ဝင်သက် ထွက်သက်နဲ့ ချွေးစက်တွေကိုရောမွှေပြီး
သောက်ရေတစ်ခွက်အဖြစ်ပေးဆပ်ခဲ့တယ် ..... ။
သူ ...
အိပ်စက်ခြင်းနဲ့ အိပ်မက်တွေကိုဆေးဆိုးပြီး
အလင်းရောင်အဖြစ် ရောင်းစားခဲ့တယ် ..... ။
သူ ...
ရေးချင်တာက ကဗျာတစ်ပုဒ်
စာရွက်ပေါ်မှာဗလာတွေသာ အဆုပ်လိုက် အခိုင်လိုက်ပွင့်ခဲ့ရ .....။
သူ ...
ဖမ်းဆုပ်ထားချင်တာက ချစ်သူလက်ကလေး
အတွေးထဲတောင် ဖုန်းမဆက်ဖြစ်ခဲ့ပါဘူး -
(- ဟူး .... )
အဝေးရောက်နေတဲ့ လူဆိုး လူမိုက်ဟာ
တစ်ဘူတာဆိုက်တိုင်း အမေ့အိမ်ကိုပြန်ချင်လည်း
ဆန့်ကျင်ဘက်အရပ်ဆီ လက်မှတ်ဝယ်ရဦးမယ် ..... ။ ။

ဖန်းခါးမြေ = စိုင်းနော်စိုး
No comments:
Post a Comment