ကိုယ့်နှလုံးသားထဲက နာကျင်ခြင်းများစွာ
လွမ်းဆွေမှုတို့နှင့်
နေ့ညများထဲက
မျက်ရည်များကို ……
အဖြူရောင်စာမျက်နှာက
သိပါတယ်………ချစ်သူ
။
ငါ့မျက်ရည်များကို
သစ္စာတရားအဖြစ်ပြောင်းလဲ
ကျိန်စာတစ်ခုလို့
ဆိုလိုက်ချင်တယ်…။
ဟိုးးးးးအဝေးကြီးက ချစ်သူရေ
ငါ့ခံစားချက်များက
ကဗျာတစ်ပုဒ်
ကာရံမညီအရေးအသားများနဲ့
မှတ်တမ်းတစ်ခု
စိုက်ထူထားခဲ့တာ
မင်းမြင်နိုင်ရဲ့လားကွယ်……။
ငါ့လေ မင်းအတွက်
အရိပ်တစ်ခု
ထားခဲ့မယ်
အဲဒါ……………
ငါ့ကဗျာများရဲ့ ဝိညာဉ်ပါဘဲ……။
နှုတ်ဆက်ခဲ့တဲ့
မင်းအတွက်
လွမ်းဆွေးခဲ့တဲ့
ငါ့အတွက်
တစ်ချိန်ချိန်မှာ……
နှလုံးသားကဗျာဟာ
မင်းကို
ပြောပြလာလိမ့်မယ်……
ကြွေလွှင့်ခြင်းရဲ့……
ပစ္စုပ္ပန်မှာပေါ့ကွယ်……။
(ဖန်းခါးမြေ)စိုင်းနော်စိုး
No comments:
Post a Comment