Thursday, July 4, 2013

လေးခတ်နှောင်ကြိုး


ရင်ထဲက ဝေဒနာကို
ကဗျာ ဖွဲ့ရင်
နာကျင်ခြင်းကို ကြေငြာ
မနေသာအောင်
လေဆာနှောင်ကြိုး နဲ့
တိုးဖွဲ့ချည်နှောင်သူရယ်
သောကလွင်ပြင်ကို
ရင်ခုန်မူရာသီ နှင့်
နာရီပေါင်းများစွာ
ငါဖြတ်သန်းခဲ့ပြီး
အထီးကျန်ဖြစ်ခဲ့ဘူးလို့
စိတ်ကူးလိပ်ပြာ နာကျင်လာတယ်လေ
ကမ္ဘာ့အပြင်ဘက်
ပြေးထွက်ခဲ့ဘူးတာလဲ
အကြိမ်ကြိမ်ပါပဲ
ဒါလဲမရ*****
ငါ့ကိုချူပ်နှောင်ထားဆဲနော်
ကောင်မလေးရယ်******
မင်းရဲ့ လှည့်စာခြင်းကို
ချိုမြိန်စွာ ခံစားလျှက်ပါ
မျှော်လင့်ချက်နဲ့အသက်ရှင်
ရင်ထဲက အသဲကြွေနွမ်း
အလွမ်းရက်စွဲ တစုံတိုး
လေးခတ်နှောင်ကြိုး ခိုင်မာဆဲပါ

ကောင်မလေး***** 


                                  (ဖန်းခါးမြေ)  စိုင်းနော်စိုး

No comments:

Post a Comment