အားလုံးက ၀ိုင်းငေးလို.
သိပ်လှလို.ကြည့်နေတယ်
ထင်နေသလား ..............?
ရန်ကုန်သူ
လူတကာက အာရုံစိုက်လို.
သိပ်မိုက်တယ် မထင်ပါနဲ.
အများရဲ. အမြင်အာရုံမှာ
တစစီ ကွဲတာမို.
တချို.က အမြင်ထူး
မမြင်ဘူးလို. ကြည့်ကြတယ်........................
ရန်ကုန်သူ
တချို.က တမင်ရွဲ.
တဏှာကြောင့်ကြည်တယ်
အကြည်ပေါင်းများစွာကို
ရန်ကုန်သူက အားမနာလေသရောလား ..............?
လွှဲမှားတဲ့ ၀တ်စားဆင်ယင်မှုက
အန္တရာယ် တစ်ခု နဲ. နီးကပ်လာပြီးနော်
ရန်ကုန်သူ
မောင်ဘွား နဲ. မိဘ
ဆုံးမ၍မလွယ်တာကြောင့်
ပြစ်(ပစ်)ပယ်လို.ထားပြီးထင်ပါရဲ.
မြင်တဲ့လူ အတုယူမှားအောင်
ပေါင်ဟထိ ခွဲ ထားတဲ့အပြင်
ရင်ပြင်က ဟိုက်နေတာကြောင့်.................
ရန်ကုန်သူ
လေတိုက်မှာပင်မတွေးရဲ
ဘေးကဲ့လာ ရင်မအေးစရာ
အပြေးကလေးအားပေးတက်
အခက်အခဲတွေနဲ.ကြုံရပြန်ပေါ့................
ရန်ကုန်သူ
ကာယကံရှင်က ရန်ကုန်သူက
မယှကဲ့ ခတ်နေတာက
ကြော်ငြာဆန်းမို.
စေတနာ အစစ် နဲ.မေးလိုက်ပါရစေ ...................
ရန်ကုန်သူ
သင့်ရဲ.ရည်ရွယ်ချက်က ဘာလဲ....................?
(ဖန်းခါးမြေ) စိုင်းနော်စိုး
No comments:
Post a Comment