာကပဲ ချစ်တော့မယ်
ကောင်မလေးရယ်…

စိတ်ကူး

ကောင်းကင်အောက်မှာ
ဒို့နှစ်ယောက် နှစ်ကိုယ်တည်း
နောင်အနာဂတ်မှာ တူယှဉ်တွဲ
ချစ်ပွဲဝင်မယ်လို့ စိတ်ကူးထားတယ်
ညစဉ်ညတိုင်း အတွေးတွေနဲ့
အဖော်ပြု အလုပ်မအားတဲ့
နင့်ကို ငါအရမ်းလွမ်းတယ်..
နေ့စဉ်နေ့တိုင်း မဖုန်းမဆက်ပေမယ့်
နောက်ဆုံးတစ်ချက်က
နင်းအပြုံးလေးကို
ငါသဘောကျတယ်..

ကောင်းကင်မှားတဲ့ကြယ်

အနမ်းတွေကျပျောက်လို့
အလွမ်းတွေကောက်ရချိန်မှာ
အရမ်းပဲခံစားမိတာက အချစ်ဆိုတဲ
့ ပန်းတစ်ပွင့်ကို
မ အတွက် ခူးပေးချင်မိတယ်…
မပန်ချင်နေပါ အမှန်တရားကို
သက်သေထားလို့ မုန်းတယ်ဆိုတဲ့စကား
မဆီက ထပ်မကြားချင်တော့ပါဘူး
ကိုယ့်အချစ်တွေကို အတောင်ပံတပ်လို့
မ ဆီကို အရောက်ပို့လွှတ် နိုင်မယ်ဆိုရင်
နှလုံးသားက မေတ္တာတရား
ဘယ်လိုပေါက်ဖွားခဲ့သလဲဆိုတာ
သူတို့က ပြောပြပါလိမ့်မယ်
အခုတော့လဲ ရေမြေခြားက
ကိုယ့်နှလုံးသားဟာ ကောင်းကင်မှားခဲ့တဲ့
ကြယ်ကလေးတစ်စင်းပေါ့
ချစ်သူ့ကောင်းကင်မှာ
ပျော်ရွှင်စွာထွန်းတောက်ချင်ပေမယ့်
အချစ်မှာ လမ်းစပျောက်လို့
ကောင်းကင်မှားခဲ့ရတယ်ဟာ..

ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ

ဘ၀နဲ့မျှော်လင့်ချက်ကြား ပုံပြင်တစ်ပုဒ်စာ ခြားတယ်
ဝင်းမှည့်နေတဲ့နှင်းဆီတစ်ပွင့်ဟာ
နီထွေးထွေးနှုတ်ခမ်းတစ်စုံရဲ့ပုံတူပန်းချီကားလား
မင်းကိုယ်သင်းနံ့တိုက်စားတိုင်းတုန်ခါသွားတဲ့ငါ့စိတ်ဟာ
ဘယ်လိုမှ ပြန်ခေါ်လို့မရဘူး
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်
ငါ မင်းကို ဖွဖွလေး လွမ်းနေပါတယ်ခရမ်းပြာ

စိုင်းနော်စိုး

အလွမ်းထောင်မှာ ဘယ်နှနှစ်ပါလိမ့်..?

ချစ်သူရေ..
ငါ့ဘယ်ဘက်ရင်အုံမှာ
စူးနစ်နေတဲ့ မြှားတစင်း
နာကျင်နေပေမယ့်
ငါမငိုချင်ဘူး….
မင်းရဲ့ချစ်စကားတခွန်းက
ပျောက်ကင်းနိုင်သလားမသိပေမယ့်
ငါကိုယ်တိုင် ခွဲခွာလာခဲ့ရ..
နှလုံးသားကကျတဲ့ သွေးစက်တွေ
သေလုမျောပါးဆိုပေမယ့်
ငါ့ကိုယ်ငါ အားတင်းထားနေဆဲ
ချစ်သူရေ..
ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်မှုနဲ့
(ကံဆိုးခဲ့ရင်)
မင်းကို လှည့်စားခဲ့တယ်ဆိုတဲ့ စွဲချက်ပါရောလို့
ခုံရုံးမှာချမှတ်မယ့်အမိန့်က
အလွမ်းထောင်မှာ
ငါဟာ ဘယ်နှနှစ်ပါလိမ့်ကွယ်….။             ။


စိုင်းနော်စိုး

မနှုတ်ဆက်ချင်ဘူး …

မနှုတ်ဆက်ချင်ဘူး …
               အဝေးကိုသွားမဲ့ မင်းခြေသံတွေကို
               ငါမကြားရက်ဘူး ချစ်သူရေ။
မနှုတ်ဆက်ချင်ဘူး …
               မျက်ရည်တွေဝိုင်းနေတဲ့ မင်းမျက်ဝန်းတွေကို
               ငါမမြင်ရက်ဘူး ချစ်သူရေ။
မနှုတ်ဆက်ချင်ဘူး …
              လက်ပြနေတဲ့ မင်းကို တားနိုင်ခွင့်မရှိရင်တောင်
              သွားခွင့်လေးပေးလိုက်ပါရဲ့
              ဒါပေမဲ့လည်းလေ “မနှုတ်ဆက်ချင်ဘူး”

စိုင်းနော်စိုး

စတေးခံနှလုံးသား

မောင်တော် ရက်စက်တယ်လို့ စွပ်စွဲရင်လည်း ခံရုံပါပဲ…
မောင်တော်က ရက်စက်တဲ့ ယောက်ျားတစ်ယောက်ပါ ယသော်…
မောင်တော့်ကို မုန်းလိုက်ပါ… ရက်ရက်စက်စက်မုန်းလိုက်ပါ ယသော်…
မောင်တော့်ကို တစ်စက္ကန့်လေးတောင် မလွမ်းရစ်ပါနဲ့…
ထားခဲ့တဲ့ သူတစ်ယောက်ကို အငြှိုးကြီးစွာနဲ့ နာကြည်းရစ်ပါတော့ ယသော်ရယ်…
မောင်တော့်မှာ နှလုံးသားမရှိဘူး မသနားတတ်ဘူး မစာနာတတ်ဘူး လို့သာ ထင်လိုက်ပါ…
နောက်ဆုံးနှုတ်ဆက်ချိန်မှာ မောင်တော့် မျက်ဝန်းအိမ်က မြစ်တစ်စင်း စီးဆင်းခဲ့ပါတယ်ဆိုတာတောင် ယသော် မသိပါစေနဲ့တော့…
ယသော်ကို နှိုးပြီး နှုတ်ဆက်ချင်ပေမယ့် နှုတ်ဆက်ခဲ့ရင် ယသော်ငိုကြွေးမှာ မောင်တော့်ရှေ့မှာ ခံစားနေရမှာ မကြည့်ရက်လို့ပါ…
ချစ်သူတစ်ယောက်ငိုကြွေးနေတာမြင်ရဲ့သားနဲ့ ကျောခိုင်းပြီး လှည့်ထွက်နိုင်အောင် မောင်တော် မစွမ်းနိုင်သေးလို့ပါ ယသော်ရယ်…
မောင်တော်လည်း မထားခဲ့ချင်ပါဘူး…
ယသော်နဲ့ အတူတူ မခွဲတမ်းသက်ဆုံးတိုင် ကြည်နူးချင်တာပေါ့…
ဒါပေမယ့် မောင်တော်ဟာ မွေးလာကတည်းက ကြီးမားတဲ့ တာဝန်တစ်ခုကို ပုခုံးပေါ်ရွက်ခဲ့ရသူပါ ယသော်…
တစ်ဦးတစ်ယောက် တစ်မိသားစု ကြည်နူးဖို့အတွက် လူ နတ် ဗြဟ္မာ သတ္တ၀ါများစွာရဲ့ မျက်ရည်ကို မောင်တော် မြေမှာ မခြွေချရက်ဘူး ယသော်…
သင်္ဘောတစ်စီးဟာ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ရုန်းကန်နေချိန်ပေါ့…
အဲဒီ အချိန်မှာ သင်္ဘောကပ္ပတိန်ဟာ သူ့ချစ်သူ ပင်လယ်ပြင်ထဲ လွင့်စင်ကျသွားတာကို မြင်လိုက်ရတယ်ပေါ့ယသော်…
အဲဒီ ကပ္ပတိန်ဟာ အသက်ကယ်လှေချပြီး သူ့ချစ်သူကို ဆင်းကယ်မှာလား…
ဒါမှမဟုတ် ခရီးသည်ပေါင်းများစွာကို မုန်တိုင်းနဲ့ ဝေးရာ ပို့ပေးဖို့ သင်္ဘောကို ဆက်လက်ခုတ်မောင်းမှာလား…
အဖြေကရှင်းပါတယ် ယသော်… သူဟာ ကပ္ပတိန် တစ်ယောက် ဖြစ်တာကြောင့် လူအများအတွက်ကိုပဲ ဦးစားပေးရမှာပေါ့ ယသော်…
ဒါပေမယ့် သူ့ရဲ့ပါးပြင်ထက်မှာတော့ မျက်ရည်တွေ တစ်သွင်သွင် စီးဆင်းနေမှာပေါ့…
ပိုပြီးကြီးလေးတဲ့တာဝန်တစ်ခုအတွက် ယသော့်အပေါ်မှာ မောင်တော် တာဝန်မဲ့ရတော့မယ် ယသော်…
ထွက်ခွာသူနဲ့ ကျန်ရစ်သူ ဘယ်သူပိုခံစားရမလဲဆိုတာ မောင်တော်စာနာမိပါတယ်ယသော်…
နှစ်ကိုယ်တူ လည်ခဲ့ဖူးတဲ့ နန်းဥယျာဉ် လပြည့်နေတိုင်း ထိုင်ကြည့်ခဲ့ဖူးတဲ့ ပဒုမ္မာကန်နံဘေး ရွှေလက်တွဲပြီး သွားခဲ့ဖူးတဲ့ နန်းတော်အနှံ့ အို… မောင်တော်နဲ့ အတူတူ ရှိခဲ့ဖူးတဲ့ နေရာတိုင်းဟာ ယသော့်အတွက် သတိစရာ လွမ်းစရာတွေ ဖြစ်နေခဲ့မယ်ဆိုတာ မောင်တော်သိပါတယ်…
တွေးလေလွမ်းလေ လွမ်းလေခံစားရလေ ခံစားရလေတွေးလေ… အဆိပ်မှန်းသိရက်နဲ့ တစ်တို့တို့သောက်နေမိမယ့် အဆိပ်တစ်ခွက် ယသော့်အတွက် မောင်တော်ချန်ခဲ့မိမယ်ဆိုတာ မောင်တော်သိပါတယ်ယသော်…
မောင်တော့်ရဲ့နှလုံးသားမှာ ယသော်ဟာ နောက်ဆုံးချစ်ခဲ့တဲ့ မိန်းကလေး ဖြစ်မှာပါ ယသော်…
မလွမ်းမဆွေးပဲ မုန်းတီးခြင်းများစွာနဲ့သာ နေရစ်ပါတော့ ယသော်ရယ်…
ယသော်ဓရာ၏ မျက်နှာကို ကြည့်ကာ သားတော်ငယ် ရာဟုလာ၏ နဖူးကို နမ်းရှိုက်ပြီး သိဒ္ဓတ္ထမင်းသားသည် စက်တော်ဆောင်ပြင်သို့ထွက်ခွာလေ၏ ။
စက်တော်ဆောင် တံခါးသို့ ရောက်သောအခါ သိဒ္ဓတ္ထမင်းသားသည် ယသော်ဓရာကို နောက်ဆုံးအနေဖြင့် လှည့်ကြည့်၍ စကားတစ်ခွန်းကို တိုးညှင်းစွာ ပြောကြားခဲ့လေ၏ ။
“ခွင့်လွှတ်ပါယသော်ဓရာ…”

မေ့လိုက်ချင်တယ်

အချစ်ရယ်…
ပုန်းရှောင်ခြင်းဆိုတဲ့
အတ္တစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ…
အချစ်ရယ်…
လွမ်းမောခြင်းဆိုတဲ့
ဝေဒနာစကားလုံးကို
ဘယ်လိုရင်ဆိုင်ရမှာလဲ…
အချစ်ရယ်…
ပေးဆပ်ခြင်းဆိုတဲ့
အချစ်ရဲ့ လက္ခဏာကိုရော
ဘယ်လိုရင်ဆိုင်ရမှာလဲ..
အချစ်ရယ်…
သေချာတာတစ်ခုကတော့
ငါ့ကိုသင်ပေးပါ…
နင်ထားခဲ့သမျှ အမှတ်တရတွေ
မေ့တတ်အောင်လို့…


စိုင်းနော်စိုး

လွမ်းပါ့

ငါ့ မှာတော့ လွမ်းလို့ ဆွေးလို့
မင်းကတော့ ဘာမှမဖြစ်သလို
ဖုတ် ဖတ် ခါ ချ သွားလိုက်တာများ
ဖုန်မှုန့် ကလေးကိုတောင် သနားသွားတယ်
ဒီလိုပါပဲ ခုတော့လည်း ဘာမှမဖြစ်သလိုနဲ့
မင်း ငါ့ ကို ခွဲသွားတဲ့နေ့က
နေ များ ပြောပါတယ် ကျစ်ကျစ်တောက်ကို ပူလို့
ကျောပြင်တွေတောင် ကျိမ်းစပ်
နှုတ်ဆက် အကြင်နာပေးခဲ့တဲ့နေ့က
မင်းဆိုး ခဲ့တဲ့ နှုတ်ခမ်းနီလေး သိပ်လှတယ်
အဲ့ ညနေခင်းက ပါးပြင်မှာ စွန်းထင်ခဲ့တဲ့
နှုတ်ခမ်းရာလေးကို ခဏခဏ လွမ်းပါ့............။



စိုင်းနော်စိုး

ချစ်ရတာ မောတယ်

ရှင်းလေ ရှုပ်လေ
ရှုပ်လေ ပတ်လေ
ပတ်လေ ရစ်လေ
အစရှာမရတဲ့ ကြိုးထုံးလို
ချစ်ရတာ မောတယ်
လွမ်းရတာ မောတယ်
နားလည်မှုတွေ လွဲနေကြတာ မောတယ်
ချစ်တယ်ပြောတော့ ခလေးကုလား တဲ့
လွမ်းတယ်ပြောတော့ စိတ်မပါသလိုကြီးတဲ့
လောလော လောလော ပြောတော့ ဘာဖြစ်နေတာလဲတဲ့
အေးအေးဆေးဆေး ပြောတော့ စိတ်မပါရင် စကားမပြောနဲ့တဲ့
ပြောလိုက်သမျှ စကားတွေကလည်း ကောင်းကင်ကနေ မြေကြီးထိ
ပြောလိုက်သမျှ အကြောင်းရာတွေကလည်း တစ်ရွှေလုံးတစ်မျိုးလုံးကုန်ပြီး
ပြောစရာတွေ ရှားပါးလာတော့ စိတ်ကောက်
စိတ်ကောက်တော့ ထပ်ချော့
ထပ်ချော့တော့ ထပ်ကောက်
ဟူးး..................................... ချစ်ရတာလေ
-
-
-
-
                                ဘုန်ကြီး ၀တ်ချင်တယ်





                                                                    စိုင်းနော်စိုး

မသိဘူး

လျှောက်ရမယ့် လမ်း
ပျော်ရွှင်ခြင်းအတိ ဖြစ်ပါစေလို့ 
ဆုမတောင်းခဲ့“ဘူး”
ရယ်စရာတွေပြော ပျော်ချင်ယောင်ဆောင်ပေမယ့်
ငါ ကြေကွဲတာ
ဘယ်သူမှမသိစေရ“ဘူး”
လက်ပြနှုတ်ဆက် ခွဲရချိန်တန်ပေမယ့်
Good Bye လို့  ငါမပြော“ဘူး”
သိနေတာတွေကို မသိချင်“ဘူး”
မသိသေးတာတွေကိုလည်းမသိချင်“ဘူး”
ဘာတွေဖြစ်ပြီးပြီလဲ???ဘာတွေဖြစ်နေလဲ???
ဘာတွေဖြစ်လာအုံးမလဲ???
မသိ“ဘူး”
 
 
 
စိုင်းနော်စိုး

လမ်းပြကြယ်

မေ...
ပြာလဲ့လဲ့ကောင်းကင်တွေကို
မော့ကြည့်ပြီး
ရူးခဲ့တဲ့ကောင်တစ်ယောက်
ဒဏ်ရာတွေကိုငုံ့မကြည့်ရဲဘူး။ ။

ရူးမိုက်စွာ ရှေ့ဆက်တိုးမိတယ်
နှလုံးအိမ်ရဲ့ လမ်းပြကြယ်ပေါ့
အထင်နဲ့အမြင် မှားနေမှန်း
အဆင့်တန်းက ခွဲလာမှ သိလိုက်ရတယ်။ ။

ငိုတော့လေ... မထူးဆန်းတဲ့ပြဇာတ်လို့
လူတွေပါးစပ်ဖျားမှာ ဘယ်လိုရွက်ဆိုပါစေ
ငါငိုနေတာ ငါပဲသိတယ် ။
 
 
စိုင်းနော်စိုး

ဖျော်ရည်

အတိတ် က အရိပ်မည်းတွေ
ပစ္စုပန် ကို အရိပ်လာမကျမယ့်နေ့
ကိုယ့် အနာဂတ်ကို ကိုယ်အဖီထိုးမယ်
လွမ်းဆွေးမှု အမှိုက်သရိုက် နဲ့ ၀မ်းနည်းခြင်း ဖိနပ်စုတ် ကိုချောင်ထိုး
တိတ်တဆိတ်လေး လဲလျောင်းချင်းစမ်းပါဘိ
ရစ်ပတ်တတ်တဲ့ သံယောဇဉ် နဲ့ ပူလောင်လွန်းတဲ့ ချစ်ခြင်းကြားမှာ
ကိုယ့်ကိုယ်ကို လောင်ကျွမ်းလို့ လောင်ကျွမ်းမှန်းမသိလိုက်
သံသယ များများ ထည့်လို့
အချစ်တစ်ခွက် ဖျော်သောက်ချင်မိ
တမ်းတမိပါရဲ့ အချစ်တွေ ပိုပိုလျှံလျှံ ဖိတ်စင်ခဲ့တဲ့
အရင်က အချိန်တွေရယ်..................။ 



                                                 စိုင်းနော်စိုး

ကောင်းကင်

ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။


                                                                    စိုင်းနော်စိုး

အဖျား

အိပ်မက်တွေ ဖျားတယ်
မျှော်လင့်ခြင်းတွေ ဖျားတယ်
အချစ်တွေ ဖျားတယ်
အမုန်းတွေ ဖျားတယ်
ပျော်ရွှင်ခြင်းတွေ ဖျားတယ်
ခင်မင်မှုတွေ ဖျားတယ်
လောကနိတိတွေ ဖျားတယ်
ကျင့်ဝတ်တွေ ဖျားတယ်
အကြည်ဓာတ်တွေ ဖျားတယ်
သံယောဇဉ်တွေ ဖျားတယ်
ဖျားနာခြင်းတွေ ဖျားတယ်
အဖျားတက်နေပေမယ့် အဖျားသောက်ဆေး သောက်ဖို့ကျနော် ဖျားတယ်။



                                               စိုင်းန်ာစိုး 

ရောဂါ

တိတ်တိတ် ကလေး နေနေတာပါပဲ
ဒါပေမယ့် ရင်ဘတ်ထဲတော့ သံစုံတီးဝိုင်းတွေဖွဲ့လို့
ငြီးချင်းတွေ ချမနေတော့ပါဘူး
အားနာစရာလည်းကောင်းလှပြီ
ဖတ်ဖူးတဲ့ ကဗျာ တစ်ကြောင်းကို အရွဲ့တိုက်လို့
သောကနဲ့ တစ်ခါကြုံတိုင်း ကျနော်ကတော့ ချစ်သူပါးကလေး တစ်ချက်တော့နမ်းချင်မိတယ်။
မဖြူတော့တာလည်း သိပါရဲ့ ကိုယ့်ကိုယ်ကို အရောင်တွေ ထပ် ထပ် ဆိုးမိတာတော့
မိုက်မဲရာ ကျတာပေါ့ဗျာ
လှမ်းပြီးသားခြေလှမ်းတွေကတော့ ပြန်ဆုတ်ရ ခက်သားလား
အဲ့တာကြောင့် မထူးဇတ်တွေ ခင်းခင်းလာတာ ထူးဆန်းတာတွေကြီးဖြစ်နေတော့တယ်
အခုဆို လိမ်တတ် ညာတတ် ချေးငှားတတ်နေပြီ အကြွေးတွေလည်းတက်နေပြီ
အမေကတော့ ပြောဖူးတယ် “ ကျဲပြီးသားဆန်ကို တစ်စေ့ချင်း ပြန်မကောက်မိစေနဲ့” တဲ့
ကျနော့်တော့ မှားမှန်းသိသားနဲ့ ကျဲချလိုက်တဲ့ အမှားတွေကို တစ်စေ့ချင်း လိုက်ခြေဖျက်မိနေရဲ့
ညည ဆို ကျနော် အိပ်နေလျှက်နဲ့ နိုးနိုးနေတယ် အဲ့တာ ရောဂါပဲ ။

                                                           
                                                          စိုင်းနော်စိုး

အတိတ် ရဲ့ အရိပ်

အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။

ဒီလိုပါပဲ ဒီလိုပါပဲ နဲ့
အားတင်းပြီး အားပျက်ခဲ့တာတွေလည်းများပေါ့
ဒါပေမယ့် ဒီလိုပါပဲနဲ့ ဒီလိုပဲ ပြီးဆုံးမေ့ပျောက်ရတုန်း ။

သူတို့ဟာ ကိုယ်မဟုတ်မှန်းသိလိုက်ချိန်ဟာ
သိပ်နောက်ကျသွားတဲ့အခါ အတ္တ မာနတွေ က ခရီးတော်တော်ရောက်နှင့်ပြီ ။

ကျေးဇူးတရားတွေ အထပ်ထပ် အတင်ခံလာရတဲ့အခါ
လောကဟင်းလင်းပြင်မှာ သားကောင်ဖြစ်မှန်းမသိ ဖြစ်လို့
တကယ်တော့လည်း ကိုယ်ဟာ အဆိပ်မရှိတဲ့ သတ္တ၀ါလေးတစ်ကောင်ပဲဖြစ်ချင်တာပါ
ဒါကို ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တစ်ထပ်တည်းလို့ ဆိုနိုင်ပါ့မလား
မပျော်ရွှင်တာကတော့ အဟုတ် ။


အချိန်တွေ ကုန်ခဲလိုက်တာ
အချိန်တွေ ကုန်မြန်လိုက်တာ
ငြီးတွားရင်းနဲ့ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေထဲ
ကျနော်လည်း ဥသြမဆွဲတဲ့ ရထားတစ်စင်းလို
တစ်ဘူတာ ပြီးတော့ နောက်ထပ် တစ်ဘူတာ ဆိုက်ရောက်ဖို့
ခုတ်မောင်နေရင်း ....
အတိတ် ဟာ အရိပ်လို ပျောက်ပျက်မလွယ်တော့
မေ့ပျောက်ဖို့တော့ ခက်သား ။


                                     စိုင်းနော်စိုး

သူငယ်ချင်း

သူငယ်ချင်း…..
ငါ့ရဲ့ပေးဆပ်ချင်းတွေက မင်းအတွက်နည်းနေခဲ့လို့လား??
ငါ့ရဲ့အလိုက်သိတတ်မှုတွေက မင်းကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့လို့လား??
ဒါမှမဟုတ်
ငါမင်းအပေါ်စေတနာတွေပိုခဲ့တာကိုဘဲ မင်းမသိခဲ့လို့လား??
အကယ်၍ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို
မင်း “မဟုတ်ဘူး” လို့ဖြေခဲ့မယ်ဆိုရင်
မင်းကိုနောက်ဆုံးမေးခွန်းလေးမေးချင်ပါတယ်
မင်းနဲ့ငါနဲ့ အရမ်းရင်းနှီးပြီး အနေတွေနီးခဲ့တာတောင်
ငါ့ရဲ့ ရင်ခုန်သံတွေ မင်းမကြားနိုင်ခဲ့တာ ဘာကြောင့်လဲ??
ငါ့မျက်ဝန်းထဲက အချစ်တွေကို မင်းမမြင်နိုင်ခဲ့တာ ဘာကြောင့်လဲ??
တကယ်လို့ အဖြူရောင်ကိုအရောင်ဆိုးမိတာငါ့အမှားပါဆိုရင်
ငါဝန်ခံပါတယ်… ငါမှားခဲ့ပါတယ်
ဒါပေမယ့်
ငါမင်းကိုချစ်မိခဲ့ပြီးမှ သိလိုက်ရတာကိုတော့
မင်းနားလည်ပေးစေချင်တယ် သူငယ်ချင်း



                          စိုင်းနော်စိုး

Sunday, December 1, 2013

နှလုံးသား ပိုင်ရှင်


မင်း ခုချိန်မှာ သူနဲ့ပတ်သက်ပြီးတော့ ခံစားနေရလား
သူနဲ့ ပြတ်သွားလို့ ကြေကွဲနေရသလား
သူ့အကြောင်းတွေကိုမထင်မှတ်ပဲသိလိုက်ရလို့ဝမ်းနည်းနေသလား
သူ့ကိုစိတ်မချတွေ သဝန်တိုတွေဖြစ်နေပေမယ့်မပြောရက်လို့ကြိတ်ငိုနေရလား
သူကမင်းအပေါ်မကောင်းဘူးဆိုတာလုံးဝသေချာသွားပြီလား
ဘာပဲဖြစ်ဖြစ်ခံစားရပြီ ဝမ်းနည်းကြေကွဲရပြီဆိုရင်တော့
ငါတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအလကားကုန်ဆုံးရတော့မှာပဲ
တခြားသူတွေကတော့ဒါကိုဟားတိုက်ကောင်းတိုက်မယ်
ဒါပေမယ့် မင်းတို့ငါတို့အတွက်ကတော့ စိတ်ပျက်ဖို့ကောင်းတဲ့အရာတစ်ခုပါပဲ
ဘယ်လောက်ကျွမ်းနေတဲ့ရောဂါပဲဖြစ်ပါစေ
ကုသလို့ပျောက်ကင်းတဲ့ဆေးဆိုတာရှိမြဲပါပဲ
ငါပြောပြမယ်နော်
အဓိက ကတော့ စိတ်ပါ
မင်း စိတ်ရဲ့စွမ်းအားဆိုတာကိုသိလား
လူတစ်ယောက်ဟာ စိတ်မာကျောသွားပြီဆိုရင်
သူ့ရဲ့ စိတ်ဟာ သူ့ရဲ့ လက်တွေထက်ပိုပြီး ထက်မြက်တယ်
မင်းဟာ မင်းစိတ်ကိုချုပ်ထိန်းနိုင်အောင်အရင်ကြိုးစားရမယ်
ငါတစ်ခါပဲအရှုံးခံမယ် နှစ်ခါအရှုံးမခံဘူးဆိုတဲ့စိတ်ကိုထည့်ထားပေးပါ
အတိတ်ကကြေကွဲစရာအမှတ်ရစရာတွေကိုတွေးတောနေမယ့်အစားရွှေရောင်သန်းနေတဲ့အနာဂတ်ကိုမျက်နှာမူလိုက်ပါ
ငါ့မှာလှပတဲ့အနာဂတ်တွေရှိသေးတယ် ငါဒါလေးနဲ့အရှုံးခံလို့မဖြစ်ဘူးဆိုပြီးအားတင်းပါ
အမှတ်ရစရာတွေအားလုံးကိုအပြုံးလေးနဲ့ရင်ဆိုင်ပါ
မလွယ်ဘူးဆိုတာတော့ ငါနားလည်ပါတယ်
ဒါပေမဟ့် အတတ်နိုင်ဆုံးတော့ကြိုးစားကြည့်ပါဦး
ဘယ်လောက်ပဲဝမ်းနည်းနေပါစေ အစာငတ်ခံတာတို့ ကိုယ့်ကိုယ်ကိုထိခိုက်မယ့်အရာတွေမလုပ်မိပါစေနဲ့
ပြီးတော့ သူ့ဆီကိုလည်းဖုန်းဆက်ပြီးမငိုမိပါစေနဲ့
ဒူးထောက်နေတဲ့သူတစ်ယောက်ဖို့ ထပ်အရှုံးပေးရမယ်ဆိုရင်လည်း
မြေကြီးထဲဝင်ဖို့ပဲကျန်တာ့တယ်
နောက်တစ်ခုက တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုခုမှာစိတ်ကိနှစ်ထားလိုက်ပါ
အရမ်းစိတ်ပျက်အားငယ်နေတဲ့အချိန်မှာဆိုရင်
အခင်ဆုံးသူငယ်ချက်းတစ်ယောက်ကိုဖက်ပြီးအာူရပါးရငိုပစ်လိုက်ပါ
အကုန်လုံးမဟုတ်တောင်အနည်းငယ်တော့သက်သာသွားမှာပါ
အခွင့်အရေးရမယ်ဆိုရင်သူနဲ့အဝေးဆုံးနေရာတစ်ခုကိုထွက်သွားလိုက်ပါ
မိန်းကလေးတွေအတွက်ပြောချင်တာကတော့ စိတ်အားငယ်နေတဲ့အချိန်မှာ
အားလုံးကိုနားလည်ပေး အားပေးချင်ယောင်ဆောင်တဲ့
အချောင်သမားတွေအများကြီးရှိလို့ သတိထားပါ
ကိုယ့်ခံစားချက်ကိုလူတိုင်းကိုထုတ်မပြောမိစေဖို့အရေးကြီးပါတယ်
အလွမ်းသီချင်းတွေကိုရှောင်ရမယ်
အမှတ်တရဖြစ်စေမယ့်အရာတွေကိုရှောင်ရမယ်
ဒါတွေကိုမင်းကြိုးစားကြည့်မယ်ဆိုရင်
မင်းရဲ့ဝေဒနာက တဖြည်းဖြည်းသက်သာလာမယ်လို့ထင်ပါတယ်





                                                                                    စိုင်းနော်စိုး





Thursday, November 21, 2013

သက်သေ

မျက်ရည်ဆိုတာ
တို့တွေရန်ဖြစ်တိုင်း
အချစ်တိုးစေဖို့ ကျတဲ့
မေတ္တာရေစက်လေးပါ ...

စကားနာထိုးတယ် ဆိုတာ
တို့နှစ်ဦးနားလည်မှု့လွဲတိုင်း
ပြေလည်စေဖို့ ဖြစ်လာတဲ့
စိတ်ခံစားမှု့လေးပါ ....

လမ်းခွဲစကားဆိုတာလည်း
နင်နဲ့ငါ ပြသနာတတ်တိုင်း
ဟန်ဆောင်ကျီစားပြီး
နောက်ပြောင်နေကျ စကားလေးပါ ဟာ...



                          စိုင်းနော်စိုး

စိတ်ဆိုးချော့နည်း

ချစ်သူမိန်းကလေး စိတ်ဆိုးပြီဆို ချော့ပါ ချစ်သူယောက်ျားလေး စိတ်ဆိုးပြီဆို သည်းခံပါ ချစ်သူမိန်းကလေး သဝန်တိုပြီဆို ပွေ့ဖက်ပါ ချစ်သူယောက်ျားလေး သဝန်တိုပြီဆို နမ်းပါ ချစ်သူမိန်းကလေး ငိုပြီဆို စနောက်ပါ ချစ်သူယောက်ျားလေး ငိုပြီဆို အဖော်ပြုပါ ချစ်သူမိန်းကလေး မောပြီဆို ဖေးမပါ ချစ်သူယောက်ျားလေး မောပြီဆို တွဲပါ ချစ်သူမိန်းကလေး အမှားလုပ်မိပြီဆို ခွင့်လွှတ်ပါ ချစ်သူယောက်ျားလေး အမှားလုပ်မိပြီဆို နားလည်ပါ ချစ်သူမိန်းကလေးရဲ့ မွေးနေ့ဆို မှတ်ထားပါ ချစ်သူယောက်ျားလေးရဲ့ မွေးနေ့ဆို သိတတ်ပါ ချစ်သူရည်းစားဆိုတာ သူစိမ်းကနေ ရင်းနှီးသူအဖြစ်၊ ရင်းနှီးသူကနေ ချစ်ခင်သူအဖြစ် တစ်ဦးကိုတစ်ဦး အချစ်နဲ့လေးစားခြင်းရှိမှ ဒီအချစ်က တာရှည်တည်မြဲမှာဖြစ်တယ်။
 
                                                                                          စိုင်းနော်စိုး

အညာကအလွှမ်း

ကိုယ်လျှောက်ရာ ဂျုံနဲ့ စပါးခင်းတွေကျန်ခဲ့
ကိုယ့်ဂျင်းဘောင်းဘီအိတ်ထဲ
ခရေတွေဖွဲဖွဲလှုပ်ခဲ့တယ်
လမင်းကိုရပြီးတောင် ကြယ်တွေကို ပစ်မှားချင်တဲ့
ရွက်ကျပင်ပေါက် စိတ်ခွန်အားများနဲ့
သစ်တောကို တရိရိ ကိုက်ဖြတ်နေတဲ့ ခွေးအ
ကမ်းခြေ တနင်္ဂနွေ နေ့တစ်နေ့နဲ့
ကိုယ့်ဘ၀ မင်္ဂလာဦး ညတစ်ညကိုယူ
အဝေးတောင်ကုန်းပေါ်က
လရောင်ဆောင်ထားတဲ့ ကျောက်တုံးများ
ဘင်္ဘောပျက်တစ်ခုထဲက
နှင်းဆီအရိုးစုများရဲ့ တွန့်ခေါက်တွန်ကြူးသံ
အိပ်မက်ပေးေ၀၀ါးခဲ့သော
နှင်းကိုက်ခံ မနက်ခင်းများရဲ့ ခြေဖ၀ါး ဓားထိသံ
ကမ္ဘာရဲ့
နှစ်နဲ့ချီပွင့်ခဲ့သော ဒုက္ခ ၁၂ x ၁၂လီတို့
အားလုံး
ကျွန်တော့်နှလုံးသား ပြာမှုံချ
ဆေးဖက်ဝင်ခဲ့ပြီး
အိမ်ကလေးရှိတဲ့
အမေ့ဆီပြန်ခဲ့တယ်
လမ်းမှာ
သစ်ရွက်နဲ့ငှက် အသစ်အဆန်းများ
သူတို့ကို
ဝမ်းနည်းဝမ်းသာလက်ပြ
ချိုင့်ခွက်ထူ အသားအရည်မွဲလှတဲ့
လမ်းကလေးအတိုင်း
ကျွန်တော့်ကိုယ် ကိုင်းကိုင်းကြီးယိုင်လို့
ပြန်ခဲ့ရာ
အမေက ကျွန်တော့်ကို မမှတ်မိဘူး။ ။

ဝေးသည့်ကိုယ်

ထီးကျန်ဆွေးမြေ့
ငြီးငွေ့တောက်လောင်
ချည်နှောင်မိသား
ထိုတရားသည်
ချစ်အားပို၍ နေမိသောကြောင့်။

ချစ်သူမြေခြား
တနယ်သွားမို့
မောင့်အားသောက
စိုးပိုက်လှသည်
ဝေးရသည့်သူ ဖြစ်နေသောကြောင့်။

ညစဉ်ညစဉ်
ခင့်ကိုမြင်၍
ကြင်ခဲ့သောရိပ်
ဟိုး...အတိတ်အား
ကြိတ်မှိတ်တမ်းတ နေမိသောကြောင့်။

ဝေးမှပိုလွမ်း
ဆိုစတမ်းဆို
ချစ်ပန်းတစ်နွယ်
မောင့်သက်လယ်အား
တွယ်တာတိုးထပ် နေမိသောကြောင့်။

အလွမ်းတေးသွား
လင်္ကာများနှင့်
ချဲ့ကားဆိုလှစ်
မောင့်အဖြစ်ကို
ပြေရစ်လှည့်ပါ
သည်းသက်ညှာအား
တိုးစွာတမ်းခေါ်
ရင်၌မျှော်လည်း
ချစ်ဖော်ခင်က
ဝေးလွန်းလှမို့
ရွှင်ပျကင်းမဲ့
သည်မောင်ရဲ့ရင်
နွမ်းလျလွန်း၍ လွမ်းခဲ့ပြီခင်။ ။
တမ်းတလွန်း၍ ပမ်းခဲ့ပြီခင်။ ။




                                              စိုင်းနော်စိုး

ဝေးသည့်ကိုယ်

ထီးကျန်ဆွေးမြေ့
ငြီးငွေ့တောက်လောင်
ချည်နှောင်မိသား
ထိုတရားသည်
ချစ်အားပို၍ နေမိသောကြောင့်။

ချစ်သူမြေခြား
တနယ်သွားမို့
မောင့်အားသောက
စိုးပိုက်လှသည်
ဝေးရသည့်သူ ဖြစ်နေသောကြောင့်။

ညစဉ်ညစဉ်
ခင့်ကိုမြင်၍
ကြင်ခဲ့သောရိပ်
ဟိုး...အတိတ်အား
ကြိတ်မှိတ်တမ်းတ နေမိသောကြောင့်။

ဝေးမှပိုလွမ်း
ဆိုစတမ်းဆို
ချစ်ပန်းတစ်နွယ်
မောင့်သက်လယ်အား
တွယ်တာတိုးထပ် နေမိသောကြောင့်။

အလွမ်းတေးသွား
လင်္ကာများနှင့်
ချဲ့ကားဆိုလှစ်
မောင့်အဖြစ်ကို
ပြေရစ်လှည့်ပါ
သည်းသက်ညှာအား
တိုးစွာတမ်းခေါ်
ရင်၌မျှော်လည်း
ချစ်ဖော်ခင်က
ဝေးလွန်းလှမို့
ရွှင်ပျကင်းမဲ့
သည်မောင်ရဲ့ရင်
နွမ်းလျလွန်း၍ လွမ်းခဲ့ပြီခင်။ ။
တမ်းတလွန်း၍ ပမ်းခဲ့ပြီခင်။ ။




                                              စိုင်းနော်စိုး

ငါမသိသေးတဲ့အရာ

ဟိုးးးအဝေးဆုံးကို ပြေးထွက်လို့

အတိတ်ဆိုတာကို

မေ့ပစ်လိုက်ချင်တယ်......!

နင်ပေးခဲ့တဲ့အလွမ်းတွေကြောင့်

စုတ်ပျက်သပ်နေအောင်

ခံစားနေရတဲ့ ငါ့နှလုံးသားကို

ထုတ်ပစ်ဖို့

ရင်ခွဲရုံကိုသွားချင်တယ်.....!

ဒါပေမယ့် ချစ်သူရယ် နင့်ကို

မချစ်ပဲမနေနိုင်တဲ့

နည်းငါမသိသေးဘူးဟာ

သိရင်ပြောပြပါလားးး.......?


                                                 စိုင်းနော်စိုး

ငါမသိသေးတဲ့အရာ

ဟိုးးးအဝေးဆုံးကို ပြေးထွက်လို့

အတိတ်ဆိုတာကို

မေ့ပစ်လိုက်ချင်တယ်......!

နင်ပေးခဲ့တဲ့အလွမ်းတွေကြောင့်

စုတ်ပျက်သပ်နေအောင်

ခံစားနေရတဲ့ ငါ့နှလုံးသားကို

ထုတ်ပစ်ဖို့

ရင်ခွဲရုံကိုသွားချင်တယ်.....!

ဒါပေမယ့် ချစ်သူရယ် နင့်ကို

မချစ်ပဲမနေနိုင်တဲ့

နည်းငါမသိသေးဘူးဟာ

သိရင်ပြောပြပါလားးး.......?


                                                 စိုင်းနော်စိုး

နှစ်ယောက်အတူ

မင်းပျော်ရွင်နေတဲ့အချိန် မှာ

ငါလည်းပျော်ရွင်ရသလို..

မင်းဝမ်းနည်းတဲ့အခါ

ငါလည်း မင်းနဲ့အတူထပ်တူခံစားပါရစေ.....

သူငယ်ချင်း....

မင်း ဘဝမှာ အထီးကျန်နေတဲ့အချိန်မှာ

ငါ့ကိုသတိရလိုက်ပါ...

ငါမင်းကိုအမြဲတမ်းစောင့်နေပါတယ် ...

သူငယ်ချင်း....

ငါရဲ့ခင်မင်မှုဟာ.... မင်းအပေါ်မှာ

ဘယ်တော့မှပြောင်းလဲသွားမှာ

မဟုတ်ဘူး ဆိုတာ

မင်းယုံကြည်ပေးပါ.........


                                      စိုင်းနော်စိုး
 

မင်းစေရာ

နင်ပေးတဲ့ အချစ်
နင်ပေးတဲ့ အနမ်း
နင်ပေးတဲ့အလွမ်း
နင်ပေးတဲ့ ကြည်နူးမှု




နင်ပေးတဲ့ အမုန်း
နင်ပေးတဲ့ ဥပေက္ခာ
နင်ပေးတဲ့ ရက်စက်ခြင်း


အရာရာ အားလုံးအတွက် ကျေးဇူးပါချစ်သူ
မင်းအတွက် အရာရာ ပေးဆပ်ရင်းနဲ့ပေါ့။ ။ ။ 


                                                                          စိုင်းနော်စိုး

လွှဲမှားတဲ့အခါ

နေ့၇က်တွေက အလွဲလွဲ

အကွဲကွဲ ပဲ

သေချာေ၇တွက်၇င်း

နောင်နေ့တွေအတွက် မင်း၇ဲ့

၇က်စက်မှုတွေ အနိုင်ပိုင်းလို့

အဆိပ်တွေက အခန်းဘေးမှာ

ငါ့မျက်၇ည်တွေနဲ့

ေ၇ာထွေးလို့

မင်းစွန့်လွတ်လိုက်တဲ့ ငါ

ငါ မစွန့်လွှတ်ချင်တဲ့ မင်း`

နောက်ကွယ် အချစ်တွေကပုံလို့

နင်တောင်ခံစားတက်၇င်ကျေကွဲ

မယ် မိန်းကလေး၇ယ်...............


                                             စိုင်းနော်စိုး

နင်သိစေချင်

နင်သူ့ကို ချစ်တာ တခြားသူငါ့ကိုတွဲနေရင်းနဲ့ပါဟာ
ငါ နင့်ကို ချစ်တာ နင့်ရဲ့ဘေးမှာ ငါတစ်ယောက်တည်း ပေးဆပ်ရင်းနဲ့လေ….
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ ချစ်သူဖြစ်ခွင့်မရခဲ့သေးပါဘူး
ငါနင့်ကို ချစ်တာ ချစ်သူဖြစ်ခွင့်ရရက်နဲ့ နင့်ရက်စက်မှုကို ခံစားရင်းနဲ့ပါ…..
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့အချစ်ဆိုတာကို နင်မသိသေးလို့ပါ
ငါနင့်ကို ချစ်တာ နင့်အချစ်ဆိုတာကို သိနေရက်နဲ့ပါ….
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့ဘ၀အကြောင်းနားလည်မှုမပေးရသေးပါဘူး.....
ငါနင့်ကို ချစ်တာ နင့်ဘ၀အတွက် အားပေးရင်းနဲ့ပါ
နောက်ဆုံး…..မနှိုင်းစမ်းပါနဲ့
လူတစ်ယောက်ကို ချစ်နေရက်နဲ့ တခြားသူကို လက်တွဲထားတဲ့သူနင့်အချစ်ဆိုတာနဲ့
ကိုယ့်ချစ်သူရဲ့ရင်ထဲမှာ တခြားသူရှိနေရက် လက်တွဲမဖြုတ်ချင်တဲ့ ငါ့အချစ်ကိုတောနင်...........
Photo: နေ့၇က်တွေက အလွဲလွဲ 

အကွဲကွဲ ပဲ

သေချာေ၇တွက်၇င်း 

နောင်နေ့တွေအတွက် မင်း၇ဲ့

၇က်စက်မှုတွေ အနိုင်ပိုင်းလို့

အဆိပ်တွေက အခန်းဘေးမှာ 

ငါ့မျက်၇ည်တွေနဲ့

ေ၇ာထွေးလို့

မင်းစွန့်လွတ်လိုက်တဲ့ ငါ 

ငါ မစွန့်လွှတ်ချင်တဲ့  မင်း`

နောက်ကွယ် အချစ်တွေကပုံလို့

နင်တောင်ခံစားတက်၇င်ကျေကွဲ

မယ် မိန်းကလေး၇ယ်...............

         မိုးသောက်.....