ချစ်ခဲ့ဖူးပါတယ်
တစ်ယောက်ဆို
တစ်ယောက်လောက်ပါပဲ
လေလွင့်နေတဲ့တိမ်တွေ
တစ်လျှောက်
ငါ....ဆိုတဲကောင်လေးတစ်ယောက်
ကဗျာတွေ
တပွေ့တပိုက်နဲ့
အွန်လိုင်း လဘ္ဘက်ရည် ဆိုင်တွေ မှာ
တိမ်တွေ
ပြိုခဲ့ဖူးတယ်.....။
ခံစားခဲ့သမျှတွေ အားလုံးကို
ကဗျာတွေလို
ချရေးခဲ့တယ်
ပျော်ရွှင်မှုတွေ ၀မ်းနည်းမှုတွေ
ကြည်နှုးမှုတွေ
နာကျည်းမှုတွေ
ခံစားချက် ပေါင်းများစွာကို
ရင်မှာပိုက်ပြီး ကဗျာ တွေ
များစွာ စီကုံးခဲ့ပါတယ်
မင်းသာ ငါ့ကို ချစ်ခဲ့မယ်ဆို
ငါ့အပေါ်
သစ္စာရှိခဲ့မယ်ဆို
အဖြူပေါ်အမည်းထပ်
ကာလာပျက်နေတဲ့
လူ့အသိုင်းအ၀ိုင်းတွေက
အသာလေး ခွဲထွက်လာခဲ့ပါ
ချစ်ခြင်း မုန်းခြင်း
နာကျည်းခြင်း
လောကဓံတွေအားလုံးကို ခံနိုင်ပြီဆို
ငါ့ဘ၀ထဲကို
နင်ဝင်လာခဲ့ပါ
ငါဟာ....
မျှော်လင့်ဆဲ
ဘ၀နဲ့
အသက်ရှင်နေပြီး
ဘ၀ ကို ကဗျာနဲ့ တည်ဆောက်နေတဲ့
ကောင်လေး
တစ်ယောက်ပါ......။
ဖြစ်နိုင်တယ် ဆိုမှ
ဝင်လာခဲ့ပါ......နော်....။
(ဖန်းခါးမြေ) စိုင်းနော်စိုး
No comments:
Post a Comment