Thursday, July 4, 2013

နားလည်စမ်းပါမိန်းကလေး


ရွှေပေါ်ကျောက်ထပ် အရောင်ဟပ်မှ
သင့်မြတ် ဘဝင် မင်းစိတ်ထင်လည်း
ရင်ခွင်ပေါင်းများစွာနားခိုဝင်ပြီး
သဲစား ဘီလူး မာယာကျူးကာ
ကြည်နူးအပြုံး ခဏ သုံးသော်
အရူံး ဘဝ မင်းရောက်မယ်
လောကပြစ်တင်ရှုံချ ချင်က
မျက်မြင် ခဏ တင်္ဂမှာ
နောင်တဆိုမင်း ရခဲ့လျှင်
ရမည့်နောင်တ မင်းဘဝကို
အလှဆင်သော် လှချင်လှမည်
ပတ်ဝန်ကျင်စကား မင်းသိထားအောင်
အမှားဝေဖန် အမှန်တင်ပြ
ဤလောက၏ ပြောစမှတ်ကို
ကြပ်ကြပ် နားလည်ထားပေါ့ကွာ**** 


                                          (ဖန်းခါးမြေ) စိုင်းနော်စိုး

No comments:

Post a Comment