မပေးဖြစ်လို့ သိမ်းဆည်းထားခဲ့တဲ့
အနီရောင်ချယ်ပန်လေး တစ်ပွင့်ဟာ
.......
ငါ့ဒိုင်ယာရီစာအုပ်ကြားမှာ
ညိုးနွမ်းခြောပ်သွေ့သွားခဲ့ပေမယ့်
....
ဖွင့်မပြောသင့်လို့ သိမ်းဆည်းထားခဲ့တဲ့
ဖြူစင်လွန်းတဲ့
ချစ်ခြင်းတွေကတော့ ......
ငါ့နှလုံးသားထဲမှာ မင်းအတွက် ထာဝရ ရှင်သန်နေမှာပါ
.. .....။
(ဖန်းခါးမြေ) စိုင်းနော်စိုး
No comments:
Post a Comment