ဝေးနေတာရက်တွေကြာလာတော့မှ
လွှမ်းရတဲ့ဝေဒနာက
နှလုံးသားတွေကို တင်းကျပ်လာစေခဲ့
ရင်ပွင့်မတက် ချစ်မိတော့လည်း
ရင်နှင့်အမျှခံစားရတာတွေက
နှလုံးသားကို တုန်ရင်ချိနဲ.စေတယ်
ဘ၀ တစ်ခုအတွက် အရင်းပြုခဲ့ရတာတွေ
မနည်းတော့လို.
ခဏတာလေးတော့ တွေ.ခွင့်ပြုပါ
ကံဇာတ်ဆရာ အလိုကျ
ငိုပြခဲ့ရတာတွေမနည်းတော့ပါဘူး
ယဉ်ယဉ်လေးမို.ရှိပါစေတာ့
သွပ်သွပ်မခါခင်လေးတော့
ခဏလေးပဲဖြစ်ဖြစ်တွေ.ခွင့်ပြုပါ
အိပ်ပျက်ခဲ့ရတဲ့ ညတွေကြောင့်
လသာတိုင်း ထထ ကြည့်ခဲ့ရတာတွေလည်း မနည်းတော့ဘူး
လ ထဲမှာ ယုံ ပုံရိပ် နဲ.
အပြုံးတွေ တွေ.မလားလို.ပေါ့
ယုံ ရယ်
( ဖန်းခါးမြေ ) = နှင်းအောင်
No comments:
Post a Comment