သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။
သတိရတဲ့အခါ မင်းအတွက် ကိုယ့်အိပ်မက်တွေကို
ပန်းချီကားထဲမှာ မှော်ဆန်ဆန် ရေးဆွဲထားမယ်။
သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။
ချစ်ခြင်းမေတ္တာဟာ အဆက်အကြောင်းတွေလိုပဲ
တစ်စနဲ့ တစ်စ ဆက်စပ်ထားရှိတယ်။
အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။

No comments:
Post a Comment