Wednesday, July 31, 2013

လှည့်စားတဲ့ အချစ်

ရင်ခွင်ချင်း မနီးသရွေ့
နောက်ဆုတ်ပြီး အားယူနေရဦးမှာပဲ
ထာဝရအတွက်ပါလို့
မကြာခဏ ဖွင့်ဟခဲမိကြပေမယ့်
ဘ၀အရေးကွယ်
စိတ်အေးအောင်လို့
ကိုယ်တိုင် အိမ်တွေဆောက်ခဲ့ကြတယ်
နောက်ကွယ်မှ ကျောခိုင်းထွက်ခွာခြင်းလို့
ယူဆလိုက်ပါတော့
ကြင်သူရေ
ကိုယ့်ကိုယ်ကိုလောက်မချစ်တဲ့
ချစ်သူကို ပုံအောချစ်ခဲ့တာပါလို့
ဟစ်အော်သူတိုင်းကို
ဟုတ်သယောင်ယောင်နဲ့
လှည့်စားပြီးကာမှ
ရင်ကွဲပက်လက်အလွမ်းတွေဖွဲ့သီလို့
တကယ်အချစ်ရူးတစ်ယောက်လို
စိတ်မလွတ်လိုက်ပါနဲ့
တကယ်တော့ဖြင့်
ယဉ်ယဉ်လေးထွက်ခွာသွားမယ့်
လှည်းယာဉ်တစ်စီးပါ။။။။။


                  ဖန်းခါးမြေ =စိုင်းနော်စိုး

No comments:

Post a Comment