ကဗျာတွေထိုင်စပ်
အိပ်ပျက်ခဲ့တဲ့ ညတွေ
နာရီလတ်တံ သံခေါင်ယံမှာ
တစ်ယှက်ယှက်နဲ. ချစ်သူခြေသံယောင်မှားထင်ခဲ့
ချစ်စစ်ချစ်မှန်အဖန်ဖန်လွှဲ
ရင်တစ်ခုလုံး ကွဲကြေသွားအောင်
ကံကြမ္မာက ဖန်တီးခဲပြီး
ရင်ကွဲနာကျ စာရေးသူမှာ
ချစ်သူလာလမ်း နေညိုချိန်ထိ
ထိုင်စောင့်လည်း
ပြုံးစွာကျေနပ် ပျော်နေရသူပါ
နောင်သောအခါ ဒီဘ၀မျိုး
မကြုံရစေသားဟု တောင်းဆုချွေရင်း
ဘုရားဦးချ ခေတ္တအိမ်ပြန်
အိပ်တော့မယ်
HNIN (ဖန်းခါးမြေ)
No comments:
Post a Comment