Friday, June 14, 2013

ဆုံမှတ်လွဲခဲ့တဲ့ ကဗျာ

ကောင်မလေးရေ......

သက်ပြင်းတွေ အကြိမ်ကြိမ်ချပြီး

မင်းနာမည်ကို အထပ်ထပ်ရေရွတ်နေပေမယ့်

ငါ့အလွမ်းတွေဘယ်လိုမှ

မဖြေနိုင်ပါလားကွာ...

ခါးသီးမှုတွေနဲ့  မလှပခဲ့တဲ့ကောင်းကင်အောက်မှာ

ကောင်မလေးနဲ့ ငါ...

တစ်ဘ၀စာဝေးခဲ့ရတာပေါ့.....

မင်းရှိနေခဲ့တဲ့

နေရာဟောင်းလေးတွေဆီရောက်တိုင်း

ငါ့ရင်ထဲမှာ....သွက်သွက်ခါအောင်လွမ်းခဲ့ရတာ

ဝေးကွာရပြီဆိုပေမဲ့ သူ့ နူတ်ဖျားက

ဆိုနေကျသီချင်းကို

ငါအထပ်ထပ်ရေရွတ်ရင်းက

တိမ်တွေတောင်ပြိုတော့မယ်...

နေ့ နဲ့ ည ဟာဒွန်တွဲနေပေမဲ့ ဘယ်တော့မှ

ထပ်တူမကျသလို

တွေ့ ဆုံးနိုင်ခွင့်မရှိတဲ့ နေမင်းတစင်းနဲ့

လမင်း တစ်စင်းမှာ

မင်းသာ လမင်းလေးဆိုရင်

ငါကတော့ကြယ်ကလေးတစင်းဖြစ်ဖို့ 

ဆုတောင်းနေမိတယ်...ဒါပေမဲ့ ငါ....

ဘယ်တော့မှ မကြွေပါရစေနဲ့ကွာ....

အလွမ်းဆိုတာ အက္ခရာက လှပသလောက်

သစ်ရွက်တွေလိုဝေပြဖို့ ရင်နင့်လှပါတယ်..

ကောင်မလေးရယ်....

ဆုံနိုင်ခွင့်ဆိုတဲ့စကားလုံးလေးကိုသာ

တိတ်တခိုးရေရွတ်ရင်း

အလွမ်းရဲ့လေထုတွေကြားမှာ

ကောင်မလေးရဲ့ရည်သံတွေက

တခစ်ခစ်နဲ့ ငါ ကြားနေရတာပါ..

ကောင်မလေးရယ်!!!!!!!!!!!

                    (ဖန်းခါးမြေ) စိုင်းနော်စိုး

No comments:

Post a Comment