Wednesday, July 31, 2013

တန်ပြန်လင်းလက်ခြင်း

ကောင်မလေး
အသည်းခွဲတတ်တာနဲ့
မင်းဟာ ကျွမ်းကျင်သူတစ်ယောက်မဖြစ်နိုင်သေးဘူး
 ယုံကြည်တဲ့ဓါးတစ်လက်ထက်ဖို့အတွက်
 သွေးခဲ့ ရေးခဲ့တဲ့သမိုင်း
 မိုက်ရိုင်းသွားပြီလို့သာမှတ်ပါ
အတိတ်ဆိုတာ
ကျန်ခဲ့ပေမယ့်
ထမင်းလုံးတစ္ဆေလို
အရိပ်ထိုးလို့ လိုက်ပါစမြဲပါ....
ချစ်တတ်သူဟာ
လုပ်ရဲကိုင်ရဲမှုနည်းပေမယ့်
သံယောဇဉ်တွေ မေတ္တာတွေနဲ့
ဖွဲ့တည်ထားတဲ့ ချစ်ခြင်းတွေပေါင်းစပ်ပြီး
အမြဲတမ်းနေရာပေးခဲ့တယ်
ဒါပေမယ့်
တစ်နေ့မှာ
တကျော့ပြန်
စိတ်ဒဏ်ရာများစွာနဲ့ ကြေကွဲပြီး
ဝဋ် လည်တတ်တယ်ဆိုတာ
ကံအကြောင်း မင်းနားလည်ရင်
သိမှာပါ .......။။။။။



                   
                  ဖန်းခါးမြေ = စိုင်းနော်စိုး

No comments:

Post a Comment