Sunday, December 1, 2013

နှလုံးသား ပိုင်ရှင်


မင်း ခုချိန်မှာ သူနဲ့ပတ်သက်ပြီးတော့ ခံစားနေရလား
သူနဲ့ ပြတ်သွားလို့ ကြေကွဲနေရသလား
သူ့အကြောင်းတွေကိုမထင်မှတ်ပဲသိလိုက်ရလို့ဝမ်းနည်းနေသလား
သူ့ကိုစိတ်မချတွေ သဝန်တိုတွေဖြစ်နေပေမယ့်မပြောရက်လို့ကြိတ်ငိုနေရလား
သူကမင်းအပေါ်မကောင်းဘူးဆိုတာလုံးဝသေချာသွားပြီလား
ဘာပဲဖြစ်ဖြစ်ခံစားရပြီ ဝမ်းနည်းကြေကွဲရပြီဆိုရင်တော့
ငါတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအလကားကုန်ဆုံးရတော့မှာပဲ
တခြားသူတွေကတော့ဒါကိုဟားတိုက်ကောင်းတိုက်မယ်
ဒါပေမယ့် မင်းတို့ငါတို့အတွက်ကတော့ စိတ်ပျက်ဖို့ကောင်းတဲ့အရာတစ်ခုပါပဲ
ဘယ်လောက်ကျွမ်းနေတဲ့ရောဂါပဲဖြစ်ပါစေ
ကုသလို့ပျောက်ကင်းတဲ့ဆေးဆိုတာရှိမြဲပါပဲ
ငါပြောပြမယ်နော်
အဓိက ကတော့ စိတ်ပါ
မင်း စိတ်ရဲ့စွမ်းအားဆိုတာကိုသိလား
လူတစ်ယောက်ဟာ စိတ်မာကျောသွားပြီဆိုရင်
သူ့ရဲ့ စိတ်ဟာ သူ့ရဲ့ လက်တွေထက်ပိုပြီး ထက်မြက်တယ်
မင်းဟာ မင်းစိတ်ကိုချုပ်ထိန်းနိုင်အောင်အရင်ကြိုးစားရမယ်
ငါတစ်ခါပဲအရှုံးခံမယ် နှစ်ခါအရှုံးမခံဘူးဆိုတဲ့စိတ်ကိုထည့်ထားပေးပါ
အတိတ်ကကြေကွဲစရာအမှတ်ရစရာတွေကိုတွေးတောနေမယ့်အစားရွှေရောင်သန်းနေတဲ့အနာဂတ်ကိုမျက်နှာမူလိုက်ပါ
ငါ့မှာလှပတဲ့အနာဂတ်တွေရှိသေးတယ် ငါဒါလေးနဲ့အရှုံးခံလို့မဖြစ်ဘူးဆိုပြီးအားတင်းပါ
အမှတ်ရစရာတွေအားလုံးကိုအပြုံးလေးနဲ့ရင်ဆိုင်ပါ
မလွယ်ဘူးဆိုတာတော့ ငါနားလည်ပါတယ်
ဒါပေမဟ့် အတတ်နိုင်ဆုံးတော့ကြိုးစားကြည့်ပါဦး
ဘယ်လောက်ပဲဝမ်းနည်းနေပါစေ အစာငတ်ခံတာတို့ ကိုယ့်ကိုယ်ကိုထိခိုက်မယ့်အရာတွေမလုပ်မိပါစေနဲ့
ပြီးတော့ သူ့ဆီကိုလည်းဖုန်းဆက်ပြီးမငိုမိပါစေနဲ့
ဒူးထောက်နေတဲ့သူတစ်ယောက်ဖို့ ထပ်အရှုံးပေးရမယ်ဆိုရင်လည်း
မြေကြီးထဲဝင်ဖို့ပဲကျန်တာ့တယ်
နောက်တစ်ခုက တခြားစိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုခုမှာစိတ်ကိနှစ်ထားလိုက်ပါ
အရမ်းစိတ်ပျက်အားငယ်နေတဲ့အချိန်မှာဆိုရင်
အခင်ဆုံးသူငယ်ချက်းတစ်ယောက်ကိုဖက်ပြီးအာူရပါးရငိုပစ်လိုက်ပါ
အကုန်လုံးမဟုတ်တောင်အနည်းငယ်တော့သက်သာသွားမှာပါ
အခွင့်အရေးရမယ်ဆိုရင်သူနဲ့အဝေးဆုံးနေရာတစ်ခုကိုထွက်သွားလိုက်ပါ
မိန်းကလေးတွေအတွက်ပြောချင်တာကတော့ စိတ်အားငယ်နေတဲ့အချိန်မှာ
အားလုံးကိုနားလည်ပေး အားပေးချင်ယောင်ဆောင်တဲ့
အချောင်သမားတွေအများကြီးရှိလို့ သတိထားပါ
ကိုယ့်ခံစားချက်ကိုလူတိုင်းကိုထုတ်မပြောမိစေဖို့အရေးကြီးပါတယ်
အလွမ်းသီချင်းတွေကိုရှောင်ရမယ်
အမှတ်တရဖြစ်စေမယ့်အရာတွေကိုရှောင်ရမယ်
ဒါတွေကိုမင်းကြိုးစားကြည့်မယ်ဆိုရင်
မင်းရဲ့ဝေဒနာက တဖြည်းဖြည်းသက်သာလာမယ်လို့ထင်ပါတယ်





                                                                                    စိုင်းနော်စိုး





Thursday, November 21, 2013

သက်သေ

မျက်ရည်ဆိုတာ
တို့တွေရန်ဖြစ်တိုင်း
အချစ်တိုးစေဖို့ ကျတဲ့
မေတ္တာရေစက်လေးပါ ...

စကားနာထိုးတယ် ဆိုတာ
တို့နှစ်ဦးနားလည်မှု့လွဲတိုင်း
ပြေလည်စေဖို့ ဖြစ်လာတဲ့
စိတ်ခံစားမှု့လေးပါ ....

လမ်းခွဲစကားဆိုတာလည်း
နင်နဲ့ငါ ပြသနာတတ်တိုင်း
ဟန်ဆောင်ကျီစားပြီး
နောက်ပြောင်နေကျ စကားလေးပါ ဟာ...



                          စိုင်းနော်စိုး

စိတ်ဆိုးချော့နည်း

ချစ်သူမိန်းကလေး စိတ်ဆိုးပြီဆို ချော့ပါ ချစ်သူယောက်ျားလေး စိတ်ဆိုးပြီဆို သည်းခံပါ ချစ်သူမိန်းကလေး သဝန်တိုပြီဆို ပွေ့ဖက်ပါ ချစ်သူယောက်ျားလေး သဝန်တိုပြီဆို နမ်းပါ ချစ်သူမိန်းကလေး ငိုပြီဆို စနောက်ပါ ချစ်သူယောက်ျားလေး ငိုပြီဆို အဖော်ပြုပါ ချစ်သူမိန်းကလေး မောပြီဆို ဖေးမပါ ချစ်သူယောက်ျားလေး မောပြီဆို တွဲပါ ချစ်သူမိန်းကလေး အမှားလုပ်မိပြီဆို ခွင့်လွှတ်ပါ ချစ်သူယောက်ျားလေး အမှားလုပ်မိပြီဆို နားလည်ပါ ချစ်သူမိန်းကလေးရဲ့ မွေးနေ့ဆို မှတ်ထားပါ ချစ်သူယောက်ျားလေးရဲ့ မွေးနေ့ဆို သိတတ်ပါ ချစ်သူရည်းစားဆိုတာ သူစိမ်းကနေ ရင်းနှီးသူအဖြစ်၊ ရင်းနှီးသူကနေ ချစ်ခင်သူအဖြစ် တစ်ဦးကိုတစ်ဦး အချစ်နဲ့လေးစားခြင်းရှိမှ ဒီအချစ်က တာရှည်တည်မြဲမှာဖြစ်တယ်။
 
                                                                                          စိုင်းနော်စိုး

အညာကအလွှမ်း

ကိုယ်လျှောက်ရာ ဂျုံနဲ့ စပါးခင်းတွေကျန်ခဲ့
ကိုယ့်ဂျင်းဘောင်းဘီအိတ်ထဲ
ခရေတွေဖွဲဖွဲလှုပ်ခဲ့တယ်
လမင်းကိုရပြီးတောင် ကြယ်တွေကို ပစ်မှားချင်တဲ့
ရွက်ကျပင်ပေါက် စိတ်ခွန်အားများနဲ့
သစ်တောကို တရိရိ ကိုက်ဖြတ်နေတဲ့ ခွေးအ
ကမ်းခြေ တနင်္ဂနွေ နေ့တစ်နေ့နဲ့
ကိုယ့်ဘ၀ မင်္ဂလာဦး ညတစ်ညကိုယူ
အဝေးတောင်ကုန်းပေါ်က
လရောင်ဆောင်ထားတဲ့ ကျောက်တုံးများ
ဘင်္ဘောပျက်တစ်ခုထဲက
နှင်းဆီအရိုးစုများရဲ့ တွန့်ခေါက်တွန်ကြူးသံ
အိပ်မက်ပေးေ၀၀ါးခဲ့သော
နှင်းကိုက်ခံ မနက်ခင်းများရဲ့ ခြေဖ၀ါး ဓားထိသံ
ကမ္ဘာရဲ့
နှစ်နဲ့ချီပွင့်ခဲ့သော ဒုက္ခ ၁၂ x ၁၂လီတို့
အားလုံး
ကျွန်တော့်နှလုံးသား ပြာမှုံချ
ဆေးဖက်ဝင်ခဲ့ပြီး
အိမ်ကလေးရှိတဲ့
အမေ့ဆီပြန်ခဲ့တယ်
လမ်းမှာ
သစ်ရွက်နဲ့ငှက် အသစ်အဆန်းများ
သူတို့ကို
ဝမ်းနည်းဝမ်းသာလက်ပြ
ချိုင့်ခွက်ထူ အသားအရည်မွဲလှတဲ့
လမ်းကလေးအတိုင်း
ကျွန်တော့်ကိုယ် ကိုင်းကိုင်းကြီးယိုင်လို့
ပြန်ခဲ့ရာ
အမေက ကျွန်တော့်ကို မမှတ်မိဘူး။ ။

ဝေးသည့်ကိုယ်

ထီးကျန်ဆွေးမြေ့
ငြီးငွေ့တောက်လောင်
ချည်နှောင်မိသား
ထိုတရားသည်
ချစ်အားပို၍ နေမိသောကြောင့်။

ချစ်သူမြေခြား
တနယ်သွားမို့
မောင့်အားသောက
စိုးပိုက်လှသည်
ဝေးရသည့်သူ ဖြစ်နေသောကြောင့်။

ညစဉ်ညစဉ်
ခင့်ကိုမြင်၍
ကြင်ခဲ့သောရိပ်
ဟိုး...အတိတ်အား
ကြိတ်မှိတ်တမ်းတ နေမိသောကြောင့်။

ဝေးမှပိုလွမ်း
ဆိုစတမ်းဆို
ချစ်ပန်းတစ်နွယ်
မောင့်သက်လယ်အား
တွယ်တာတိုးထပ် နေမိသောကြောင့်။

အလွမ်းတေးသွား
လင်္ကာများနှင့်
ချဲ့ကားဆိုလှစ်
မောင့်အဖြစ်ကို
ပြေရစ်လှည့်ပါ
သည်းသက်ညှာအား
တိုးစွာတမ်းခေါ်
ရင်၌မျှော်လည်း
ချစ်ဖော်ခင်က
ဝေးလွန်းလှမို့
ရွှင်ပျကင်းမဲ့
သည်မောင်ရဲ့ရင်
နွမ်းလျလွန်း၍ လွမ်းခဲ့ပြီခင်။ ။
တမ်းတလွန်း၍ ပမ်းခဲ့ပြီခင်။ ။




                                              စိုင်းနော်စိုး

ဝေးသည့်ကိုယ်

ထီးကျန်ဆွေးမြေ့
ငြီးငွေ့တောက်လောင်
ချည်နှောင်မိသား
ထိုတရားသည်
ချစ်အားပို၍ နေမိသောကြောင့်။

ချစ်သူမြေခြား
တနယ်သွားမို့
မောင့်အားသောက
စိုးပိုက်လှသည်
ဝေးရသည့်သူ ဖြစ်နေသောကြောင့်။

ညစဉ်ညစဉ်
ခင့်ကိုမြင်၍
ကြင်ခဲ့သောရိပ်
ဟိုး...အတိတ်အား
ကြိတ်မှိတ်တမ်းတ နေမိသောကြောင့်။

ဝေးမှပိုလွမ်း
ဆိုစတမ်းဆို
ချစ်ပန်းတစ်နွယ်
မောင့်သက်လယ်အား
တွယ်တာတိုးထပ် နေမိသောကြောင့်။

အလွမ်းတေးသွား
လင်္ကာများနှင့်
ချဲ့ကားဆိုလှစ်
မောင့်အဖြစ်ကို
ပြေရစ်လှည့်ပါ
သည်းသက်ညှာအား
တိုးစွာတမ်းခေါ်
ရင်၌မျှော်လည်း
ချစ်ဖော်ခင်က
ဝေးလွန်းလှမို့
ရွှင်ပျကင်းမဲ့
သည်မောင်ရဲ့ရင်
နွမ်းလျလွန်း၍ လွမ်းခဲ့ပြီခင်။ ။
တမ်းတလွန်း၍ ပမ်းခဲ့ပြီခင်။ ။




                                              စိုင်းနော်စိုး

ငါမသိသေးတဲ့အရာ

ဟိုးးးအဝေးဆုံးကို ပြေးထွက်လို့

အတိတ်ဆိုတာကို

မေ့ပစ်လိုက်ချင်တယ်......!

နင်ပေးခဲ့တဲ့အလွမ်းတွေကြောင့်

စုတ်ပျက်သပ်နေအောင်

ခံစားနေရတဲ့ ငါ့နှလုံးသားကို

ထုတ်ပစ်ဖို့

ရင်ခွဲရုံကိုသွားချင်တယ်.....!

ဒါပေမယ့် ချစ်သူရယ် နင့်ကို

မချစ်ပဲမနေနိုင်တဲ့

နည်းငါမသိသေးဘူးဟာ

သိရင်ပြောပြပါလားးး.......?


                                                 စိုင်းနော်စိုး

ငါမသိသေးတဲ့အရာ

ဟိုးးးအဝေးဆုံးကို ပြေးထွက်လို့

အတိတ်ဆိုတာကို

မေ့ပစ်လိုက်ချင်တယ်......!

နင်ပေးခဲ့တဲ့အလွမ်းတွေကြောင့်

စုတ်ပျက်သပ်နေအောင်

ခံစားနေရတဲ့ ငါ့နှလုံးသားကို

ထုတ်ပစ်ဖို့

ရင်ခွဲရုံကိုသွားချင်တယ်.....!

ဒါပေမယ့် ချစ်သူရယ် နင့်ကို

မချစ်ပဲမနေနိုင်တဲ့

နည်းငါမသိသေးဘူးဟာ

သိရင်ပြောပြပါလားးး.......?


                                                 စိုင်းနော်စိုး

နှစ်ယောက်အတူ

မင်းပျော်ရွင်နေတဲ့အချိန် မှာ

ငါလည်းပျော်ရွင်ရသလို..

မင်းဝမ်းနည်းတဲ့အခါ

ငါလည်း မင်းနဲ့အတူထပ်တူခံစားပါရစေ.....

သူငယ်ချင်း....

မင်း ဘဝမှာ အထီးကျန်နေတဲ့အချိန်မှာ

ငါ့ကိုသတိရလိုက်ပါ...

ငါမင်းကိုအမြဲတမ်းစောင့်နေပါတယ် ...

သူငယ်ချင်း....

ငါရဲ့ခင်မင်မှုဟာ.... မင်းအပေါ်မှာ

ဘယ်တော့မှပြောင်းလဲသွားမှာ

မဟုတ်ဘူး ဆိုတာ

မင်းယုံကြည်ပေးပါ.........


                                      စိုင်းနော်စိုး
 

မင်းစေရာ

နင်ပေးတဲ့ အချစ်
နင်ပေးတဲ့ အနမ်း
နင်ပေးတဲ့အလွမ်း
နင်ပေးတဲ့ ကြည်နူးမှု




နင်ပေးတဲ့ အမုန်း
နင်ပေးတဲ့ ဥပေက္ခာ
နင်ပေးတဲ့ ရက်စက်ခြင်း


အရာရာ အားလုံးအတွက် ကျေးဇူးပါချစ်သူ
မင်းအတွက် အရာရာ ပေးဆပ်ရင်းနဲ့ပေါ့။ ။ ။ 


                                                                          စိုင်းနော်စိုး

လွှဲမှားတဲ့အခါ

နေ့၇က်တွေက အလွဲလွဲ

အကွဲကွဲ ပဲ

သေချာေ၇တွက်၇င်း

နောင်နေ့တွေအတွက် မင်း၇ဲ့

၇က်စက်မှုတွေ အနိုင်ပိုင်းလို့

အဆိပ်တွေက အခန်းဘေးမှာ

ငါ့မျက်၇ည်တွေနဲ့

ေ၇ာထွေးလို့

မင်းစွန့်လွတ်လိုက်တဲ့ ငါ

ငါ မစွန့်လွှတ်ချင်တဲ့ မင်း`

နောက်ကွယ် အချစ်တွေကပုံလို့

နင်တောင်ခံစားတက်၇င်ကျေကွဲ

မယ် မိန်းကလေး၇ယ်...............


                                             စိုင်းနော်စိုး

နင်သိစေချင်

နင်သူ့ကို ချစ်တာ တခြားသူငါ့ကိုတွဲနေရင်းနဲ့ပါဟာ
ငါ နင့်ကို ချစ်တာ နင့်ရဲ့ဘေးမှာ ငါတစ်ယောက်တည်း ပေးဆပ်ရင်းနဲ့လေ….
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ ချစ်သူဖြစ်ခွင့်မရခဲ့သေးပါဘူး
ငါနင့်ကို ချစ်တာ ချစ်သူဖြစ်ခွင့်ရရက်နဲ့ နင့်ရက်စက်မှုကို ခံစားရင်းနဲ့ပါ…..
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့အချစ်ဆိုတာကို နင်မသိသေးလို့ပါ
ငါနင့်ကို ချစ်တာ နင့်အချစ်ဆိုတာကို သိနေရက်နဲ့ပါ….
မနှိုင်းစမ်းပါနဲ့
နင်သူ့ကို ချစ်တာ သူ့ဘ၀အကြောင်းနားလည်မှုမပေးရသေးပါဘူး.....
ငါနင့်ကို ချစ်တာ နင့်ဘ၀အတွက် အားပေးရင်းနဲ့ပါ
နောက်ဆုံး…..မနှိုင်းစမ်းပါနဲ့
လူတစ်ယောက်ကို ချစ်နေရက်နဲ့ တခြားသူကို လက်တွဲထားတဲ့သူနင့်အချစ်ဆိုတာနဲ့
ကိုယ့်ချစ်သူရဲ့ရင်ထဲမှာ တခြားသူရှိနေရက် လက်တွဲမဖြုတ်ချင်တဲ့ ငါ့အချစ်ကိုတောနင်...........
Photo: နေ့၇က်တွေက အလွဲလွဲ 

အကွဲကွဲ ပဲ

သေချာေ၇တွက်၇င်း 

နောင်နေ့တွေအတွက် မင်း၇ဲ့

၇က်စက်မှုတွေ အနိုင်ပိုင်းလို့

အဆိပ်တွေက အခန်းဘေးမှာ 

ငါ့မျက်၇ည်တွေနဲ့

ေ၇ာထွေးလို့

မင်းစွန့်လွတ်လိုက်တဲ့ ငါ 

ငါ မစွန့်လွှတ်ချင်တဲ့  မင်း`

နောက်ကွယ် အချစ်တွေကပုံလို့

နင်တောင်ခံစားတက်၇င်ကျေကွဲ

မယ် မိန်းကလေး၇ယ်...............

         မိုးသောက်.....

အသဲကွဲကဗျာ

ငါ့အပေါ်ပြုမှုခဲ့တာတွေ ပြန်တွေးတိုင်း
နင့်ကိုငါမုန်းတယ်
နင့်ရည်မှန်းချက်အတွက် စတေးခံရတဲ့လူဖြစ်ရတဲ့
ကိုယ့်ကကို အပြစ်ရှာတင်မိတယ်
ချိုသကာအလိမ်တွေ… ကစားကွက်လှတွေ
ယုံကြည်အောင်သရုပ်ဆောင်တတ်တာ ချီကျူးတယ်
အရာရာတိုင်း နင်ပြောတာမှန်တယ်တွေးလောက်အောင်
နင့်ကိုယုံကြည်မိတဲ့ ငါ့ကငါ မျက်နှာပူတယ်
နောက်ကျောမှာ ဓါးရှိမှန်းသိတာတောင်
နင်မဟုတ်ဘူးလို့ တွေးနေသေးတဲ့ ငါ့ကိုနင်ရက်စက်တယ်
နင့်ကိုချစ်နေရက်နဲ့ ငါ့ပါးစပ်က မုန်းတယ်လို့ ပြောခဲ့တာ
နင့်ရဲ့ နယ်ရုပ်အဖြစ်မခံနိုင်တော့လို့
နင်နဲ့ ပတ်သတ်တဲ့ အရာရာတိုင်းမုန်းတယ်လို့ပြောနေတိုင်း
နင့်ကိုအမြဲတွေးနေတုန်းဆိုတာ
နင်နည်းနည်းလေးမှ မသိတော့တာလား
နင်ကတိပေးခဲ့တဲ့
ယနေ့မှစ နှစ်တစ်ရာတိုင် လက်တွဲမယ်စကားကို
ငါပြင်ပေးလိုက်တယ်
ယနေ့မှစ နှစ်တစ်ရာတိုင် နင့်ကိုမေ့နိုင်အောင် ငါကြိုးစားမယ်…………









                                                                                              စိုင်းနော်စိုး

    

Tuesday, October 22, 2013

အနမ်းတွေနဲ့ လွမ်း လွမ်းရေ……

အနမ်းတွေနဲ့ လွမ်း
လွမ်းရေ……
လွမ်းလိုက်တာ…
မာယာတွေဝေနေအောင်
ပန်ထားတဲ့အပြုံးနဲ့ နင်
ပြန်လာမယ် ပုံပြောခဲ့တဲ့လမ်းလေး
ပင်လယ်နှုတ်ခမ်းဘေးက မြို့လေးမှာ
ငါ ကြွေနေတုန်းပဲလေ……

လွမ်းရေ……
နွမ်းလိုက်တာ……
ကုန်ကြမ်းတစ်ပုဒ်အတွက်
ပေးဆပ်လိုက်ရတာ နှလုံးသားတစ်ခုလုံး
အပြာရောင်စက္ကူထောင့်စွန်းက
မျက်ရည်တစ်ကွက်
ဒါ ငါ့ကဗျာရဲ့ နက်ရှိုင်းမှု ရှိုက်သံလေ……
လွမ်းရေ……
မောလိုက်တာ……
ပဲ့ကြွေသံမဲ့ နှလုံးသားအကြေနဲ့
ဖွဲ့သီထားတဲ့ အလွမ်းတေး
ဟိုး…အဝေးက ငါ……
တိတ်တိတ်လေး ဆိုနေမယ်လေ……
လွမ်းရေ……
ခက်လိုက်တာ……
သွေးချင်းချင်းနီခဲ့တဲ့
အတိတ်တွေကို ခုတ်လှဲဖို့
တခုတ်တရအနမ်းတွေကို
မေ့ပစ်ရမယ်……သတိရတိုင်း
ပွင့်တတ်တဲ့ မျက်ရည်စတွေကို
သုတ်ပစ်ရဦးမယ်လေ……

ခေါင်းစဉ်မရှိတဲ့ ကဗျာ

아침 끊었다
아침은 밤의 계속 고장이
과 고통, 고뇌, 그리고 투쟁에서 가져
화려한 햇빛의 소포에 싸여
와 명랑한 새 노래의 문자열 함께 바인딩됩니다.

그리고 집시 잘 외로운 시위 알려져
친화적 인 논쟁에 그들 모두를 초대합니다
장점과 가치를 식별하는 시도에
이 이상하고 독특한 현상.

그녀는 지혜의 상점에서 그녀의 최고의를 제공합니다
그리고 중국 접시에 작은 이야기를 낳는
그러나 집시 해결하는 침묵 인사
다시 노트의 안주인되지 않을 수 있습니다.

그녀는 낯선 사람의 그룹을 즐겁게 할 수 없습니다
단순히 공통점 아무것도 없다는 것을
하지만 멀리 비운의 자질구레 한 후
그녀는 아름다운 하루 남아 -
그리고 그녀는 다시, 다시하고 다시 그것을 할 거 야
노력은 결과에 가치가 있기 때문에!

Tuesday, October 15, 2013

သနားရနံ.

အချစ်ဆိုတာ..
ပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်မဟုတ်မှန်း
အစကတည်းက ငါတို့ သိခဲ့ကြတယ်လေ.........

နှလုံးသားတွေကတော့ ထုံကျဉ်နေခဲ့ပါပြီ..
တစ်ယောက်နဲ့ တစ်ယောက် တစ်ချိန်ချိန်မှာ ခွဲကြရမယ်ဆိုတာ
လူတိုင်းသိကြပေမယ့်
နင်နဲ့ ငါ့အတွက်တော့
စောလွန်းပါသေးတယ် “ချစ်လေး”ရယ်......

ထီးတစ်ချောင်းအတူဆောင်းပြီး
မိုးရေတွေကြားမှာ လျှောက်သွားဖို့ 
ဆူးလေစေတီရဲ့ လှေခါးထစ်တွေမှာထိုင်ဖို့ 
နင့်ရဲ့ ဆံပင်ပျော့ပျော့လေးတွေကိုရှူပ်ထွေးဖွပြစ်ပြီးကြည်စယ်ဖို့ 

အားငယ်နေတဲ့ ချစ်သူကိုအားပေးနှစ်သိမ့်ဖို့ 
အားလုံးပျောက်ဆုံးသွားခဲ့ပေမယ့်....
နင့်ရဲ့ ပါးပြင်က သနပ်ခါးရနံ့ လေးကတော့
ငါ့ရင်ကို အခုထိအေးမြစေတုန်းပဲ..............။
 
                                   စိုင်းနော်စိုး

ကောင်မလေး ရေ......................

ကောင်မလေးတစ်ယောက်ရှိတယ်....သူဟာကျွန်တော့်သိပ်ချစ်ရတဲ့နတ်သမီးလေးလိုလှပြီးချစ်၈ရာကောင်းတဲ့သူတစ်ယောက်ပေါ့....တိတ်တခိုးချစ်နေရတာလဲပျော်စရာ....တစ်ခါပြန်စဉ်းစားတော့လည်းစိတ်ညစ်တယ်..စိတ်ညစ်
တယ်ဆိုတာ ...တစ်ခြားလူတစ်ယောက်ကို သူ့ သံယောဇဉ်ချစ်မေတ္တာတွေကိုပေးလိုက်မှာကိုအကြောက်ဆုံးပဲ....တစ်ခါတစ်ခါမင်းပြောတဲ့
စကား ငါ့ရင်ခွင်ကိုမြင်းစုံကန်သလိုအောင့်သွားတယ်ဆိုတာမင်းသိဝူးလားကွာ....တကယ်ပြောတာပါ.....နွေးထွေးမှူတွေပေးချင်ခဲ့တယ်...
ဂရုစိုက်မှူတွေပေးချင်ခဲ့တယ် .....မင်းကိုလေယုယကျင်နာမှူတွေပေးချင်ခဲ့တယ်....မင်းကိုအရမ်းချစ်တယ်ဖြူချောလေးရာ.......
မင်းတစ်ခြားတစ်ယောက်ကိုချစ်သွားမှာ....တစ်ခြားရင်ခွင်ထဲရောက်သွားမှာငါသိပ်ကြောက်နေတယ် အချိန်တိုင်း......
ငါလေ မင်းချစ်မှချစ်ပါ့မလား ဆိုတဲ့ဇော်ပိုင်သီချင်းလေးကိုကြားတိုင်းစိတ်ထဲစိုးထိတ်ခဲ့တယ်.....ငါဟာမင်းလိုချင်တဲ့အတိုင်းတာမျိုးတော့မရှိဘူး ...ကျီးကန်းလိုအဆင်းမလှတဲ့ကောင်လေးတစ်ယောက်ပေါ့....ဒါပေမယ့်မင်းကိုစိတ်ချမ်းသာမှူတွေပေးနိုင်တယ် .....မင်းကို ထာဝရချစ်နိုင်တယ် .....မင်းကိုယုယကျင်နာမှူတွေပေးနိုင်တယ်ဆိုတာတော့ယုံပေးပါလို့ ........ခုမင်းကိုချစ်နေရတာကိုက ငါ့အတွက်အားဆေးအင်အားတစ်ခုပါ...
ဘာပဲဘယ်လိုပဲပြောပြောမင်းကို အရမ်းချစ်တယ်ကွာ....




                                                                                     စိုင်းနော်စိုး

ရင်ဝှက်ပန်း

ရင်ခွင်ဆီမှ
တစ်ခုတည်းသော မြတ်နိုးမှုအတွက်
တိတ်တခိုး…………….
ရင်ခုန်မိတဲ့ နှလုံးသားတစ်စုံမှာ
နင်နဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
မြတ်နှိုးစွာ ထွေးပွေ့ရင်း
မျှော်လင့် နေခဲ့သူပါ………….

အကြင်နာတွေ ပြည်နှက်လို့
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
မင်းကို တွေ့ တိုင်း ကပ်ငြိတတ်တဲ့
နှလုံးသားကြောင့်………
ပြောစရာ စကားဟဖို့ 
သတိမရတတ်သူပါ……………

မင်း လက်ခံမယ့်နေ့ 
မျှော်လင့်ရင်း………..
တစ်နေ့ တော့
မင်းရှေ့ အရောက်လာမှာပါ
ချစ်သူ………………………………


                                          စိုင်းနော်စိုး 

ဆာယိုနာရာ

အကြိမ်ကြိမ် အခါခါ
အထိနာခဲ့ရတာတောင်
ခုချိန်ထိ ငါ့မှာ
စိတ်မဆိုး စိတ်မနာနိုင်ခဲ့ဘူး
ငါက လေးနက်သလောက်
မင်းကတော့ ပေါ့ပျက်လွန်းတယ်
ယုံကြည်မြတ်နိုးခဲ့တယ်
အထင်ကြီးတန်ဖိုးထားခဲ့တယ်
နောက်ဆုံးတော့လည်း
ရင်ဘတ်ဟက်တက်
ဆားနဲ့ပတ်ခဲ့တာ
ငါ...
ဘာကိုမျှော်လင့်နေရဦးမှာလဲ...?
အစွဲအလန်းတစ်ခုနဲ့
အသဲကျွမ်းခဲ့တာလား...
မာယာများတယ်
နံမည်မတပ်ရက်ပေမယ့်
အိပ်မက်ရိုင်းတွေက
ငါ့ကိုခြောက်လှန့်နေခဲ့တာ
ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ
နှလုံးသားဆတ်ဆတ်ခါ
ထပ်ပြီးမနာကျင်တော့ဘူး
ပဉ္စမံအနမ်းကို
ထပ်ပြီးမလွမ်းရဲတော့ဘူး
တိမ်တိုက်လိုလေနှင်ရာ
ထပ်ပြီးမပါချင်တော့ဘူး
စွန့်လွှတ်ဖို့ခက်ပေမယ့်
စွန့်ပစ်ရက်မှတော့လည်း
မင်းထိုက် မင်းကံ
ငါ့အချစ်နဲ့မထိုက်တန်တော့ဘူး
နွမ်းလျ ထုံကျင်
ရင်ခွင်ဗလာ
ယဲ့ယဲ့သာမြည်တမ်းနိုင်တော့တယ်
ဝဋ်ကြွေးရှိလည်းကျေပါစေ
ဒီဘဝတော့
ဒီမျှသာ
ဆာ...ယို...နာ...ရာ...။
အကြိမ်ကြိမ် အခါခါ
အထိနာခဲ့ရတာတောင်
ခုချိန်ထိ ငါ့မှာ
စိတ်မဆိုး စိတ်မနာနိုင်ခဲ့ဘူး
ငါက လေးနက်သလောက်
မင်းကတော့ ပေါ့ပျက်လွန်းတယ်
ယုံကြည်မြတ်နိုးခဲ့တယ်
အထင်ကြီးတန်ဖိုးထားခဲ့တယ်
နောက်ဆုံးတော့လည်း
ရင်ဘတ်ဟက်တက်
ဆားနဲ့ပတ်ခဲ့တာ
ငါ...
ဘာကိုမျှော်လင့်နေရဦးမှာလဲ...?
အစွဲအလန်းတစ်ခုနဲ့
အသဲကျွမ်းခဲ့တာလား...
မာယာများတယ်
နံမည်မတပ်ရက်ပေမယ့်
အိပ်မက်ရိုင်းတွေက
ငါ့ကိုခြောက်လှန့်နေခဲ့တာ
ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ
နှလုံးသားဆတ်ဆတ်ခါ
ထပ်ပြီးမနာကျင်တော့ဘူး
ပဉ္စမံအနမ်းကို
ထပ်ပြီးမလွမ်းရဲတော့ဘူး
တိမ်တိုက်လိုလေနှင်ရာ
ထပ်ပြီးမပါချင်တော့ဘူး
စွန့်လွှတ်ဖို့ခက်ပေမယ့်
စွန့်ပစ်ရက်မှတော့လည်း
မင်းထိုက် မင်းကံ
ငါ့အချစ်နဲ့မထိုက်တန်တော့ဘူး
နွမ်းလျ ထုံကျင်
ရင်ခွင်ဗလာ
ယဲ့ယဲ့သာမြည်တမ်းနိုင်တော့တယ်
ဝဋ်ကြွေးရှိလည်းကျေပါစေ
ဒီဘဝတော့
ဒီမျှသာ
ဆာ...ယို...နာ...ရာ...။
အကြိမ်ကြိမ် အခါခါ
အထိနာခဲ့ရတာတောင်
ခုချိန်ထိ ငါ့မှာ
စိတ်မဆိုး စိတ်မနာနိုင်ခဲ့ဘူး
ငါက လေးနက်သလောက်
မင်းကတော့ ပေါ့ပျက်လွန်းတယ်
ယုံကြည်မြတ်နိုးခဲ့တယ်
အထင်ကြီးတန်ဖိုးထားခဲ့တယ်
နောက်ဆုံးတော့လည်း
ရင်ဘတ်ဟက်တက်
ဆားနဲ့ပတ်ခဲ့တာ
ငါ...
ဘာကိုမျှော်လင့်နေရဦးမှာလဲ...?
အစွဲအလန်းတစ်ခုနဲ့
အသဲကျွမ်းခဲ့တာလား...
မာယာများတယ်
နံမည်မတပ်ရက်ပေမယ့်
အိပ်မက်ရိုင်းတွေက
ငါ့ကိုခြောက်လှန့်နေခဲ့တာ
ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီ
နှလုံးသားဆတ်ဆတ်ခါ
ထပ်ပြီးမနာကျင်တော့ဘူး
ပဉ္စမံအနမ်းကို
ထပ်ပြီးမလွမ်းရဲတော့ဘူး
တိမ်တိုက်လိုလေနှင်ရာ
ထပ်ပြီးမပါချင်တော့ဘူး
စွန့်လွှတ်ဖို့ခက်ပေမယ့်
စွန့်ပစ်ရက်မှတော့လည်း
မင်းထိုက် မင်းကံ
ငါ့အချစ်နဲ့မထိုက်တန်တော့ဘူး
နွမ်းလျ ထုံကျင်
ရင်ခွင်ဗလာ
ယဲ့ယဲ့သာမြည်တမ်းနိုင်တော့တယ်
ဝဋ်ကြွေးရှိလည်းကျေပါစေ
ဒီဘဝတော့
ဒီမျှသာ
ဆာ...ယို...နာ...ရာ...။





                                                    စိုင်းနော်စိုး (ဖန်းခါးမြေ)

အသဲကွဲကဗျာ....

ငါ့ချစ်ခြင်းကို
မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမည်....။

ခြောက်ကပ်ကပ်လည်ချောင်းထဲကနေ
ဆို့ နင့်နင့်သံစဉ်တစ်ချို့ 
ရုန်းကန်ရင်းထွက်လာဖို့ အတွက်
ကြိတ်မှိတ်ပြီးဆိုရအုံးမည်....။

ည နဲ့ နေ့ ပြောင်း
အိပ်မက်တွေဟောင်းသွားလဲ
မေ့ပစ်လို့ မရနိုင်တဲ့
ရူးလောက်စေတဲ့မင်းရဲ့ အပြုံး
ငါမြင်ရောင်နေတုံးပဲ.....။

“နင့်ကိုလုံးဝမချစ်နိုင်တော့ဘူး”တဲ့
အခက်ထန်ဆုံး မင်းရဲ့ စကား
ငါ့နားထဲပေါက်ကွဲသွားခဲ့
မင်းပြောရက်တယ်နော်.....

ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
လည်ချောင်းကအသံသိပ်လို့ 
မျက်နှာ၏လုံးအစုံကို မှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲမှာနေတစ်စင်းအရည်ပျော်သွားတယ်........



                                                       စိုင်းနော်စိုး

အသဲကွဲကဗျာ....

ငါ့ချစ်ခြင်းကို
မင်းငြင်းပယ်ပြီးနောက်မှာ
ဒဏ်ရာပေါင်းမြောက်မြားစွာနဲ့ 
ငိုကြွေးနေတဲ့ ငါ့နှလုံးသားကို
ဆွေးသီချင်းတစ်ပုဒ်နဲ့ 
ချော့ရအုံးမည်....။

ခြောက်ကပ်ကပ်လည်ချောင်းထဲကနေ
ဆို့ နင့်နင့်သံစဉ်တစ်ချို့ 
ရုန်းကန်ရင်းထွက်လာဖို့ အတွက်
ကြိတ်မှိတ်ပြီးဆိုရအုံးမည်....။

ည နဲ့ နေ့ ပြောင်း
အိပ်မက်တွေဟောင်းသွားလဲ
မေ့ပစ်လို့ မရနိုင်တဲ့
ရူးလောက်စေတဲ့မင်းရဲ့ အပြုံး
ငါမြင်ရောင်နေတုံးပဲ.....။

“နင့်ကိုလုံးဝမချစ်နိုင်တော့ဘူး”တဲ့
အခက်ထန်ဆုံး မင်းရဲ့ စကား
ငါ့နားထဲပေါက်ကွဲသွားခဲ့
မင်းပြောရက်တယ်နော်.....

ပြင်းရှခါးသီးတဲ့ နီညိုရောင်အရည်တစ်ခွက်နဲ့ 
နှလုံးသားကိုချော့သိပ်
လည်ချောင်းကအသံသိပ်လို့ 
မျက်နှာ၏လုံးအစုံကို မှိတ်လိုက်တဲ့ခဏတာမှာ
ငါ့ရင်ထဲမှာနေတစ်စင်းအရည်ပျော်သွားတယ်........



                                                       စိုင်းနော်စိုး

Sunday, September 1, 2013

နာလည်းပေးတက်တဲ့ ချစ်သူ

တစ်ချို့အချစ်တွေက ချစ်တာကို
ပဲသိကြပြီး နားလည်မှုဆိုတာမရှိ
တတ်ကြဘူး...

တစ်ချို့အချစ်တွေက တစ်ဘဝ
လုံးစာအတွက်ရည်ရွယ်ထားပါ
တယ်တဲ့ မျက်ရည်ကျအောင်

ခဏခဏလုပ်တတ်ကြတယ်...
တစ်ချို့အချစ်တွေက အရာ
အားလုံးထက်တန်ဖိုးထားပါတယ်
တဲ့ စိတ်ဆိုးကြတဲ့အခါတိုင်း
ဥပေက္ခာပြုထားတတ်ကြတယ်...

တစ်ချို့အချစ်တွေက ချစ်လွန်းလို့
တန်ဖိုးထားပေးတာကို ငါလုပ်
ချင်ရာလုပ်လို့ရတယ်လို့ထင်
တတ်ကြတယ်...

တစ်ချို့အချစ်တွေက "ချစ်သ
ကောင်း"ဆိုတဲ့စကားတစ်ခွန်းရဲ့
နောက်ကွယ်မှာ သူစိတ်ချမ်းသာ
ဖို့အတွက်လိုက်ရောညီထွေနေ
ပေးတတ်ကြပါတယ်...

မွေးမေမေ

သေမင်းနဲ့လွန်ဆွဲပြီးသားသမီး
တွေကိုမွေးပေးခဲ့တဲ့ အမေ...

ငါ့သားလေးထမင်းဝါးလို့နိုင်ပြီ
ငါ့သားလေးတီတီတာတာပြော
တတ်နေပြီ ငါ့သားလေးလမ်း
လျှောက်တတ်နေပြီလို့အရိပ်
တစ်ကြည့်ကြည့်နဲ့စောင့်
လျှောက်လာခဲ့တဲ့ အမေ...

သူများနဲ့တန်တူဖြစ်အောင်ပင်
ပန်းဆင်ရဲစွာနဲ့ကျောင်းထားပေး
ခဲ့တဲ့အမေ...

လိုချင်တဲ့အရာဆိုနှစ်ခွန်းမပြော
ရဘူး အတတ်နိုင်ဆုံးဖြည့်ဆည်း
ပေးခဲ့တဲ့ အမေ...

စားစရာရှိတဲ့အခါသားသမီးတွေ
ကိုပဲအရင်ကျွေးတတ်ပြီး အမြဲ
တမ်းလိမ်တတ်တဲ့ အမေ...
"အမေ မဆာပါဘူးသားရယ်
သားတို့သမီးတို့ပဲစား"တဲ့...

အမေထမင်းခွံ့ကျွေးခဲ့တဲ့ဒီပါးစပ်
နဲ့ပဲအလိုမကျတဲ့အခါပြန်အော်ဖူး
ခဲ့တာတွေအခုလိုအချိန်မှာနောင်
တ တွေနဲ့ပါ အမေ...

အမေကျန်းမာပါစေ အမေသက်
တော်ရာကျော်ရှည်ပါစေ အမေ............

Wednesday, August 28, 2013

သူငယ်ချင်းတို.
Hi Hello Scraps and Graphics
အရမ်းလွမ်းလိုက်တာ











































ချစ်သူ ရယ်........................Valentines Day Scrapsဖန်းခါးမြေ

သစ္စာမရှိဘူး

အချစ်ဆိုတာ...
အရမ်းချစ်ပြီး အရာရာကိုနားလည်ပေးတတ်တဲ့
လူနဲ့တွေ့တဲ့အခါ "ပေးဆပ်မှု"ပါ...

အချစ်ဆိုတာ...
တစ်ယောက်တည်းမဟုတ်ပဲ နှစ်ဦးနှစ်ဖက်က
အရမ်းချစ်ကြပြီး တစ်ဘ၀လုံးစာအတွက်
လက်တွဲသွားချင်ကြတယ်ဆိုရင် "ရယူလိုခြင်း"ပါ...

အချစ်ဆိုတာ...
ချစ်နေဖို့ပဲသိပြီး နားလည်မှုတွေ ယုံကြည်မှုတွေ
မရှိကြတဲ့အခါ အချစ်က "သစ္စာမရှိဘူး" ဖြစ်သွား
တာပါ...

Miss you Scraps and Graphics တကယ်တော့ အချစ်ရဲ့ဝေါဟာရကရိုးရှင်းပါတယ်
လူတွေကသာ အချစ်ဆိုတာကိုအရောင်ဆိုးနေကြ
တာပါ...
(အချစ်က အလကားပါ အချစ်က သစ္စာ
မရှိဘူးလို့)...

အရာအားလုံးဟာ ချစ်ကြတဲ့ချစ်သူနှစ်ယောက်
အပေါ်မှာပဲ မူတည်တာပါ...

ချစ်သူတွေတိုင်း နားလည်ခွင့်လွှတ်ခြင်းတွေနဲ့
ချစ်နိုင်ကြပါစေ...

ဖန်တီးလို.မ၇တဲ့ အချစ်

Funny Animation Scraps and Graphicsချစ်မိသွားတဲ့အခါသူ့အပေါ်တစ်
ဘဝလုံးပိုင်ဆိုင်နိုင်ဖို့ကြိုးစားပါ
သူမရှိတော့တဲ့အခါကိုယ့်ဘဝမှာ
အဓိပ္ပါယ်မရှိတော့သလိုခံစားရ
တတ်လို့ပါ...

လက်လွှတ်လိုက်ရဖို့အချိန်တန်
လာပြီဆို လွှတ်ချပေးလိုက်ပါ...
အားလုံးနာကျင်ရမှာထက်ကိုယ်
တစ်ယောက်တည်းပဲခံစားလိုက်
ရတာပိုအဆင်ပြေပါတယ်...

တကယ်တော့အချစ်ဆိုတာ
ဖန်တီးလုပ်ယူလို့ရတဲ့အရာ
မဟုတ်ပါဘူး...နှလုံးသားထဲက
သူ့အလိုလိုဖြစ်တည်လာတဲ့အရာ
မျိုးပါ..

ဥပဏ္ခပြု ချစ်သူ

ငါ့ကိုအရမ်းချစ်ပါတယ်ဆိုတဲ့နင်ကစိတ်ဆိုးကြတဲ့အချိန်တိုင်း
 မာနတွေပြိုင်ဖို့အတွက်လား ချစ်သူ...

ငါ့ကိုအရမ်းလွမ်းပါတယ် ဆိုတဲ့
နင်က စိတ်ကောက်ကြပြီဆိုရင် ဥပက္ခာပြုဖို့အတွက်လား ချစ်သူ

အရာအားလုံးထက်တန်ဖိုးထားပါတယ်ဆိုတဲ့နင်က ငါ့ကိုမျက်ရည်
ခဏခဏကျအောင်လုပ်ဖို့
အတွက်လား ချစ်သူ...

ငါ့တစ်ယောက်တည်းကိုပဲချစ်ပါ
တယ်ဆိုတဲ့နင်က ငါ့ထက်သာတဲ့
လူနဲ့တွေ့တဲ့အခါငါ့ကိုတစ်
ယောက်တည်းချန်ထားဖို့
အတွက်ပဲလား ချစ်သူ...

ဝမ်းနည်းမိတယ် ချစ်သူ

ချစ်သူ.……နင် ငါ့ကို ချစ်တဲ့အချစ်တွေက
လေးနက်သလို ငါကလဲ နင့်ကိုငါ့ဘဝတစ်ခုလုံး
အတွက်ရည်ရွှယ်ပီး ချစ်နေမိတာပါ……

ချစ်သူ…… နင် သတိရနေတတ်တဲ့အချိန်တွေ
တိုင်း ငါလဲ နင့်ကိုမေ့နေတာမဟုတ်သလို
နင် ရှိနေတယ်ဆိုတဲ့ အတွေးနဲ့အရာရာကို
ကျော်ဖြတ်နေရတာပါ…………

ချစ်သူ……နင် ငါ့အပေါ် အမြဲတမ်းစိတ်ပူနေ
တတ်သလို ငါကလဲ နင် ဘာတွေဖြစ်နေမလဲ
ဆိုတဲ့စိတ်နဲ့ အချိန်တိုင်းစိုးရိမ်နေမိတာပါ……

ငါတို့တွေစိတ်ဆိုး စိတ်ကောက်ကြတဲ့အချိန်
တိုင်း ငါက နင့်လောက်မှ မချစ်တာဆိုတဲ့
နင့်စကားကြားရတိုင်းငါအရမ်းဝမ်းနည်းမိတယ်
ချစ်သူရယ်……

သ၀န်တိုမှု

ယောင်္ကျင်္ားလေး...
————————
ချိန်းထားတဲ့အချိန်နောက်ကျနေ
လို့စိတ်တိုချင်စိတ်တိုနေမယ်...
ချစ်သူအသံလေးကြားရင်
ပျောက်သွားတတ်ပါတယ်...

ချစ်သူကိုစိတ်ဆိုးချင်စိတ်ဆိုး
မယ်...ကောင်မလေးဆီကချွဲသံ
လေးနဲ့ချော့ကြည်စိတ်ပြေသွား
ကြတာများပါတယ်...

မချစ်သေးခင်မှာဂရုအရမ်းစိုက်
တတ်ပေမဲ့ ချစ်သူတွေဖြစ်သွား
ကြတဲ့အခါ မသိမသာလေးပေါ့
နေတတ်ပါတယ်...

သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ
ကိုယ့်ချစ်သူကိုမေ့နေတတ်ပြီး
ချစ်သူအနားရောက်တဲ့အခါ
အရမ်းချစ်ပြတတ်ပါတယ်

မိန်းကလေး...
——————
ချိန်းထားတဲ့အချိန်နောက်ကျနေ
တဲ့အခါ တစ်ခုခုများဖြစ်နေ
မလားလို့စိတ်ပူတတ်ပြီးရောက်
လာတဲ့အခါစိတ်ကောက်နေ
တတ်ပါတယ်...

အဖြေမပေးရခင်အထိဂရုမစိုက်
သလိုနေချင်နေမယ် အဖြေပေး
ပြီးတဲ့အချိန်ကစပြီးစိတ်ပူနေ
တတ်ပါတယ်...

အရာတိုင်းအချိန်တိုင်းမှာသူ့ကို
ပဲ ဂရုစိုက်မှုပဲပေးခိုင်းစေချင်
တယ်...

ချစ်မိသွားပြီဆိုအရာအားလုံး
ပေးဆပ်ဖို့ဝန်မလေးတတ်ပေမဲ့
မုန်းသွားတဲ့အချိန်ကြရင်လဲ
ဘယ်တော့မှလှည့်မကြည့်တတ်
တဲ့စိတ်တွေရှိတတ်ပါတယ်

တစ်ချို့တစ်ဝက်ခံစားပြီးရေးထားတာလေးပါ ကျန်တဲ့ဟာကိုယ့်
ဟာကိုယ်ဆက်ဖြည့်ကြပါ



ရန်ဖြစ်လိုက်ပြန်ချစ်လိုက်

ချစ်သူနှစ်ယောက်ချစ်ကြတဲ့ အချိန်တွေကြာ
လာတဲ့အခါ ပြသနာတွေဆိုတာခဏခဏဖြစ်
နေတတ်ပါတယ်...

စိတ်ထဲမှာလဲသူငါ့ကိုအရင်တုန်းကထက်ပေါ့
နေတယ်တယ် အရင်တုန်းကလောက်မချစ်
တော့ပါဘူးဆိုတဲ့စိတ်လေးတွေ တွေးနေတတ်ပါတယ်...

တကယ်တော့ချစ်သူနှစ်ယောက်ဖြတ်သန်းနေကြတာ
ဟာပုံမှန်ပါပဲ အချိန်တွေကြာလာတာနဲ့အမျှအချစ်တွေ
တိုးလာခဲ့ကြတာပါ...

စိတ်ဆိုးကြတဲ့အခါ နာကျင်ရတာနှစ်ယောက်စလုံးပါ
ခံစားခဲ့ရတာဟာလဲ နှစ်ယောက်စလုံးပါပဲ...

ဒါပေမဲ့..."မာန"တွေတော့ပါမသွားပါစေနဲ့ ချစ်သူ
နှစ်ယောက်ရဲ့အကြားမှာ "မာန"တွေပါသွားခဲ့ရင်
လမ်းခွဲဖို့ဆိုတာ ခဏလေးပါ...


စိတ်ဆိုးကြပြီးတိုင်းပိုတိုးပြီးချစ်နိုင်ကြပါစေ...





                                                                  ချစ်သူ တိုင်းပေါ့ နော်.....................

ဆန္ဒတစ်ခု

ချစ်သူအတွက်ဆို မိုးရွာတဲ့အခါ
ထီးကလေးဖြစ်ချင်သလို...
နေပူတဲ့အခါ စီးဖို့ဖိနပ်ကလေး
ဖြစ်ချင်တယ်...

ချစ်သူအတွက်ဆို သွားလေရာ
အရိပ်ကလေးတစ်ခုဖြစ်ချင်သလို
သူလိုအပ်တဲ့အချိန်တိုင်းဖြည့်
ဆည်းပေးခွင့်ရတဲ့လူပဲဖြစ်ချင်
တယ်...

ချစ်သူအတွက်ဆိုညဘက်အိပ်
စက်တဲ့အခါအဆင်ပြေပြေလေးအိပ်စက်နိုင်ဖို့မွေ့ယာလေးတစ်ခု
ဖြစ်ချင်သလိုချစ်သူကိုအများကြီး
ချစ်တဲ့လူကငါပဲဖြစ်ချင်တယ်...

တကယ်လိုများသာ ချစ်သူက
လေထုတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
တောင်ငါက သစ်ပင်လေးတစ်

ပင်ပဲဖြစ်ချင်ပါတယ်...
လေတိုက်ရာဘက်ကိုယိမ်းနွဲ့
ချင်လို့ပါ...

Sunday, August 25, 2013

ရင်တွင်းစကားစုလေးများ......

၁။ မိုးစက်တွေတဖွဲဖွဲကျ
ကပိုကရိုလေးနဲ့ လှတဲ့ “ မ ”
အမူရာကတည်ငြိမ်အေးဆေး
လှပတဲ့အပြုံးလေး
သာယာလှတဲ့စကားသံ
နှလုံးသားမှာနေရာယူပြန်...
ဘယ်လိုကြည့်ကြည့်အရမ်းကိုလှ
ကျွန်တော်ချစ်ရသော “ မ ”..

၂။ပိန်းရွက်ရေစို သမာချို
ကမ္မာပြိုမှ မင်းကိုမေ့မယ်နော်........

၃။ရင်ထဲစွဲထင် သူ့ ရိပ်သွင်ကို
မေ့ဖို့ ကြိုးစား မထူးခြားတာမို့ 
ကိုယ်သာမောပန်းနေမိတယ်........

၎။ချစ်သူနှူတ်ခမ်း
လွမ်းလို့  နမ်းသော်

နမ်းရာမထင်
လွမ်းရာထင်၏
ရင်မှာတငြိငြိ ဒဏ္ဍာရီ...........

၅။အလင်းမရ နေမခလို့ 
ကြွေကြပြီး မြေခသွားလည်း
လိုတရအောင် ဖြည့်ဆည်းရင်းနဲ့ 
ငါကတော့မင်းကိုချစ်သွားမှာပါ......


၆။      khent      ဆိုတဲ့ကောင်ညတိုင်း
အလွမ်းရွက်လှေနဲ့ ရွက်လွှင့်လို့ 
ချစ်သူရှိရာဆီ
အိမ်မက်လှလှလေး

Love me or leav...

အမြဲဆက်သချင်ခဲ့တာပါ.....                 
           ဖန်းခါးမြေ
ရင်ခွင်ဆီမှ
တစ်ခုတည်းသော မြတ်နိုးမှုအတွက်
တိတ်တခိုး…………….
ရင်ခုန်မိတဲ့ နှလုံးသားတစ်စုံမှာ
နင်နဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
မြတ်နှိုးစွာ ထွေးပွေ့ရင်း
မျှော်လင့် နေခဲ့သူပါ………….

အကြင်နာတွေ ပြည်နှက်လို့
ဖွင့်ပြောဖို့ ကြိုးစားပေမဲ့
မင်းကို တွေ့ တိုင်း ကပ်ငြိတတ်တဲ့
နှလုံးသားကြောင့်………
ပြောစရာ စကားဟဖို့ 
သတိမရတတ်သူပါ……………

မင်း လက်ခံမယ့်နေ့ 
မျှော်လင့်ရင်း………..
တစ်နေ့ တော့
မင်းရှေ့ အရောက်လာမှာပါ
ချစ်သူ………………………………
                          first kiss

                       ဖန်းခါးမြေ 

“အလွမ်းသင့် ဒီဇင်ဘာ”


မြူမှုန်တွေ ၀ပ်ဆင်း နှင်းကြွင်းစေဖို့လား
မလင်းမချင်းခဲ့တဲ့ ဒီဆောင်း
အလွမ်းတွေ ထပ်လောင်းဖြည့်ရင်တောင်
အချမ်းက ကောင်းဆဲ ...။

အမြင်ရယ် ဝေဝါး မေ့ပျောက်စေဖို့လား
သံစဉ်ရှာမရခဲ့တဲ့ စာသား
ဆောင်းလေရယ် အဝှေ့မှာတင်
အချစ်တွေ ပျောက်ဆုံးသွားခဲ့ပြီ ...။

အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။

ခုတော့ ...
နှင်းလည်းပြယ်ပြီ ဒီဇင်ဘာ


ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။

ဒီလိုနဲ့ပဲ ...
မြူခိုးတွေနဲ့ ညနေခင်းက
တိတ်တဆိတ် နှုတ်ဆက်တယ်
သူတို့ ထွက်ခွာတော့မယ်လေ
ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း
တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး
နောက်ဆုံးတော့
ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ .........

“နှိုင်းယှဉ်ခြင်း ကဗျာ”

အိပ်မက်တခုလိုပါပဲ
ငါ့ဘဝက ပြသဒါးဆန်ခဲ့တယ်
ရက်ရာဇာမဲ့တဲ့ ပြက္ခဒိန်မျိုးရှိရင် ပြောကြပါ
နှိုင်းယှဉ်ချင်လွန်းလို့ပါ
(အခုတော့ကွာ) ...။

ငါဟာ ကျင်းတခု ဖြစ်ပါရဲ့
ဒါနဲ့တောင် ဝင်လာတဲ့ အရာတိုင်း
အလွယ်တကူ ပြန်ထွက်သွားနိုင်ခဲ့တယ်
ဒါဆို ငါ့ရဲ့ နက်ရှိုင်းမှု မလုံလောက်လို့ ဖြစ်မယ် ...။

ငါဟာ လေးတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် မြှားအစင်းစင်း နင်းကန်ထွက်ခွါဖို့အတွက်
ရင်အစုံကို အဟုန်လုပ်ပေးခဲ့ရတယ်
ဒါဆို ငါ့ရဲ့ ဦးညွတ်မှုများသွားလို့ ဖြစ်မယ် ...။

ငါဟာ တံခါးတစ်ချပ် ဖြစ်ပါရဲ့
ဒါနဲ့တောင် ၀င်ထွက်နေကြတဲ့ အရိပ်တွေကို
တားဆီးနိုင်ခွင့် မရှိခဲ့ဘူး
ဒါဆို ငါ့ရဲ့ လုံခြုံပေးနိုင်မှု နဲလို့ဖြစ်မယ် ...။

ငါဟာ ကောင်းကင်တစ်ခု ဖြစ်ပါရဲ့
ဒါနဲ့တောင် တိမ်မည်းတိမ်ညစ်တွေ စိုးမိုးမှုမှာ
နာကျင်စွာ ကျရှုံးခဲ့ရတယ်
ဒါဆို ငါရဲ့ အုပ်မိုးမှု ရပ်ဝန်း သေးသွားလို့ ဖြစ်မယ် ...။

ငါဟာ တံတားတစ်စင်း ဖြစ်ပါရဲ့
ဒါနဲ့တောင် ထမ်းပိုးခဲ့ရတဲ့ အချိန်တွေအတွက်
အိုမင်းရင့်ရော်မှုသာ ရခဲ့တယ်
ဒါဆို ငါရဲ့ ဆွေးမြေ့မှု မြန်သွားလို့ဖြစ်မယ် ...။

ငါဟာ ...........
................... ဖြစ်ပါရဲ့
ဒါနဲ့တောင်
................... ဖြစ်ခဲ့ရတယ်
ဒါဆို ငါရဲ့ အိပ်မက်တွေ မှားသွားလို့ပဲ ဖြစ်မယ် ...။
                                                                                  ဖန်းခါးမြေ

“အစွန့်ပစ်ခံ လရောင်နှင့်အတူ”

ညက တိတ်ဆိတ်စွာ မဲမှောင်လာပြီ
တစ်ယောက်သောသူက ရောက်မလာခဲ့ဘူး
အချိန်နာရီတွေသာ တိုက်စား
မျှော်လင့်ချက်တွေ ပါးပါးလာတယ် ...။

ဘာပြောနိုင်မှာလဲ
တမ်းတလွမ်းဆွတ်မှုဆိုတဲ့ ရနံ့ကိုမှ
ရှုရှိုက်မိသူ
အိပ်မက်တံခါးဝမှာ လရောင်ကို မျှော်ကြည့်ရုံပေါ့ ...။

ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။

ညမွှေးပန်းတို့ မွှေးပါဧ။်
လအဆင်းလည်း လင်းပါဧ။်
ဒါပေမယ့်
နှလုံးသားက သွေးချောင်းစီးတယ်
မျှော်လင့်တမ်းတ ဒီညက အဓိပ္ပါယ်မဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲ
ဥပေက္ခာတရားရဲ့ စီရင်ချက်အတိုင်းပေါ့
ငါ ကတော့ ...
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ်.................................
                                                                                             
                                                                                                               

ဖန်းခါးမြေ