ဒီစာမျက်နှာနဲ့ ဆံ့ပါ့မလား .....?
ဒီစကားလုံးတွေနဲ့ ကဗျာဖွဲ့ရင်ရော
အမေ့မေတ္တာလောက် ရသမြောက်ပါ့မလား ......
....`` ဘယ်ပန်းချီ .. ရေး .....လို့ .. မမီ ....´´ တဲ့
အဲဒီလို သီချင်းသံစဉ် တွေအားလုံးကလည်း
ပုခက်လွှဲရင်း အမေဆိုခဲ့တဲ့ ....အို..အိုး.....အို ...´´ ဆိုတဲ့
(၃)လုံးသော တေးသံလေးထဲက အဓိပ္ဂါယ်တွေလောက်
နက်ရှိုင်းမှုရှိပါ့မလား ....?

ဖန်းခါးမြေ = စိုင်းနော်စိုး
No comments:
Post a Comment