Wednesday, July 31, 2013

မလွယ်ပါဘူး

အဲသည့်နေ့တုန်းကအဆောင်အခန်းကျဉ်းကျဉ်းလေးထဲမှာ ပူလောင်အိုက်စက်စွာနေနေရလိမ့်မယ်လို့ဘယ်လိုလုပ် ကျွန်တော်ထင်ခဲ့မှာလဲ။ပီးတော့တနေကုန်အပြင်ဖက်က စပီကာသံကြီးတွေကို နားစွင့်ပြီး ဆိုင်ကယ် လီဗာသံတွေကိုပဲ နားဆင်နေခဲ့ရတာ။တကယ်ကိုကြကွဲခဲ့ရတဲ့သင်္ကြန်ရက်တစ်ရက်ပါပဲဗျာ။

ကျွန်တော် ဒီအကြောင်းတွေကို ရင်ဖွင့်သင့်လား စဉ်းစားနေတာကိုက ကြာလှပြီ။ ကျွန်တော် ရင်ဖွင့်လိုက်ရင် ကိုယ့်ပေါင်ကိုလှန်ထောင်းသလို ဖြစ်မှာ စိုးရိမ်တယ်။ ပြီးတော့ ဆွမ်းဆန်ထဲ ကြွက်ချေးရောတာကို ဝါးလုံးရှည်နဲ့ သိမ်းပြီး ရမ်းနေတယ်လို့ ထင်သွားကြမှာလည်း ဆိုးတယ်။ ကျွန်တော်ဆိုတဲ့သူကလည်း ကျွန်တော်ပါပဲ။ ကိုယ့်ကိုထိပြီထင်ရင် လုံးဝကို ခံတတ်တာမဟုတ်။ ဆတ်ဆတ်ထိမခံဆိုတာ ကျွန်တော်လို လူမျိုးကိုပြောတာ။ကိုယ့်ကိုကြောတယ်ထင်လို့ကတော့ ပက်ကနဲနေအောငပန်ပြောပစ်လိုက်တာချည်းပဲ။ အဲဒီအကျင့်ဆိုးတွေကြောင့်လည်းနရာတိုင်းမှာ လူတိုင်းနဲ့တည့်တယ်ဆိုတာက ခပ်ရှားရှား။ ဘယ်နေရာမှာမဆို ကျွန်တော်နဲ့ မတည့်တဲ့သူ၊ ကျွန်တော် ကြည့်မရတဲ့သူက ရှိကို ရှိတယ်။ ကျွန်တော်က စာသင်သားဆိုတော့ ဆရာမတွေတစ်ချို့နဲ့  မတည့်ဘူးဆိုတာလည်း သိပ်တော့ ထူးဆန်းမယ် မထင်ပါဘူးလေ။
အခုလည်ကျွန်တော်သင်တန်းမှာဆရာမတစ်ချို့နဲ့ ကတောက်ကဆ ဖြစ်ခဲ့ရတဲ့အကြောင်းလေးကို ပြန်ပြောပြချင်လို့ပါ။
 
                                                   ဖန်းခါးမြေ=စိုင်းနော်စိုး

No comments:

Post a Comment