သူ လိုအပ်နေတာက သွေး
အသက်ပေးဖို့ ဝန်မလေးတဲ့ သူ
*ရည်ရွယ်ချက်က မွန်မြတ်တယ်
*ဆုံးဖြတ်ချက်က ပြတ်သားတယ်
ကြွားတာမဟုတ်ဘူး ...
သူနဲ့တွေ့ရင် ခင်များဆိုလည်း *ဖျားမှာပဲ
သူရှင်သန်ခဲ့ရတာ *အဆိပ်ငွေ့တွေထဲ

ရှော့ခ်တိုက်ဖို့ စီမံထားတဲ့ လျှပ်စစ်တွေကြားက -
နောက်လူတွေအတွက် အသက်စွန့်ပြီး ရောက်လာခဲ့ရှာသူ
သူ ကျွန်တော့်ဆီ ရောက်လာတဲ့အချိန်မှာ -
ကျွန်တော် မသိဟန်ဆောင်နေခဲ့ပါတယ် ...
သူ *ပြန်သွားတော့မှ ယားနေတဲ့လက်ကို ကုတ်ဖဲ့ရင်း နှုတ်ဆက်လိုက်မိတယ် ...
ဖန်းခါးမြေ = စိုင်းနော်စိုး
No comments:
Post a Comment