ပြုံလိုက်စမ်းပါ
နှုတ်ခမ်းလွာ ပန်းအငုံတစ်ဖူးကို
အကိုယ်တစိမ့်စိမ့် တမ်းတဖို.
ဒါမမဟုတ်
ရုတ်တရက် လမ်းခွဲကြရမှာမို.
မတွယ်တာကြေးဆိုတဲ့ စိန်ခေါ်မှုတစ်ခုနဲ.
ရဲရဲကြီး ပြုံးပြလိုက်စမ်းပါ
ယုံ ကလေးရယ်
အကိုယ်ဟာ လွမ်းတက်သူပါ
တကယ်ဆိုရင်
မေ့ထားကြရမယ့်အခြေအနေမှာ
ယုံ သတိရနေလိမ့်မယ်ဆိုတာ
ကြိုသိနေသလို
အကိုယ့်ကို တိုင်က လူသားဖြစ်နေတော့
ခတ်တယ်
မတွေ.တ.ကြာရင် မေ့သွားနိုင်ပေမယ့်
တွေ.တာမကြာသေးလို. သတိရနေတာ
အဲဒါ ကံတရားမှာ အပြစ်ရှိသလား
အဲဒီနေ.ကပေါ့ယုံ ကလေးရေ
အိပ်ရေးပျက်နေတဲ့
လောကကြီးရဲ. မနက်ခင်းတစ်ခုမှာ
ဆောင်ပျိုမလေးတွေကလည်း ကခုန်ကြလို.ပေါ့
ဒီနေ.တော့လေ
တစ်ယောက်ကျောပြင်တစ်ယောက်ငေးခွင့်မရ
နှုတ်ဆက်ခွင့်တွေ ဝေးရမယ်ဆိုတာ
ဒီကလည်း သိနေတယ်လေ
ဟိုး.............အဝေးမှာကျန်ခဲ့တဲ့
အကိုယ့် မျက်ဝန်းအိမ်ကလေးထဲမှာ
ရှိုက်သံတချို.တစ်ဝက်နှင့်
နှုတ်ဆက်ခွင့်မရလိုက်တဲ့ ထိန်ချုပ်တွေကြားမှာ
ကံကြမ္မာကို ဒေါသဖြစ်နေလိမ်မယ် ထင်ပါရဲ.
မငိုတော့ပါဘူး
ခွဲရတာခြင်းအတူတူ
အကိုယ့် ရင်ထဲမှာလဲ သောကနဲ.ဆိုတော့ မြင်တက်ခဲ့ရင်
ယုံ ၀မ်းနည်း နေဦးမလား မသိဘူး
ဒီလိုပါပဲ
မာယာ များတဲ့ လောကကြီးမှာ
ယုံ ကိုယ် ဟာ
အသက်ရှိ အရုပ်ကလေးတွေပါ
ယုံကလေး ရေ
မရှိမဖြစ်လိုအပ်နေတဲ့
ခွဲခွါခြင်း သဘောတွေထဲမှာ
မေ့တက်ခြင်း ကို နှလုံးသွင်း
အဲဒီအခါ ယုံ ရွင်လန်းလာမှာပါ
အကိုယ်တော့လေ
သစ်ရွက်ကြွေကလေးတွေမြင်တိုင်း
အရုပ်ကလေးတွေတွေ.တိုင်း
မလွမ်းချင်တဲ့ အကိုယ့်နှလုံးသား
သတိမရချင်တဲ့အကိုယ့်အတိတ်
တဆိတ်လောက် မေ့လို.ရမယ်ဆိုရင်
ယုံ ကလေးရေ
အကိုယ့် ဟာ
ဆုတောင်မပြည့်ခဲ့ပါဘူး
(ဖန်းခါးမြေ) စိုင်းနော်စိုး
No comments:
Post a Comment